ဟိမ၀ႏၱာေတာင္တန္းနဲ႔ဘဂၤလားပင္လယ္ေအာ္ၾကားကျမန္မာျပည္မွာပဲေတြ႕နိုင္ေသာ ျမိဳ႕





ၿမိဳ႕​ေပၚ(၃)ရပ္​ကြက္​နဲ႔ သူမတူတဲ့ၿမိဳ႕ ရခိုင္​ျပည္​ရဲ႕​ေတာင္​ဘက္​အစြန္​ဆုံး နာမည္​တစ္​လုံးတည္​းၿမိဳ႕ ​ေတာမက ၿမိဳ႕မက်နဲ႔ ဂြတိဂြက်ႏိုင္​တဲ့ၿမိဳ႕။ၿမိဳ႕ကို ​ေတာင္​တန္​း​ေတြနဲ႔ ကာရန္​ၿပီး ပင္​လယ္​နဲ႔ အနားသတ္​ထားတယ္​။ ပင္​လယ္​ဟာ ၿမိဳ႕ရဲ႕အသက္​​ေသြး​ေၾကာျဖစ္​ၿပီး ေတာင္​တန္​းဟာ ၿမိဳ႕ရဲ႕ ​ေအာက္​စီဂ်င္​ျဖစ္​တယ္​။

ဖူး​ေမ်ွာ္​ျကည္​ညိဳစရာ​ေစတီ မ်ားမ်ားစားစားမ႐ွိဘူး ၿမိဳရဲ႕ဂုဏ္​​ေဆာင္​ သိမ္​ကုန္​း​ေစတီဟာ ျပယုဂ္​ပဲ ​ေစတီနည္​း​ေပမယ္​့ တရားပြဲက မနည္​းခဲ့ဘူး ​ေခတ္​ပညာတတ္​ ​ေပါ​ေပါမ်ားမ်ားထြက္​​ေပမယ္​့အထက္​တန္​း​ေက်ာင္​း တစ္​​ေက်ာင္​းသာ႐ွိတဲ့ၿမိဳ႕။



​ေက်ာင္​း​ေတာ္​ႀကီးဟာ အ​ေဖာ္​မဲ့ခ်င္​​ေပမယ္​့ ​ေက်ာင္​းသား​ေဟာင္​း​ေတြရဲ႕ အာစရိယပူ​ေဇာ္​ပြဲ​ေၾကာင္​့ ႏွစ္​တိုင္​း အ​ေဖာ္​မမဲ့ခဲ့ဘူး။

​ေက်ာင္​းသား​ေဟာင္​း​ေတြရဲ႕ ဒစ္​စကိုျမဴးဇစ္​ဟာ အသက္​(၈၀)​ေက်ာ္​ ​ေက်ာင္​း​ေတာ္​ႀကီးကိုႏုပ်ိဳ​ေစတယ္​။



ၿမိဳ႕မွာ ဆက္​သြယ္​​ေရးတာဝါတိုင္​​ အကုန္​ ႐ွိတယ္​ CDMA ၊MPT၊Telenor၊Orredoo နဲ႔ Mytel အစုံ႐ွိတယ္။​ ဆက္​သြယ္​​ေရး​ေတြ မ​ေကာင္​းခင္​က ဆက္​ဆံ​ေရး​ေတြ ​ေကာင္​းခဲ့ၾကတယ္​ ဆက္​သြယ္​​ေရး​ေကာင္​းလာ​ေတာ့ ဆက္​ဆံ​ေရးဟာ အုန္​းလက္​ဆန္​လာတယ္​ က်ိဳးတိုးက်ဲတဲ။

သူ​ေဌးအစ သူ​ေတာင္​းစားအဆုံး ဖုန္​းကိုင္​ႏိုင္​တဲ့အခါ ​ေဘာ္​ဒါ​ေဘာ္​ကြၽတ္​​ေတြရဲ႕ လက္​ဖက္​ရည္​ဝိုင္​းဟာ အရင္​လို မစို​ေျပ​ေတာ့ ငုံ႔လ်က္​ကိုယ္​စီသာ အလုပ္​​ေတြ႐ႈပ္​ၾက​ေတာ့တယ္​။



ဂြ႐ိုးလမ္​းဟာ မတ္​​ေစာက္​​ေကြ႕​ေကာက္​သ​ေလာက္​ ၿမိဳ႕သူၿမိဳ႕သား​ေတြရဲ႕စိတ္​ထားဟာ ​ေျဖာင္​့စင္​းတယ္​။ ​ေရ​ေပၚဆီ လကၡဏာ​ေတြကို စိတ္​မဝင္​စားဘူး
တစ္​​ေယာက္​နဲ႔တစ္​​ေယာက္​ၾကားမွာ ဆက္​ဆံ​ေရးဟာ ဒဲ့ျဖစ္​တယ္​ ဒဲ့​ေျပာတယ္​ ဒဲ့႐ွင္​းတယ္​။

ၿမိဳ႕သူၿမိဳ႕သား​ေတြဟာ စကားႂကြယ္​တယ္​ စကားအရာမွာ လွ​ေတာသားၿပီးရင္​ ဂြသားလို႔​ေတာင္​ဆိုရမယ္​ အစအ​ေနာက္​သန္​ၾကတယ္​ စိတ္​ဆိုးတယ္​ဆိုတဲ့ စကားလုံးဟာ ဂြမွာအရာမထင္​ဘူး။



စည္​း႐ုံး​ေရး​ေတြ ​ေကာင္​းသ​ေလာက္​ စည္​းလံုး​ေရး​ေတြ မ​ေကာင္​းခဲ့တာလည္​း႐ွိတယ္​ ​ေသြးထိုးတာ႐ွိသလို ​ေသြးဆိုးတာလည္​း ႐ွိခဲ့တယ္​။ အပ္​က်တာ​ေတာင္​ သိတဲ့ၿမိဳ႕ဆို​ေတာ့ မ​ေကာင္​းတာဆိုးတာ ၾကာ႐ွည္​မခံဘူး။

​ေဆး႐ုံ႐ွိတယ္​ ရဲစခန္​း႐ွိတယ္​ တရား႐ုံး႐ွိတယ္​ ဘဏ္​႐ွိတယ္​ သစ္​​ေတာ႐ုံး႐ွိတယ္​ အားလုံးနီးပါး႐ွိတယ္​ တရားဥပ​ေဒစိုးမိုးမႈက ထင္​သ​ေလာက္​မ႐ွိ​ေပမယ္​့ ရာဇဝတ္​မႈ အကင္​း႐ွင္​းဆုံးၿမိဳ႕လို႔ ဆိုရမယ္​ ခုထိ ၿမိဳ႕ဟာၿမိဳ႕လို မ​ေနတတ္​ မထိုင္​တတ္​ဘူး သူ႔အလွ သူ႔ဘဝ ပါးကြက္​ၾကား​ေရၾကဲနဲ႔ ​ေက်းလက္​အထာမွာ ျမန္​မာဆန္​​ေနတဲ့ ရင္​ဘတ္​ထဲကၿမိဳ႕ ၊ဂြတိဂြက်တဲ့ ဂြၿမိဳ႕။

ရခိုင္ျပည္နယ္၏ ေတာင္ဘက္အစြန္းဆံုးၿမိဳ႕ ဧရာ၀တီတိုင္းႏွင့္ ရခိုင္ျပည္နယ္ နယ္စပ္ၿမိဳ႕လည္း ျဖစ္သည္။ ရခိုင္ကမ္းရိုးတန္းေဒသ ဘဂၤလားပင္လယ္ေအာ္ႀကီး၏ ေဘးတြင္တည္ရွိသည္။ ဟိမ၀ႏၱာေတာင္တန္း၏ သြယ္လွ်ေသးငယ္ေသာ ေတာင္စဥ္တစ္ခုျဖစ္သည့္ ရခိုင္ရိုးမေတာင္တန္းႀကီးအေနျဖင့္ ဂြၿမိဳ႕၏ အေရွ႕ဘက္ေတာင္စဥ္ေတာင္တန္း အေနျဖင့္တည္ရွိၿပီး ရခိုင္ကမ္းရိုးတန္းတစ္ေလွ်ာက္ ေတာင္စဥ္ေတာင္တန္းအျဖစ္ ျဖစ္ေပၚတည္ရွိသြားသည္။



ဂြၿမိဳ႕သို႔ ရန္ကုန္မွ ေမာ္ေတာ္ကားျဖင့္ ကုန္းလမ္းအတိုင္း သြာနိုင္သည္။ ရန္ကုန္ၿမိဳ႕မွ (၁၅၇)မိုင္ ကြာေ၀းသည္။ ရန္ကုန္ၿမိဳ႕မွ ေလေၾကာင္းလိုင္းျဖင့္ သံတြဲၿမိဳ႕သို႔ သြားေရာက္ၿပီး သံတြဲၿမိဳ႕မွ ဂြၿမိဳ႕သို႕ ကုန္းလမ္းခရီးေမာေတာ္ကားျဖင့္ သြားႏိုင္သည္။ သံတြဲၿမိဳ႕မွ ဂြၿမိဳ႕သို႔ (၈၅)မိုင္ကြာေ၀းသည္။

တည္းခိုစရာ အဆင့္ျမင့္တည္းခိုခန္းမ်ားလည္း ရွိပါသည္။ စားေသာက္စရာ သန္႔ရွင္းသက္ ရက္ေသာ စားေသာက္ဆိုင္မ်ားလည္း ရွိပါသည္။ ပင္လယ္ကမ္းေျခနားတြင္ တည္ရွိေသာေၾကာင့္ သန္႔ရွင္းလတ္ဆက္ေသာ ပင္လယ္အစားအစာမ်ား၊ ရခိုင္ရိုးမေတာင္တန္းႀကီးကို အေျချပဳ၍ စိုက္ပ်ိဳး ထားေသာ ဓါတုပစၥည္းမွ်လံုး၀မပါ၀င္ေသာ သဘာ၀အစာစာ၊ အသီးအရြက္ ( Organic Food ) မ်ားကို လည္းစားသံုးနိုင္ပါသည္။

ဆက္သြယ္ေရးအေနျဖင့္ MPT, Orredoo, Telenor ဆက္သြယ္ေရးကြန္ယက္မ်ားျဖင့္ အသံုး ျပဳႏိုင္သည္။ အင္တာနက္လိုင္းအားေကာင္းပါသည္။ လွ်ပ္စစ္ဓါတ္အားလိုင္းမွာ (၂၄) နာရီ ရရွိပါသည္။ဂြၿမိဳ႕၏ လူဦးေရမွာ စုစုေပါင္း တစ္သိန္းငါးေသာင္းခန္႕ရွိပါသည္။ အမ်ားစုမွာ ရခိုင္လူမ်ိဳးျဖစ္ၾက ၿပီး၊ ကရင္၊ ခ်င္းႏွင့္ ဗမာလူမ်ိဳးတို႔လည္းေရာေနာ ေနထိုင္ၾကသည္။

ရိုးရာယဥ္ေက်းမႈဓေလ့စရိုက္ မေပ်ာက္ပ်က္ဘဲ အမ်ိဳးဂုဏ္ကို ထိန္းသိမ္းေစာင့္ေရွာက္ေသာ ေနရာလည္းျဖစ္သည္။စီးပြားေရးအေနျဖင့္ ငါးဖမ္းလုပ္ငန္းကို အဓိကလုပ္ကိုင္ၾကၿပီး စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ေဒသထြက္ကုန္မ်ားကိုလည္း စီးပြားျဖစ္ေရာင္း၀ယ္လုပ္ကိုင္ၾကသည္။

credit: ထက္​​ေဝစိုး(ဂြ)၊ရခိုင္ခရီးသြားလမ္းညႊန္

Unicode version
မြို့ပေါ်(၃)ရပ်ကွက်နဲ့ သူမတူတဲ့မြို့ ရခိုင်ပြည်ရဲ့တောင်ဘက်အစွန်ဆုံး နာမည်တစ်လုံးတည်းမြို့ တောမက မြို့မကျနဲ့ ဂွတိဂွကျနိုင်တဲ့မြို့။မြို့ကို တောင်တန်းတွေနဲ့ ကာရန်ပြီး ပင်လယ်နဲ့ အနားသတ်ထားတယ်။ ပင်လယ်ဟာ မြို့ရဲ့အသက်သွေးကြောဖြစ်ပြီး တောင်တန်းဟာ မြို့ရဲ့ အောက်စီဂျင်ဖြစ်တယ်။

ဖူးမျှော်ကြည်ညိုစရာစေတီ များများစားစားမရှိဘူး မြိုရဲ့ဂုဏ်ဆောင် သိမ်ကုန်းစေတီဟာ ပြယုဂ်ပဲ စေတီနည်းပေမယ့် တရားပွဲက မနည်းခဲ့ဘူး ခေတ်ပညာတတ် ပေါပေါများများထွက်ပေမယ့်အထက်တန်းကျောင်း တစ်ကျောင်းသာရှိတဲ့မြို့။

ကျောင်းတော်ကြီးဟာ အဖော်မဲ့ချင်ပေမယ့် ကျောင်းသားဟောင်းတွေရဲ့ အာစရိယပူဇော်ပွဲကြောင့် နှစ်တိုင်း အဖော်မမဲ့ခဲ့ဘူး။

ကျောင်းသားဟောင်းတွေရဲ့ ဒစ်စကိုမြူးဇစ်ဟာ အသက်(၈၀)ကျော် ကျောင်းတော်ကြီးကိုနုပျိုစေတယ်။
မြို့မှာ ဆက်သွယ်ရေးတာဝါတိုင် အကုန် ရှိတယ် CDMA ၊MPT၊Telenor၊Orredoo နဲ့ Mytel အစုံရှိတယ်။ ဆက်သွယ်ရေးတွေ မကောင်းခင်က ဆက်ဆံရေးတွေ ကောင်းခဲ့ကြတယ် ဆက်သွယ်ရေးကောင်းလာတော့ ဆက်ဆံရေးဟာ အုန်းလက်ဆန်လာတယ် ကျိုးတိုးကျဲတဲ။

သူဌေးအစ သူတောင်းစားအဆုံး ဖုန်းကိုင်နိုင်တဲ့အခါ ဘော်ဒါဘော်ကျွတ်တွေရဲ့ လက်ဖက်ရည်ဝိုင်းဟာ အရင်လို မစိုပြေတော့ ငုံ့လျက်ကိုယ်စီသာ အလုပ်တွေရှုပ်ကြတော့တယ်။

ဂွရိုးလမ်းဟာ မတ်စောက်ကွေ့ကောက်သလောက် မြို့သူမြို့သားတွေရဲ့စိတ်ထားဟာ ဖြောင့်စင်းတယ်။ ရေပေါ်ဆီ လက္ခဏာတွေကို စိတ်မဝင်စားဘူး
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဆက်ဆံရေးဟာ ဒဲ့ဖြစ်တယ် ဒဲ့ပြောတယ် ဒဲ့ရှင်းတယ်။

မြို့သူမြို့သားတွေဟာ စကားကြွယ်တယ် စကားအရာမှာ လှတောသားပြီးရင် ဂွသားလို့တောင်ဆိုရမယ် အစအနောက်သန်ကြတယ် စိတ်ဆိုးတယ်ဆိုတဲ့ စကားလုံးဟာ ဂွမှာအရာမထင်ဘူး။

စည်းရုံးရေးတွေ ကောင်းသလောက် စည်းလုံးရေးတွေ မကောင်းခဲ့တာလည်းရှိတယ် သွေးထိုးတာရှိသလို သွေးဆိုးတာလည်း ရှိခဲ့တယ်။ အပ်ကျတာတောင် သိတဲ့မြို့ဆိုတော့ မကောင်းတာဆိုးတာ ကြာရှည်မခံဘူး။

ဆေးရုံရှိတယ် ရဲစခန်းရှိတယ် တရားရုံးရှိတယ် ဘဏ်ရှိတယ် သစ်တောရုံးရှိတယ် အားလုံးနီးပါးရှိတယ် တရားဥပဒေစိုးမိုးမှုက ထင်သလောက်မရှိပေမယ့် ရာဇဝတ်မှု အကင်းရှင်းဆုံးမြို့လို့ ဆိုရမယ် ခုထိ မြို့ဟာမြို့လို မနေတတ် မထိုင်တတ်ဘူး သူ့အလှ သူ့ဘဝ ပါးကွက်ကြားရေကြဲနဲ့ ကျေးလက်အထာမှာ မြန်မာဆန်နေတဲ့ ရင်ဘတ်ထဲကမြို့ ၊ဂွတိဂွကျတဲ့ ဂွမြို့။

ရခိုင်ပြည်နယ်၏ တောင်ဘက်အစွန်းဆုံးမြို့ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် နယ်စပ်မြို့လည်း ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းဒေသ ဘင်္ဂလားပင်လယ်အော်ကြီး၏ ဘေးတွင်တည်ရှိသည်။ ဟိမဝန္တာတောင်တန်း၏ သွယ်လျှသေးငယ်သော တောင်စဉ်တစ်ခုဖြစ်သည့် ရခိုင်ရိုးမတောင်တန်းကြီးအနေဖြင့် ဂွမြို့၏ အရှေ့ဘက်တောင်စဉ်တောင်တန်း အနေဖြင့်တည်ရှိပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက် တောင်စဉ်တောင်တန်းအဖြစ် ဖြစ်ပေါ်တည်ရှိသွားသည်။
ဂွမြို့သို့ ရန်ကုန်မှ မော်တော်ကားဖြင့် ကုန်းလမ်းအတိုင်း သွာနိုင်သည်။ ရန်ကုန်မြို့မှ (၁၅၇)မိုင် ကွာဝေးသည်။ ရန်ကုန်မြို့မှ လေကြောင်းလိုင်းဖြင့် သံတွဲမြို့သို့ သွားရောက်ပြီး သံတွဲမြို့မှ ဂွမြို့သို့ ကုန်းလမ်းခရီးမောတော်ကားဖြင့် သွားနိုင်သည်။ သံတွဲမြို့မှ ဂွမြို့သို့ (၈၅)မိုင်ကွာဝေးသည်။

တည်းခိုစရာ အဆင့်မြင့်တည်းခိုခန်းများလည်း ရှိပါသည်။ စားသောက်စရာ သန့်ရှင်းသက် ရက်သော စားသောက်ဆိုင်များလည်း ရှိပါသည်။ ပင်လယ်ကမ်းခြေနားတွင် တည်ရှိသောကြောင့် သန့်ရှင်းလတ်ဆက်သော ပင်လယ်အစားအစာများ၊ ရခိုင်ရိုးမတောင်တန်းကြီးကို အခြေပြု၍ စိုက်ပျိုး ထားသော ဓါတုပစ္စည်းမျှလုံးဝမပါဝင်သော သဘာဝအစာစာ၊ အသီးအရွက် ( Organic Food ) များကို လည်းစားသုံးနိုင်ပါသည်။

ဆက်သွယ်ရေးအနေဖြင့် MPT, Orredoo, Telenor ဆက်သွယ်ရေးကွန်ယက်များဖြင့် အသုံး ပြုနိုင်သည်။ အင်တာနက်လိုင်းအားကောင်းပါသည်။ လျှပ်စစ်ဓါတ်အားလိုင်းမှာ (၂၄) နာရီ ရရှိပါသည်။ဂွမြို့၏ လူဦးရေမှာ စုစုပေါင်း တစ်သိန်းငါးသောင်းခန့်ရှိပါသည်။ အများစုမှာ ရခိုင်လူမျိုးဖြစ်ကြ ပြီး၊ ကရင်၊ ချင်းနှင့် ဗမာလူမျိုးတို့လည်းရောနော နေထိုင်ကြသည်။

ရိုးရာယဉ်ကျေးမှုဓလေ့စရိုက် မပျောက်ပျက်ဘဲ အမျိုးဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်သော နေရာလည်းဖြစ်သည်။စီးပွားရေးအနေဖြင့် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်များကိုလည်း စီးပွားဖြစ်ရောင်းဝယ်လုပ်ကိုင်ကြသည်။

credit: ထက်ဝေစိုး(ဂွ)၊ရခိုင်ခရီးသွားလမ်းညွှန်

Recent Updates

Recent Posts Widget