ဖ်ားေနတဲ့ …သမီးေလးကို ၾကည့္ၿပီး… စိတ္မေကာင္းျဖစ္ေနတဲ့… မင္းရာဇာ
[Zawgyi Version]
မင္းရာဇာက သမီးေလး ေနမေကာင္းလို႕ အနားမွာ ျပဳစုေစာင့္ေရွာက္ေပးေနတာ ေတြ႕ရပါတယ္။ အခုခ်ိန္မွာ ကေလးေတြကို ဂရုစိုက္ဖို႕ကိုလည္း မွာထားပါေသးတယ္။
Photo : မင္းရာဇာ
မင္း ရာ ဇာရဲ႕ သမီးႀကီးေလးက ရာသီဥတုအေျပာင္းအလဲေၾကာင့္ ေနမေကာင္း ျဖစ္ေနတယ္လို႕ သိရပါတယ္။ေနမေကာင္းတဲ့ သမီးေလးကိုၾကည့္ၿပီး မင္းရာဇာတစ္ေယာက္ စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။ ဒါ့အျပင္ ကေလးရိွတဲ့ သူ႕ရဲ႕ မိတ္ေဆြ အေပါင္းအသင္းေတြကိုလည္း ကေလးေတြကို ဂရုစိုက္ဖို႕ မွာထားပါေသးတယ္။
“သမီးေလးျမန္ျမန္ေနေကာင္းပါေစ။ ခေလးေတြကိုဂ႐ုစိုက္ၾကပါ ရာသီအေျပာင္းလဲမွာအျဖစ္မ်ားတာတဲ့ မသိရင္ေသြးလြန္တုတ္ေကြးနဲ႔ဆင္တယ္ ျဖစ္ရင္ေဆး႐ံုကိုသာအျမန္သြားပါ” ဆုိၿပီး ဇြန္လ(၈) ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးထားပါတယ္။
Photo : မင္းရာဇာ
မင္း ရာ ဇာကေတာ့ ေနမေကာင္းတဲ့သမီးေလးေဘးနား ေနၿပီး အေဖာ္လုပ္ေပးေနရွာပါတယ္။ သူ႕ရဲ႕ ပရိသတ္ေတြသူငယ္ခ်င္းေတြကလည္း သမီးေလး ျမန္ျမန္ေနေကာင္းဖို႕ ဆုေတာင္းေပးထားၾကတာေတြ႕ရပါတယ္။မင္းရာဇာဟာ သမီးတစ္ေယာက္နဲ႕ သားတစ္ေယာက္ ပိုင္ဆိုင္ထားတဲ့ အႏုပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။ သမီးႀကီးေလးနာမည္က သစ္သစ္မင္းရာဇာလို႕ ေပးထားတာေတြ႕ရပါတယ္။ သားေလးကိုေတာ့ ၂၀၁၉ခုႏွစ္၊ မတ္လ(၁၉) ရက္ေန႕က ေမြးခဲ့တာ ျဖစ္ၿပီး သားေလးကိုေတာ့ နာမည္မေပးရေသးဘူးလို႕ ဆုိပါတယ္။
Photo : မင္းရာဇာ
အက္ ရွင္ ဇာတ္ကားေတြနဲ႔ ပရိသတ္အားေပးမႈ အမ်ားႀကီးရရွိခ့ဲတဲ့ မင္းရာဇာဟာ အႏုပညာသက္တမ္း ႏွစ္မ်ားစြာ ၾကာေနၿပီျဖစ္ပါတယ္။ သူ႔ အေနနဲ႔ အခုခ်ိန္ထိလည္း ပရိသတ္အခုိင္အမာရရွိၿပီးသား အႏုပညာရွင္တစ္ေယာက္ပါ။ မင္းရာဇာကုိေတာ့ ရန္ကုန္ပရိသတ္ ေတြထက္ နယ္ပရိသတ္က ပုိၿပီး ခ်စ္ခင္အားေပးတာကုိလည္း ေတြ႔ရပါတယ္။
Credit-Duwun
[Unicode Version]
မင်းရာဇာက သမီးလေး နေမကောင်းလို့ အနားမှာ ပြုစုစောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။ အခုချိန်မှာ ကလေးတွေကို ဂရုစိုက်ဖို့ကိုလည်း မှာထားပါသေးတယ်။
Photo : မင်းရာဇာ
မင်း ရာ ဇာရဲ့ သမီးကြီးလေးက ရာသီဥတုအပြောင်းအလဲကြောင့် နေမကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။နေမကောင်းတဲ့ သမီးလေးကိုကြည့်ပြီး မင်းရာဇာတစ်ယောက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါ့အပြင် ကလေးရှိတဲ့ သူ့ရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း ကလေးတွေကို ဂရုစိုက်ဖို့ မှာထားပါသေးတယ်။
“သမီးလေးမြန်မြန်နေကောင်းပါစေ။ ခလေးတွေကိုဂရုစိုက်ကြပါ ရာသီအပြောင်းလဲမှာအဖြစ်များတာတဲ့ မသိရင်သွေးလွန်တုတ်ကွေးနဲ့ဆင်တယ် ဖြစ်ရင်ဆေးရုံကိုသာအမြန်သွားပါ” ဆိုပြီး ဇွန်လ(၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။
Photo : မင်းရာဇာ
မင်းရာဇာကတော့ နေမကောင်းတဲ့သမီးလေးဘေးနား နေပြီး အဖော်လုပ်ပေးနေရှာပါတယ်။ သူ့ရဲ့ ပရိသတ်တွေသူငယ်ချင်းတွေကလည်း သမီးလေး မြန်မြန်နေကောင်းဖို့ ဆုတောင်းပေးထားကြတာတွေ့ရပါတယ်။မင်းရာဇာဟာ သမီးတစ်ယောက်နဲ့ သားတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သမီးကြီးလေးနာမည်က သစ်သစ်မင်းရာဇာလို့ ပေးထားတာတွေ့ရပါတယ်။ သားလေးကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ(၁၉) ရက်နေ့က မွေးခဲ့တာ ဖြစ်ပြီး သားလေးကိုတော့ နာမည်မပေးရသေးဘူးလို့ ဆိုပါတယ်။
Photo : မင်းရာဇာ
အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ မင်းရာဇာဟာ အနုပညာသက်တမ်း နှစ်များစွာ ကြာနေပြီဖြစ်ပါတယ်။ သူ့ အနေနဲ့ အခုချိန်ထိလည်း ပရိသတ်အခိုင်အမာရရှိပြီးသား အနုပညာရှင်တစ်ယောက်ပါ။ မင်းရာဇာကိုတော့ ရန်ကုန်ပရိသတ် တွေထက် နယ်ပရိသတ်က ပိုပြီး ချစ်ခင်အားပေးတာကိုလည်း တွေ့ရပါတယ်။
Credit- Duwun




