ကမၻာေပၚက ေပ်ာ္႐ႊင္မူ အနည္းဆုုံး နိုင္ငံ ( ၅ ) ႏုုိင္ငံ




ႏိုင္ငံတႏိုင္ငံရဲ႕ ေပ်ာ္႐ႊင္မႈကို တိုင္းတာတဲ့အခါမွာ ႏိုင္ငံသားေတြရဲ႕ တဦးခ်င္း က်န္းမာေရးဟာ အဓိကစံႏႈန္းျဖစ္ၿပီး စစ္တမ္း ေကာက္ယူမႈတိုင္းမွာလည္း တကမာၻလုံး အတိုင္းအတာနဲ႔ ၁၅၆ ႏိုင္ငံ အေပၚ မူတည္ၿပီး ရလဒ္ေတြကို ထုတ္ျပန္ထားခဲ့တာပဲ ျဖစ္ပါတယ္။

(၁) Ivory Coast

ေနထိုင္သူလူဦးေရဟာ တႏွစ္ထက္တႏွစ္ မ်ားျပားလာတဲ့ အေနာက္အာဖရိကန္ ႏိုင္ငံတႏိုင္ငံ ျဖစ္တယ္လို႔ BBC မွတ္တမ္းမ်ားက ေဖာ္ျပထားပါတယ္။ လူဦးေရ ထူထပ္လာတဲ့အျပင္ အၾကမ္းဖက္မႈေတြဟာလည္း ႏိုင္ငံအႏွံ႔အျပား ျဖစ္ပြားေနတာ ျဖစ္ၿပီး လူေတြရဲ႕ သက္တမ္းဟာလည္း ဆုတ္ယုတ္လာခဲ့ပါတယ္။



WHO ရဲ႕ စစ္တမ္းမ်ားအရ အမ်ိဳးသားတေယာက္ရဲ႕ သက္တမ္းဟာ ပ်မ္းမွ် ၅၂ ႏွစ္အထိ ျဖစ္ၿပီး အမ်ိဳးသမီး တေယာက္ရဲ႕ သက္တမ္းဟာ ပ်မ္းမွ် ၅၄ ႏွစ္အထိ ျဖစ္ပါတယ္။

(၂) Cambodia

အေရွ႕ေတာင္အာရွ ႏိုင္ငံတႏိုင္ငံျဖစ္တဲ့ ကေမာၻဒီးယားႏိုင္ငံဟာ လက္ရွိ ဝန္ႀကီးခ်ဳပ္ Hun Sen ဟာ ၂၀၁၃ ခုႏွစ္မွာ အာဏာလႊဲေျပာင္းရယူခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္ကတည္းက ႏိုင္ငံတြင္းမွာ ကန႔္ကြက္ရႈံ႕ခ်မႈေတြ၊ ႏိုင္ငံကို လိမ္လည္ရယူျခင္းစတဲ့ စြပ္စြဲခ်က္ေတြ ရွိေနခဲ့တာျဖစ္ၿပီး ႏိုင္ငံေရး အရႈပ္အေထြးေတြနဲ႔ ပဋိပကၡေတြ ေတြ႕ႀကဳံေနရဆဲျဖစ္တဲ့ ႏိုင္ငံတႏိုင္ငံလည္း ျဖစ္ပါတယ္။
(၃) Angola
စစ္တမ္းေကာက္ယူခ်က္မ်ားအရ အန္ဂိုလာႏိုင္ငံဟာ လြတ္လပ္မႈ မရွိသေလာက္ နည္းပါးၿပီး ဘဝေနထိုင္မႈ ပုံစံအတြက္လည္း သိပ္မ်ားမ်ားစားစား ေ႐ြးခ်ယ္စရာ မရွိဘူးလို႔ သိရွိရပါတယ္။
ႏိုင္ငံသားေတြရဲ႕ သက္တမ္းဟာ တစတစ နည္းပါးလာၿပီး အမ်ိဳးသားေတြရဲ႕ သက္တမ္းဟာ ပ်မ္းမွ် အသက္ ၅၀ ၊ အမ်ိဳးသမီးေတြရဲ႕ သက္တမ္းဟာ ပ်မ္းမွ် ၅၃ႏွစ္အထိသာ ရွိလာတယ္လို႔ WHO မွတ္တမ္းေတြအရ သိရပါတယ္။

(၄) Uganda
ယူကန္ဒါႏိုင္ငံဟာ ၿဗိတိသွ်လက္ေအာက္ခံဘဝကေန လြတ္လပ္ေရးကို ၁၉၆၂ခုႏွစ္မွာ ေၾကညာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ စစ္တပ္အာဏာသိမ္းမႈနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး အာဏာရွင္ စနစ္ဆိုးဟာလည္း ဆက္လက္ တည္တံ့ခဲ့ပါတယ္။
ႏိုင္ငံတကာရဲ႕ အျမင္မွာေတာ့ ယူကန္ဒါႏိုင္ငံရဲ႕ အစိုးရဟာ အျမင္က်ဥ္းေျမာင္းသူေတြျဖစ္တယ္လို႔ BBC မွတ္တမ္းေတြအရ သိရွိရပါတယ္။ ႏိုင္ငံသားေတြရဲ႕ သက္တမ္းကေတာ့ အမ်ိဳးသားတဦးရဲ႕ ပ်မ္းမွ် အသက္ဟာ ၅၇ ႏွစ္ျဖစ္ၿပီး အမ်ိဳးသမီးတဦးရဲ႕ ပ်မ္းမွ်အသက္ကေတာ့ ၆၁ ႏွစ္ပဲ ျဖစ္ပါတယ္။
Ref: uk.businessinsider.com

Credit  \\  original

နိုင်ငံတနိုင်ငံရဲ့ ပျော်ရွှင်မှုကို တိုင်းတာတဲ့အခါမှာ နိုင်ငံသားတွေရဲ့ တဦးချင်း ကျန်းမာရေးဟာ အဓိကစံနှုန်းဖြစ်ပြီး စစ်တမ်း ကောက်ယူမှုတိုင်းမှာလည်း တကမ္ဘာလုံး အတိုင်းအတာနဲ့ ၁၅၆ နိုင်ငံ အပေါ် မူတည်ပြီး ရလဒ်တွေကို ထုတ်ပြန်ထားခဲ့တာပဲ ဖြစ်ပါတယ်။

(၁) Ivory Coast

နေထိုင်သူလူဦးရေဟာ တနှစ်ထက်တနှစ် များပြားလာတဲ့ အနောက်အာဖရိကန် နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ BBC မှတ်တမ်းများက ဖော်ပြထားပါတယ်။ လူဦးရေ ထူထပ်လာတဲ့အပြင် အကြမ်းဖက်မှုတွေဟာလည်း နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတာ ဖြစ်ပြီး လူတွေရဲ့ သက်တမ်းဟာလည်း ဆုတ်ယုတ်လာခဲ့ပါတယ်။

WHO ရဲ့ စစ်တမ်းများအရ အမျိုးသားတယောက်ရဲ့ သက်တမ်းဟာ ပျမ်းမျှ ၅၂ နှစ်အထိ ဖြစ်ပြီး အမျိုးသမီး တယောက်ရဲ့ သက်တမ်းဟာ ပျမ်းမျှ ၅၄ နှစ်အထိ ဖြစ်ပါတယ်။

(၂) Cambodia

အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ လက်ရှိ ဝန်ကြီးချုပ် Hun Sen ဟာ ၂၀၁၃ ခုနှစ်မှာ အာဏာလွှဲပြောင်းရယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက နိုင်ငံတွင်းမှာ ကန့်ကွက်ရှုံ့ချမှုတွေ၊ နိုင်ငံကို လိမ်လည်ရယူခြင်းစတဲ့ စွပ်စွဲချက်တွေ ရှိနေခဲ့တာဖြစ်ပြီး နိုင်ငံရေး အရှုပ်အထွေးတွေနဲ့ ပဋိပက္ခတွေ တွေ့ကြုံနေရဆဲဖြစ်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

(၃) Angola

စစ်တမ်းကောက်ယူချက်များအရ အန်ဂိုလာနိုင်ငံဟာ လွတ်လပ်မှု မရှိသလောက် နည်းပါးပြီး ဘဝနေထိုင်မှု ပုံစံအတွက်လည်း သိပ်များများစားစား ရွေးချယ်စရာ မရှိဘူးလို့ သိရှိရပါတယ်။

နိုင်ငံသားတွေရဲ့ သက်တမ်းဟာ တစတစ နည်းပါးလာပြီး အမျိုးသားတွေရဲ့ သက်တမ်းဟာ ပျမ်းမျှ အသက် ၅၀ ၊ အမျိုးသမီးတွေရဲ့ သက်တမ်းဟာ ပျမ်းမျှ ၅၃နှစ်အထိသာ ရှိလာတယ်လို့ WHO မှတ်တမ်းတွေအရ သိရပါတယ်။

(၄) Uganda

ယူကန်ဒါနိုင်ငံဟာ ဗြိတိသျှလက်အောက်ခံဘဝကနေ လွတ်လပ်ရေးကို ၁၉၆၂ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စစ်တပ်အာဏာသိမ်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး အာဏာရှင် စနစ်ဆိုးဟာလည်း ဆက်လက် တည်တံ့ခဲ့ပါတယ်။

နိုင်ငံတကာရဲ့ အမြင်မှာတော့ ယူကန်ဒါနိုင်ငံရဲ့ အစိုးရဟာ အမြင်ကျဉ်းမြောင်းသူတွေဖြစ်တယ်လို့ BBC မှတ်တမ်းတွေအရ သိရှိရပါတယ်။ နိုင်ငံသားတွေရဲ့ သက်တမ်းကတော့ အမျိုးသားတဦးရဲ့ ပျမ်းမျှ အသက်ဟာ ၅၇ နှစ်ဖြစ်ပြီး အမျိုးသမီးတဦးရဲ့ ပျမ်းမျှအသက်ကတော့ ၆၁ နှစ်ပဲ ဖြစ်ပါတယ်။

Ref: uk.businessinsider.com

Credit  \\  original

Recent Updates

Recent Posts Widget