“တ႐ုတ္မွာ ငလ်င္လႈပ္မႈေၾကာင့္ လူ ၁၂ ဦးထက္မနည္း ေသဆုံးၿပီး ၁၂၅ ဦး ဒဏ္ရာရ”




တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပိုင္း စီခၽြမ္ျပည္နယ္မွာ အင္အားျပင္းထန္တဲ့ ငလ်င္တစ္ခုလႈပ္ခတ္မႈေၾကာင့္ လူ ၁၂ ဦးထက္မနည္း ေသဆုံးၿပီ ၁၂၅ ဦး ဒဏ္ရာရခဲ့ေၾကာင္း အာဏာပုိင္ေတြနဲ႕ အစိုးရသတင္းဌာနက ေျပာပါတယ္။


ငလ်င္ဟာ ယမန္ေန႕ (ဇြန္ ၁၇ ရက္) ေဒသစံေတာ္ခ်ိန္ ည ၁၀ နာရီ ၅၅ မိနစ္ခန္႕က ေျမေအာက္အနက္ ၁၀ မုိင္နီးပါးမွာ ဗဟိုျပဳလႈပ္ခတ္သြားေၾကာင္း China Earthquake Networks Centre က ေျပာပါတယ္။ ငလ်င္ ဗဟုိျပဳလႈပ္ခတ္သြားတဲ့ စီခၽြမ္ျပည္နယ္ ယီဘင္ၿမဳိ႕အျပင္ဘက္ေနရာကုိ ကယ္ဆယ္ေရးသမားမ်ား အလ်င္အျမန္ သြားေရာက္ေနခဲ့ၾကေၾကာင္း Xinhua သတင္းက ေဖာ္ျပပါတယ္။

ငလ်င္ရဲ႕ျပင္းအားဟာ ရစ္ခ်္တာစေကး ၅.၈ အဆင့္ျဖစ္ေၾကာင္း US Geological Survey ဝက္ဘ္ဆုိက္က ထုတ္ျပန္ထားပါတယ္။ တ႐ုတ္ငလ်င္ဆုိင္ရာဌာနကေတာ့ ငလ်င္ရဲ႕ျပင္းအားဟာ ရစ္ခ်္တာစေကး ၆.၀ ျဖစ္တယ္လို႕ ေျပာထားပါတယ္။ အဆုိပါ ငလ်င္လႈပ္ခတ္ၿပီးေနာက္ မိနစ္ ၄၀ အတြင္း အင္အားအျပင္းထန္ဆုံးအျဖစ္ ရစ္ခ်္တာစေကး ၅.၁ အဆင့္႐ွိ ငလ်င္အပါအဝင္ ေနာက္ဆက္တြဲငလ်င္ ေလးခုထက္မနည္း လႈပ္ခတ္ခဲ့ေၾကာင္းလည္း သိရပါတယ္။



စီခၽြမ္ျပည္နယ္အတြင္း Changning နဲ႕ Gongxian ေဒသေတြမွာ ေသဆုံးဒဏ္ရာရမႈေတြ ျဖစ္ခဲ့ေၾကာင္း ေဒသဆုိင္ရာ အာဏာပုိင္ေတြနဲ႕ Xinhua သတင္းက ေျပာပါတယ္။ ငလ်င္ဗဟိုခ်က္အနီး႐ွိ ဟုိတယ္တစ္လုံး ၿပဳိက်ခဲ့ေပမဲ့ ေသဆုံးဒဏ္ရာရသူ႐ွိ မ႐ွိ အတိအက် မသိရေသးပါဘူး။ ငလ်င္လႈပ္ခတ္ခဲ့ရာ ေဒသတြင္း႐ွိ အျမန္လမ္းမ်ား အက္ကြဲေၾကာင္းျဖစ္ေပၚခဲ့တယ္လုိ႕ ဆုိပါတယ္။

ငလ်င္ဗဟိုျပဳလႈပ္ခတ္ခဲ့တဲ့ ေနရာသုိ႕ မီးသတ္သမား ၃၀၀ ကို ေစလႊတ္ခဲ့ၿပီး ယာယီတဲ့ ၅,၀၀၀၊ ေခါက္ကုတင္ ၁၀,၀၀၀ နဲ႕ အျခား အေရးေပၚ ေထာက္ပံ့ေရးပစၥည္းမ်ားကုိလည္း ကယ္ဆယ္ေရးသမားေတြနဲ႕အတူ ပုိ႕ေဆာင္ထားေၾကာင္း Xinhua က ေဖာ္ျပပါတယ္။



စီခၽြမ္ျပည္နယ္မွာ ငလ်င္လႈပ္မႈေတြ ပုံမွန္ႀကဳံရေလ့႐ွိၿပီး ၂၀၀၈ ခုႏွစ္အတြင္း လႈပ္ခတ္ခဲ့တဲ့ ရစ္ခ်္တာစေကး ၇.၉ အဆင့္႐ွိ အင္အားအလြန္ျပင္းထန္တဲ့ ငလ်င္ႀကီးေၾကာင့္ လူေပါင္း ၈၇,၀၀၀ ေသဆုံး သုိ႕မဟုတ္ ေပ်ာက္ဆုံးစာရင္းဝင္ခဲ့ေၾကာင္း သိရပါတယ္။ ယခုႏွစ္ ေဖေဖၚဝါရီလအတြင္းကလည္း စီခၽြမ္ျပည္နယ္ Rongxian ေဒသမွာ ငလ်င္သုံးခု လႈပ္ခတ္ခဲ့ၿပီး လူႏွစ္ဦး ေသဆုံးကာ အျခား ၁၂ ဦး ဒဏ္ရာရခဲ့ပါတယ္။

ထုိငလ်င္သုံးခု လႈပ္ခတ္မႈဟာ ဂက္စ္တူးေဖာ္ေရးလုပ္ငန္း လုပ္ေဆာင္မႈေၾကာင့္ျဖစ္ေၾကာင္း ေဒသခံေတြက အျပစ္တင္ခဲ့ၿပီး လူဦးေရ ေထာင္နဲ႕ခ်ီပါဝင္တဲ့ ကန္႕ကြက္ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ပါတယ္။ ထုိ႕ေနာက္မွာေတာ့ ေဒသဆုိင္ရာ အာဏာပုိင္ေတြက ဂက္စ္တူးေဖာ္ေရးလုပ္ငန္းကုိ ရပ္ဆုိင္းခဲ့ေၾကာင္း AFP သတင္းက ေဖာ္ျပထားပါတယ္။

Credit: Duwun

Unicode Version

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးပြီ ၁၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေနဲ့ အစိုးရသတင်းဌာနက ပြောပါတယ်။
ငလျင်ဟာ ယမန်နေ့ (ဇွန် ၁၇ ရက်) ဒေသစံတော်ချိန် ည ၁၀ နာရီ ၅၅ မိနစ်ခန့်က မြေအောက်အနက် ၁၀ မိုင်နီးပါးမှာ ဗဟိုပြုလှုပ်ခတ်သွားကြောင်း China Earthquake Networks Centre က ပြောပါတယ်။ ငလျင် ဗဟိုပြုလှုပ်ခတ်သွားတဲ့ စီချွမ်ပြည်နယ် ယီဘင်မြို့အပြင်ဘက်နေရာကို ကယ်ဆယ်ရေးသမားများ အလျင်အမြန် သွားရောက်နေခဲ့ကြကြောင်း Xinhua သတင်းက ဖော်ပြပါတယ်။

ငလျင်ရဲ့ပြင်းအားဟာ ရစ်ချ်တာစကေး ၅.၈ အဆင့်ဖြစ်ကြောင်း US Geological Survey ဝက်ဘ်ဆိုက်က ထုတ်ပြန်ထားပါတယ်။ တရုတ်ငလျင်ဆိုင်ရာဌာနကတော့ ငလျင်ရဲ့ပြင်းအားဟာ ရစ်ချ်တာစကေး ၆.၀ ဖြစ်တယ်လို့ ပြောထားပါတယ်။ အဆိုပါ ငလျင်လှုပ်ခတ်ပြီးနောက် မိနစ် ၄၀ အတွင်း အင်အားအပြင်းထန်ဆုံးအဖြစ် ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိ ငလျင်အပါအဝင် နောက်ဆက်တွဲငလျင် လေးခုထက်မနည်း လှုပ်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။
စီချွမ်ပြည်နယ်အတွင်း Changning နဲ့ Gongxian ဒေသတွေမှာ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ Xinhua သတင်းက ပြောပါတယ်။ ငလျင်ဗဟိုချက်အနီးရှိ ဟိုတယ်တစ်လုံး ပြိုကျခဲ့ပေမဲ့ သေဆုံးဒဏ်ရာရသူရှိ မရှိ အတိအကျ မသိရသေးပါဘူး။ ငလျင်လှုပ်ခတ်ခဲ့ရာ ဒေသတွင်းရှိ အမြန်လမ်းများ အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ နေရာသို့ မီးသတ်သမား ၃၀၀ ကို စေလွှတ်ခဲ့ပြီး ယာယီတဲ့ ၅,၀၀၀၊ ခေါက်ကုတင် ၁၀,၀၀၀ နဲ့ အခြား အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ကယ်ဆယ်ရေးသမားတွေနဲ့အတူ ပို့ဆောင်ထားကြောင်း Xinhua က ဖော်ပြပါတယ်။

စီချွမ်ပြည်နယ်မှာ ငလျင်လှုပ်မှုတွေ ပုံမှန်ကြုံရလေ့ရှိပြီး ၂၀၀၈ ခုနှစ်အတွင်း လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၉ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြီးကြောင့် လူပေါင်း ၈၇,၀၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးစာရင်းဝင်ခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း စီချွမ်ပြည်နယ် Rongxian ဒေသမှာ ငလျင်သုံးခု လှုပ်ခတ်ခဲ့ပြီး လူနှစ်ဦး သေဆုံးကာ အခြား ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ထိုငလျင်သုံးခု လှုပ်ခတ်မှုဟာ ဂက်စ်တူးဖော်ရေးလုပ်ငန်း လုပ်ဆောင်မှုကြောင့်ဖြစ်ကြောင်း ဒေသခံတွေက အပြစ်တင်ခဲ့ပြီး လူဦးရေ ထောင်နဲ့ချီပါဝင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဂက်စ်တူးဖော်ရေးလုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း AFP သတင်းက ဖော်ပြထားပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget