“ေရေအာက္ေလွာင္ခ်ိဳင့္ထဲကေန လြတ္ေျမာက္ရန္ ႀကိဳးစားျပတဲ့ လူစြန္႔စား ေပ်ာက္ဆုံး”




အႏၵိယနိုင္ငံမွ လူစြန႔္စား(စတန႔္) တစ္ဦးက လက္ထိပ္ခတ္ခံထားရလၽွက္ ထြက္ေပါက္မရွိ အေသပိတ္ထားတဲ့ လူတစ္ကိုယ္စာ သံေလွာင္အိမ္ထဲဝင္ၿပီး ဂဂၤါျမစ္ထဲ ႏွစ္ခိုင္းထားကာ လြတ္ေျမာက္ရန္ ႀကိဳးပမ္းျပစဥ္ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားခဲ့ပါတယ္။


Wizard Madrake လို႔ လူသိမ်ားတဲ့ စတန႔္သမားက ဇြန္လ ၁၆ ရက္ တနဂၤေႏြေန႔က သူရဲ့မိသားစုေဆြမ်ိဳးမ်ား၊ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕၊ ရဲမ်ားနဲ႔ အရိသတ္မ်ား ေရွ႕ေမွာက္မွာ သံေလွာင္အိမ္ထဲဝင္ၿပီး ကရိန္းကားနဲ႔ မခ်ီကာ သံေလွာင္အိမ္ကို တံတားေပၚကေန၍ ဂဂၤါျမစ္ထဲကို ႀကိဳးနဲ႔ ခ်ခိုင္းခဲ့ပါတယ္။

ျမစ္ထဲခ်ကာနီးမွာ အားလုံးကို သူက “ကၽြန္ေတာ္လြတ္ေအာင္ ျပန္ထြက္လာနိုင္ရင္ေတာ့ မ်က္လွည့္ပဲ၊ ထြက္မလာနိုင္ရင္ေတာ့ ဝမ္းနည္းစရာအျဖစ္ဆိုပါပဲ” လို႔ ေနာက္ဆုံးစကားတစ္ခြန္း ေျပာၾကားခဲ့ပါတယ္။


၂၀၀၂ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က အလားတူ စြန႔္စားမႈလုပ္စဥ္က… သူဟာ ၂၀၁၃ ခုႏွစ္ကလည္း ဒီေနရာမွာပဲ အလားတူ စတန႔္မ်ိဳးလုပ္ျပခဲ့လို႔ လူေတြၾကားမွာ အျငင္းပြားမွုေတြ ျဖစ္ခဲ့ပါေသးတယ္။


ဒီတစ္ႀကိမ္မွာေတာ့ ေရထဲကို ေလွာင္အိမ္ခ်လိုက္ၿပီး သိပ္မၾကာခင္ ေလွာင္အိမ္ကို ျပန္ဆြဲတင္လိုက္တဲ့အခါ ေလွာင္အိမ္ထဲမွာ မရွိေတာ့ပါဘူး။ ၾကည့္ေနတဲ့ လူအခ်ိဳ႕က သူေလွာင္အိမ္ထဲကေန လြတ္ထြက္သြားတာ ျမင္လိုက္တယ္လို႔ ေျပာၾကေပမယ့္ ဂဂၤါျမစ္ထဲကေန ျပန္မေပၚလာတဲ့အတြက္ ကယ္ဆယ္ေရးအဖြဲ႕က ေရထဲဆင္းရွာခဲ့ၾကပါတယ္၊ ဒါေပမယ့္ အခုခ်ိန္ထိ ျပန္ရွာမေတြ႕ေသးေၾကာင္း သိရပါတယ္။ ရဲအဖြဲ႕ကေတာ့ သူ႔ကို ဆက္လက္ ရွာေဖြေနဆဲျဖစ္ပါတယ္။

credit – popolay

Unicode Version

အန္ဒိယနိုင်ငံမှ လူစွန့်စား(စတန့်) တစ်ဦးက လက်ထိပ်ခတ်ခံထားရလျှက် ထွက်ပေါက်မရှိ အသေပိတ်ထားတဲ့ လူတစ်ကိုယ်စာ သံလှောင်အိမ်ထဲဝင်ပြီး ဂင်္ဂါမြစ်ထဲ နှစ်ခိုင်းထားကာ လွတ်မြောက်ရန် ကြိုးပမ်းပြစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။
Wizard Madrake လို့ လူသိများတဲ့ စတန့်သမားက ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့က သူရဲ့မိသားစုဆွေမျိုးများ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရဲများနဲ့ အရိသတ်များ ရှေ့မှောက်မှာ သံလှောင်အိမ်ထဲဝင်ပြီး ကရိန်းကားနဲ့ မချီကာ သံလှောင်အိမ်ကို တံတားပေါ်ကနေ၍ ဂင်္ဂါမြစ်ထဲကို ကြိုးနဲ့ ချခိုင်းခဲ့ပါတယ်။

မြစ်ထဲချကာနီးမှာ အားလုံးကို သူက “ကျွန်တော်လွတ်အောင် ပြန်ထွက်လာနိုင်ရင်တော့ မျက်လှည့်ပဲ၊ ထွက်မလာနိုင်ရင်တော့ ဝမ်းနည်းစရာအဖြစ်ဆိုပါပဲ” လို့ နောက်ဆုံးစကားတစ်ခွန်း ပြောကြားခဲ့ပါတယ်။
၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က အလားတူ စွန့်စားမှုလုပ်စဉ်က… သူဟာ ၂၀၁၃ ခုနှစ်ကလည်း ဒီနေရာမှာပဲ အလားတူ စတန့်မျိုးလုပ်ပြခဲ့လို့ လူတွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
ဒီတစ်ကြိမ်မှာတော့ ရေထဲကို လှောင်အိမ်ချလိုက်ပြီး သိပ်မကြာခင် လှောင်အိမ်ကို ပြန်ဆွဲတင်လိုက်တဲ့အခါ လှောင်အိမ်ထဲမှာ မရှိတော့ပါဘူး။ ကြည့်နေတဲ့ လူအချို့က သူလှောင်အိမ်ထဲကနေ လွတ်ထွက်သွားတာ မြင်လိုက်တယ်လို့ ပြောကြပေမယ့် ဂင်္ဂါမြစ်ထဲကနေ ပြန်မပေါ်လာတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့က ရေထဲဆင်းရှာခဲ့ကြပါတယ်၊ ဒါပေမယ့် အခုချိန်ထိ ပြန်ရှာမတွေ့သေးကြောင်း သိရပါတယ်။ ရဲအဖွဲ့ကတော့ သူ့ကို ဆက်လက် ရှာဖွေနေဆဲဖြစ်ပါတယ်။

credit – popolay


Recent Updates

Recent Posts Widget