တ႐ုတ္ယဥ္ေက်းမႈ အဖြဲ႔ကုိ… ျမန္မာအက …သင္ေပးေနတဲ႔ ဖုိးခ်စ္
ပ ရိ သတ္ အားေပးမႈအခုိင္အမာ ရ႐ွိထားၿပီး ႐ုပ္႐ွင္သ႐ုပ္ေဆာင္ သဘင္ ေဘာလုံး စတဲ့အရာေတြကုိ အားတက္သေရာ လုိက္လံ လုပ္ေဆာင္ေပးေနတဲ့ ျမန္မာႏုိင္ငံ သဘင္အစည္းအ႐ုံးရဲ႕ ဥကၠဌ ျမဳိ႕ေရႊမန္းသား ဖုိးခ်စ္ကေတာ့ လက္႐ွိအခ်ိန္မွာ တ႐ုတ္ယဥ္ေက်းမႈ အဖြဲ႔ကုိ ျမန္မာအက သင္ေပးလ်က္႐ွိေနပါတယ္။ တ႐ုတ္နဲ႔ ျမန္မာ ယဥ္ေက်းမႈအပုိင္းကုိ အစုိးရ ေထာက္ပံ့အေၾကာင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏုိင္ငံက ယဥ္ေက်းမႈအပုိင္းကုိ ေထာက္ပံ့မႈ မေပးဘူးဆုိတဲ့ အေျခအေနက ျမန္မာႏုိင္ငံ ထက္ အဆ ၁၀၀ ေလာက္သာ ေနတယ္လုိ႔ ဖုိးခ်စ္က ေပၚျပဴလာရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။
ဖုိး ခ်စ္ က “ႏုိင္ငံရဲ႕ ခ်စ္ၾကည္ရင္းႏွီးမႈ အျပင္ ကြၽန္ေတာ္တုိ႔ သြားေရာက္ေဖ်ာ္ေျဖခဲ့တဲ့ အေတြ႕အၾကဳံေကာင္းေတြ ရတယ္။ ခ်စ္ၾကည္ရင္းႏွီးမႈလည္းရတယ္ ေနာက္နီးစပ္မႈလည္း အမ်ားႀကီး႐ွိခဲ့ေတာ့ အဲ့မွာ ေတြ႔ၾကဳံခဲ့ရတာ သူတုိ႔နဲ႔ ႏွီးေႏွာဖလွယ္ရင္းနဲ႔ ျမန္မာ့သဘင္ေပါ့ေနာ္ အက်ိဳးျဖစ္မယ့္ က႑ေတြ တုိးတက္မယ့္ကဣေတြကုိ ျမင္ရပါတယ္။ ေနာက္ပူးေပါင္းၿပီးေတာ့ ထက္ၿပီးေတာ့ လုပ္စရာေလးေတြလည္း ႐ွိပါေသးတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။
သူ တုိ႔ ရဲ႕ယဥ္ေက်းမႈနဲ႔ ျမန္မာ့ယဥ္ေက်းမႈက နီးစပ္မႈ႐ွိလားလုိ႔ေမးျမန္းရာ “နီးစပ္တဲ့ အပုိင္း႐ွိသလုိ ကြဲျပားမႈလည္း အမ်ားႀကီး႐ွိတယ္။ သူတုိ႔ဆီမွာက ျမန္မာႏုိင္ငံလုိေျပာရင္ေတာ့ သဘင္ေပါ့ သူတုိ႔ယဥ္ေက်းမႈတုိင္းကုိ သိမ္းထားတာ မ်ားတယ္။ ဥပမာေပါ့ သုံးတဲ့ ပစၥည္းေတြ နည္းပညာအရ တုိးတက္သြားေပမယ့္ သူတုိ႔ယဥ္ေက်းမႈ တန္ဖုိးကေတာ့ ဒီအတုိင္းပဲ သိမ္းထားတယ္ အဲ့တာေလးကုိပဲ တန္ဖုိး႐ွိ႐ွိအသုံးျပဳတယ္။ ကြၽန္ေတာ္တုိ႔ ႏုိင္ငံလည္း ဒါက ကြၽန္ေတာ္တုိ႔ ရည္ရြယ္ခ်က္ထဲမွာ ပါၿပီးသားေပါ့။ အဲ့အတုိင္းပဲ လုပ္ရမွာ ပစၥည္းေတြက နည္းပညာျမင့္ေကာင္းျမင့္ေပမယ့္ မူလတန္ဖုိးကုိေတာ့ မပ်က္ေအာင္ေတာ့ ထိန္းရတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။
သူ တုိ ႔ႏုိင္ ငံမွာ ယဥ္ေက်းမႈအပုိင္းကုိ အစုိးရက ဘယ္လုိ ပံ့ပုိးတာ႐ွိလဲ ျမန္မာႏုိင္ငံမွာေရာ ဘယ္လုိပံ့ပုိးေပးလဲလုိ႔ ေမးျမန္းရာ “ဒီအေၾကာင္းေျပာရရင္ တစ္မ်ိဳးေတာ့ တစ္မ်ိဳးပဲ ဒါေပမဲ့ နံပါတ္တစ္ ေျပာလုိတာက သူတုိ႔က အင္အားႀကီး ႏုိင္ငံ အင္မတန္ခ်မ္းသာတဲ့ ႏုိင္ငံျဖစ္ေတာ့ သူတုိ႔ႏိုင္ငံက ဒါနဲ႔ပတ္သက္လုိ႔ မပံ့ပုိးပါဘူးဆုိတဲ့ အေနအထားမိ်ဳးဆုိရင္ေတာင္မွ ကြၽန္ေတာ္တုိ႔ဆီထက္ အဆ ၁၀၀ ေလာက္သာေနၿပီ ကြၽန္ေတာ္တုိ႔ႏုိင္ငံမွာလည္း Government အပုိင္းကေတာ့ လုပ္စရာကိုင္စရာေတြနဲ႔ ႏုိင္ငံျပဳျပင္စရာေတြ အမ်ားႀကီးေပါ့ေနာ္။
ဖာ စ ရာေ ထး စရာေတြေရာ ယုိေပါက္ေတြေရာ က႑ေတြက သိပ္မ်ားတဲ့ အခါက်ေတာ့ ယဥ္ေက်းမႈတစ္ခုတည္းကုိေတာ့ Highlight ေပးၿပီးေတာ့ ထူးထူးျခားျခားႀကီးေတာ့ လုပ္ဖုိ႔ေတာ့ ေလာေလာဆယ္ေတာ့ သိပ္မေတြ႕ဘူး။ ဒါေပမဲ့ ႏုိင္ငံေတာ္ရဲ႕ အတုိင္ပင္ခံ ပုဂၢိဳလ္ နဲ႔ေတြတဲ့အခါမွ အတိုင္ပင္ခံပုဂၢိဳလ္က ကူညီဖုိ႔အတြက္ လမ္းေၾကာင္းေတြ ေပးတယ္။ ဥပမာ ကြၽန္ေတာ္တုိ႔ သဘင္႐ုံးနဲ႔ ပတ္သက္ရင္ မၾကာခင္မွာ စာတင္မယ္ သဘင္႐ုံးနဲ႔ပတ္သက္ရင္ လုပ္ေပးပါမယ္လုိ႔ ၾကည္ၾကည္ႏူးႏူးနဲ႔ ေျပာလုိက္တာေတြ႐ွိတယ္။ ဒါကအေျခခံေလးေတြေပါ့။ လက္႐ွိအေနအထားကေတာ့ တ႐ုတ္ႏိုင္ငံနဲ႔ ဘယ္လုိမွ မယဥ္ႏုိင္ပါဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။
Credit- Nanmalgyi
Unicode Version
ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားပြီး ရုပ်ရှင်သရုပ်ဆောင် သဘင် ဘောလုံး စတဲ့အရာတွေကို အားတက်သရော လိုက်လံ လုပ်ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးရဲ့ ဥက္ကဌ မြို့ရွှေမန်းသား ဖိုးချစ်ကတော့ လက်ရှိအချိန်မှာ တရုတ်ယဉ်ကျေးမှု အဖွဲ့ကို မြန်မာအက သင်ပေးလျက်ရှိနေပါတယ်။ တရုတ်နဲ့ မြန်မာ ယဉ်ကျေးမှုအပိုင်းကို အစိုးရ ထောက်ပံ့အကြောင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ယဉ်ကျေးမှုအပိုင်းကို ထောက်ပံ့မှု မပေးဘူးဆိုတဲ့ အခြေအနေက မြန်မာနိုင်ငံ ထက် အဆ ၁၀၀ လောက်သာ နေတယ်လို့ ဖိုးချစ်က ပေါ်ပြူလာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
ဖိုးချစ်က “နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှု အပြင် ကျွန်တော်တို့ သွားရောက်ဖျော်ဖြေခဲ့တဲ့ အတွေ့အကြုံကောင်းတွေ ရတယ်။ ချစ်ကြည်ရင်းနှီးမှုလည်းရတယ် နောက်နီးစပ်မှုလည်း အများကြီးရှိခဲ့တော့ အဲ့မှာ တွေ့ကြုံခဲ့ရတာ သူတို့နဲ့ နှီးနှောဖလှယ်ရင်းနဲ့ မြန်မာ့သဘင်ပေါ့နော် အကျိုးဖြစ်မယ့် ကဏ္ဍတွေ တိုးတက်မယ့်ကဣတွေကို မြင်ရပါတယ်။ နောက်ပူးပေါင်းပြီးတော့ ထက်ပြီးတော့ လုပ်စရာလေးတွေလည်း ရှိပါသေးတယ်။”လို့ ပြောသွားခဲ့ပါတယ်။
သူတို့ရဲ့ယဉ်ကျေးမှုနဲ့ မြန်မာ့ယဉ်ကျေးမှုက နီးစပ်မှုရှိလားလို့မေးမြန်းရာ “နီးစပ်တဲ့ အပိုင်းရှိသလို ကွဲပြားမှုလည်း အများကြီးရှိတယ်။ သူတို့ဆီမှာက မြန်မာနိုင်ငံလိုပြောရင်တော့ သဘင်ပေါ့ သူတို့ယဉ်ကျေးမှုတိုင်းကို သိမ်းထားတာ များတယ်။ ဥပမာပေါ့ သုံးတဲ့ ပစ္စည်းတွေ နည်းပညာအရ တိုးတက်သွားပေမယ့် သူတို့ယဉ်ကျေးမှု တန်ဖိုးကတော့ ဒီအတိုင်းပဲ သိမ်းထားတယ် အဲ့တာလေးကိုပဲ တန်ဖိုးရှိရှိအသုံးပြုတယ်။ ကျွန်တော်တို့ နိုင်ငံလည်း ဒါက ကျွန်တော်တို့ ရည်ရွယ်ချက်ထဲမှာ ပါပြီးသားပေါ့။ အဲ့အတိုင်းပဲ လုပ်ရမှာ ပစ္စည်းတွေက နည်းပညာမြင့်ကောင်းမြင့်ပေမယ့် မူလတန်ဖိုးကိုတော့ မပျက်အောင်တော့ ထိန်းရတယ်။”လို့ပြောသွားခဲ့ပါတယ်။
သူတို့နိုင်ငံမှာ ယဉ်ကျေးမှုအပိုင်းကို အစိုးရက ဘယ်လို ပံ့ပိုးတာရှိလဲ မြန်မာနိုင်ငံမှာရော ဘယ်လိုပံ့ပိုးပေးလဲလို့ မေးမြန်းရာ “ဒီအကြောင်းပြောရရင် တစ်မျိုးတော့ တစ်မျိုးပဲ ဒါပေမဲ့ နံပါတ်တစ် ပြောလိုတာက သူတို့က အင်အားကြီး နိုင်ငံ အင်မတန်ချမ်းသာတဲ့ နိုင်ငံဖြစ်တော့ သူတို့နိုင်ငံက ဒါနဲ့ပတ်သက်လို့ မပံ့ပိုးပါဘူးဆိုတဲ့ အနေအထားမျိုးဆိုရင်တောင်မှ ကျွန်တော်တို့ဆီထက် အဆ ၁၀၀ လောက်သာနေပြီ ကျွန်တော်တို့နိုင်ငံမှာလည်း Government အပိုင်းကတော့ လုပ်စရာကိုင်စရာတွေနဲ့ နိုင်ငံပြုပြင်စရာတွေ အများကြီးပေါ့နော်။
ဖာစရာထေးစရာတွေရော ယိုပေါက်တွေရော ကဏ္ဍတွေက သိပ်များတဲ့ အခါကျတော့ ယဉ်ကျေးမှုတစ်ခုတည်းကိုတော့ Highlight ပေးပြီးတော့ ထူးထူးခြားခြားကြီးတော့ လုပ်ဖို့တော့ လောလောဆယ်တော့ သိပ်မတွေ့ဘူး။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့တွေတဲ့အခါမှ အတိုင်ပင်ခံပုဂ္ဂိုလ်က ကူညီဖို့အတွက် လမ်းကြောင်းတွေ ပေးတယ်။ ဥပမာ ကျွန်တော်တို့ သဘင်ရုံးနဲ့ ပတ်သက်ရင် မကြာခင်မှာ စာတင်မယ် သဘင်ရုံးနဲ့ပတ်သက်ရင် လုပ်ပေးပါမယ်လို့ ကြည်ကြည်နူးနူးနဲ့ ပြောလိုက်တာတွေရှိတယ်။ ဒါကအခြေခံလေးတွေပေါ့။ လက်ရှိအနေအထားကတော့ တရုတ်နိုင်ငံနဲ့ ဘယ်လိုမှ မယဉ်နိုင်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။
Credit- Nanmalgyi