တခ်ိဳ႕ႏုိင္ငံေတြကေတာ့ သူတုိ႔ဆီမွာ လာေနရင္ အိမ္ေတြ အလကားေပးမယ္လုိ႔ ကမ္းလွမ္းထားပါတယ္
Zawgyi
အခုေခတ္ကာလမ်ဳိးမွာ အိမ္တစ္လုံးပုိင္ဆုိင္ဖုိ႔ မလြယ္ကူပါဘူး။ အိမ္တစ္လုံးပုိင္ဖုိ႔ အသာထား၊ ေျမတစ္ကြက္ဝယ္ဖုိ႔ေတာင္ ေတာ္ေတာ္ခက္ခဲပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ႏုိင္ငံေတြကေတာ့ သူတုိ႔ဆီမွာ လာေနရင္ အိမ္ေတြ အလကားေပးမယ္လုိ႔ ကမ္းလွမ္းထားပါတယ္။ ဘယ္ႏုိင္ငံက ဘယ္ေဒသေတြမွာ အိမ္ေတြ အလကားေပးေနတာလဲ ဆုိေတာ့ . .
အီတလီ
အီတလီႏုိင္ငံ စစၥလီကၽြန္းက ဂန္ဂ်ီၿမိဳ႕အေၾကာင္း ၾကားဖူးၾကရဲ႕လား။ လူဦးေရ နည္းပါးလာတဲ့ အဲဒီၿမိဳ႕မွာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း
လူမေနတဲ့အိမ္ေတြ တစ္ဆထက္တစ္ဆ ပုိမ်ားခဲ့ပါတယ္။ ဒါေၾကာင့္ ဂန္ဂ်ီၿမိဳ႕လည္း ေျခာက္ကပ္ကပ္ျဖစ္သြားတာပါ။ အာဏာပုိင္ေတြကေတာ့ သူတုိ႔ၿမိဳ႕ကုိ စည္ကားေစခ်င္ၾကပါတယ္။ ဒါေၾကာင့္ သူတုိ႔ဆီမွာ လာေနမယ့္ လူသစ္ေတြက အဲဒီအိမ္ေတြကုိ ျပင္ဆင္မြမ္းမံၿပီး ေနထုိင္မယ္ဆုိရင္ ဂန္ဂ်ီၿမိဳ႕ အာဏာပုိင္အဖြဲ႕က အလကားေပးဖုိ႔ အသင့္ပါပဲတဲ့
အေမရိကန္
အေမရိကန္ႏုိင္ငံ အေနာက္အလယ္ပုိင္းမွာပါ။ အင္ဒီယားနားျပည္နယ္က ဂါရီၿမိဳ႕၊ မစ္ခ်ီဂန္ျပည္နယ္က ဒက္ထရြိဳက္ၿမိဳ႕ေတြမွာ အိမ္ရာပုိင္ဆုိင္ဖုိ႔ အခြင့္အလမ္းေကာင္းေတြ ရွိပါတယ္။ အလုပ္အကုိင္လည္း ေကာင္းတယ္၊ ဝင္ေငြလည္းရွိတယ္၊ ၿပီးေတာ့ အိမ္ရာေတြကုိ ျပန္လည္မြမ္းမံဖုိ႔ အစီအစဥ္လည္းရွိတယ္ဆုိရင္ အာဏာပုိင္ေတြက သူတုိ႔ကုိ အိမ္ေတြေပးသြားမွာပါ။
ေတာင္အာဖရိက
ေတာင္အာဖရိကႏုိင္ငံကေတာ့ အီတလီနဲ႔ အေမရိကန္ႏုိင္ငံေတြလုိ မဟုတ္ပါဘူး။ ဆင္းရဲႏြမ္းပါးတဲ့ ေဒသခံေတြကုိ အိမ္ေတြအလကားေပးေနတာပါ။ တကယ္လုိ႔ ေတာင္အာဖရိကႏုိင္ငံမွာ ဆင္းရဲႏြမ္းပါးတဲ့စာရင္းဝင္ရင္ေတာ့ အိမ္ပုိင္ရရင္ရ၊ မရရင္ အိမ္ရာတစ္ခုခုမွာ ေနထုိင္ခြင့္ရမွာ ေသခ်ာပါတယ္။
ပစ္ကိန္းကၽြန္း
ပစိဖိတ္သမုဒၵရာေတာင္ပုိင္းမွာရွိတဲ့ ပစ္ကိန္းကၽြန္းဆုိတာ ၿဗိတိန္ႏုိင္ငံရဲ႕ ပင္လယ္ရပ္ျခား ပုိင္နက္တစ္ခုပါ။ အဲဒီကၽြန္းမွာ ေနထုိင္တဲ့ လူဦးေရတျဖည္းျဖည္းနည္းပါးလာခဲ့တာ အခုဆုိရင္ လူ ၅၀ ပဲ က်န္ပါေတာ့တယ္။ ဒါေၾကာင့္ သူတုိ႔ဆီမွာ လာေနခ်င္သူေတြကုိ ေျမယာေတြ အခမဲ့ေပးေနပါတယ္။ သူတုိ႔ကေတာ့ သူတုိ႔ဆီလာေနမယ့္သူေတြကုိ ေမွ်ာ္လင့္ေနၾကတာပါ။
ကုိလံဘီယာ
ကုိလံဘီယာႏုိင္ငံကေတာ့ သြင္ျပင္တစ္မ်ဳိးနဲ႔ လွပတဲ့ ေတာင္အေမရိကတုိက္မွာ တည္ရွိပါတယ္။ ကုိလံဘီယာႏုိင္ငံကလည္း ေတာင္အာဖရိကလုိပဲ ဆင္းရဲႏြမ္းပါးသူေတြကုိ အိမ္ရာေတြ အခမဲ့ေပးေနပါတယ္။ ကုိလံဘီယာႏုိင္ငံက ဆင္းရဲႏြမ္းပါးေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ပုိင္းအတြငး္ ကမာၻလွည့္ခရီးသြားေတြ သြားေရာက္လည္ပတ္ရာေနရာ ျဖစ္လာသလုိ စီးပြားေရးလည္း ပုိၿပီးအားေကာင္းလာပါတယ္။ Farc လက္နက္ကုိင္ေတြနဲ႔ ၿငိမ္းခ်မ္းေရးရယူႏုိင္ခဲ့လုိ႔ ကုိလံဘီယာႏုိင္ငံရဲ႕ အေျခအေနက ပုိၿပီးတုိးတက္လာေတာ့မွာပါ။
Credit – cantwait2say
Unicode
အခုခေတ်ကာလမျိုးမှာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ မလွယ်ကူပါဘူး။ အိမ်တစ်လုံးပိုင်ဖို့ အသာထား၊ မြေတစ်ကွက်ဝယ်ဖို့တောင် တော်တော်ခက်ခဲပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေကတော့ သူတို့ဆီမှာ လာနေရင် အိမ်တွေ အလကားပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဘယ်နိုင်ငံက ဘယ်ဒေသတွေမှာ အိမ်တွေ အလကားပေးနေတာလဲ ဆိုတော့ . .
အီတလီ
အီတလီနိုင်ငံ စစ္စလီကျွန်းက ဂန်ဂျီမြို့အကြောင်း ကြားဖူးကြရဲ့လား။ လူဦးရေ နည်းပါးလာတဲ့ အဲဒီမြို့မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း
လူမနေတဲ့အိမ်တွေ တစ်ဆထက်တစ်ဆ ပိုများခဲ့ပါတယ်။ ဒါကြောင့် ဂန်ဂျီမြို့လည်း ခြောက်ကပ်ကပ်ဖြစ်သွားတာပါ။ အာဏာပိုင်တွေကတော့ သူတို့မြို့ကို စည်ကားစေချင်ကြပါတယ်။ ဒါကြောင့် သူတို့ဆီမှာ လာနေမယ့် လူသစ်တွေက အဲဒီအိမ်တွေကို ပြင်ဆင်မွမ်းမံပြီး နေထိုင်မယ်ဆိုရင် ဂန်ဂျီမြို့ အာဏာပိုင်အဖွဲ့က အလကားပေးဖို့ အသင့်ပါပဲတဲ့။
အမေရိကန်
အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းမှာပါ။ အင်ဒီယားနားပြည်နယ်က ဂါရီမြို့၊ မစ်ချီဂန်ပြည်နယ်က ဒက်ထရွိုက်မြို့တွေမှာ အိမ်ရာပိုင်ဆိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိပါတယ်။ အလုပ်အကိုင်လည်း ကောင်းတယ်၊ ဝင်ငွေလည်းရှိတယ်၊ ပြီးတော့ အိမ်ရာတွေကို ပြန်လည်မွမ်းမံဖို့ အစီအစဉ်လည်းရှိတယ်ဆိုရင် အာဏာပိုင်တွေက သူတို့ကို အိမ်တွေပေးသွားမှာပါ။
တောင်အာဖရိက
တောင်အာဖရိကနိုင်ငံကတော့ အီတလီနဲ့ အမေရိကန်နိုင်ငံတွေလို မဟုတ်ပါဘူး။ ဆင်းရဲနွမ်းပါးတဲ့ ဒေသခံတွေကို အိမ်တွေအလကားပေးနေတာပါ။ တကယ်လို့ တောင်အာဖရိကနိုင်ငံမှာ ဆင်းရဲနွမ်းပါးတဲ့စာရင်းဝင်ရင်တော့ အိမ်ပိုင်ရရင်ရ၊ မရရင် အိမ်ရာတစ်ခုခုမှာ နေထိုင်ခွင့်ရမှာ သေချာပါတယ်။
ပစ်ကိန်းကျွန်း
ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှာရှိတဲ့ ပစ်ကိန်းကျွန်းဆိုတာ ဗြိတိန်နိုင်ငံရဲ့ ပင်လယ်ရပ်ခြား ပိုင်နက်တစ်ခုပါ။ အဲဒီကျွန်းမှာ နေထိုင်တဲ့ လူဦးရေတဖြည်းဖြည်းနည်းပါးလာခဲ့တာ အခုဆိုရင် လူ ၅၀ ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် သူတို့ဆီမှာ လာနေချင်သူတွေကို မြေယာတွေ အခမဲ့ပေးနေပါတယ်။ သူတို့ကတော့ သူတို့ဆီလာနေမယ့်သူတွေကို မျှော်လင့်နေကြတာပါ။
ကိုလံဘီယာ
ကိုလံဘီယာနိုင်ငံကတော့ သွင်ပြင်တစ်မျိုးနဲ့ လှပတဲ့ တောင်အမေရိကတိုက်မှာ တည်ရှိပါတယ်။ ကိုလံဘီယာနိုင်ငံကလည်း တောင်အာဖရိကလိုပဲ ဆင်းရဲနွမ်းပါးသူတွေကို အိမ်ရာတွေ အခမဲ့ပေးနေပါတယ်။ ကိုလံဘီယာနိုင်ငံက ဆင်းရဲနွမ်းပါးပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းအတွငး် ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်လည်ပတ်ရာနေရာ ဖြစ်လာသလို စီးပွားရေးလည်း ပိုပြီးအားကောင်းလာပါတယ်။ Farc လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရယူနိုင်ခဲ့လို့ ကိုလံဘီယာနိုင်ငံရဲ့ အခြေအနေက ပိုပြီးတိုးတက်လာတော့မှာပါ။
Credit – cantwait2say


