“မိသားစုအလႉေလးကို ပရိသတ္ေတြဆီ ကုသိုလ္မွ်ေဝေပးခဲ့တဲ့ ေက်ာ္သူ”
ဦးေက်ာ္သူဟာ မိသားစုနဲ႔အတူ ျပဳခဲ့တဲ့ ကုသုိလ္အလွဴကုိ ပရိသတ္ေတြအတြက္ မွ်ေဝေပးခဲ့ပါတယ္။ အဲဒီေနာက္ ပရဟိတေစတီေတာ္ ေတာင္ေပၚမွာ သစ္ပင္ေတြစုိက္ပ်ဳိးခဲ့ၾကတဲ့ နာေရးကူညီမႈအသင္း အဖြဲ႕သားေတြကုိလည္း ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။
ဦးေက်ာ္သူက ေအာင္ပန္းၿမိဳ႕နယ္က ပရိသတ္ေတြအတြက္ ပီတိျဖစ္စရာေကာင္းတဲ့ အလွဴေလးတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ တစ္ေန႔တာ အာဟာရအျဖစ္ စားနပ္ရိကၡာမ်ားကုိ ေဝငွခ့ဲတာ ေတြ႔ရပါတယ္။
‘’ ယေန႔ ေအာင္ပန္း ကုသိုလ္ အမွ် အမွ် အမွ်ယူေတာ္မူၾကပါ’’ ဆုိၿပီးေတာ့ ဇြန္လ ၉ ရက္ေန႔ မနက္ ၇ နာရီခြဲက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ အဲဒီေနာက္ ဦေးက်ာ္သူ+ ဇနီးေဒၚေရႊဇီးကြက္ႏွင့္ သမီး မခင္သုခ တုိ႔ မိသားစု အလွဴဒါန ဆုိၿပီးေတာ့ မွတ္တမ္းတင္ ဓာတ္ပုံေလးေတြလည္း တင္ခဲ့တာကုိ ေတြ႔ရပါတယ္။ ဦးေက်ာ္သူရဲ႕ ကုသုိလ္အလွဴအတြက္ ပရိသတ္ေတြကလည္း ဝမ္းသာအားရစြာနဲ႔ Comment ကေနတဆင့္ သာဓု ေခၚဆုိခဲ့ၾကပါတယ္။
အဲဒီေနာက္ ဦးေက်ာ္သူရဲ႕ နာေရးကူညီမႈအသင္း(ရန္ကုန္) အဖြဲ႕သားေတြနဲ႔ စင္ကာပူျပန္ ျမန္မာအဖြဲ႕ေတြ ပူးေပါင္းၿပီး အရိပ္ရ သစ္ပင္မ်ဳိးစုံတုိ႔ကုိလည္း စုိက္ပ်ဳိးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ ဒီအပင္ကုိေတာ့ ဦးေက်ာ္သူကုိယ္တုိင္ တည္ထားခဲ့တဲ့ ျပည္ၿမိဳ႕ တစ္ဖက္ကမ္းက ပရဟိတေစတီေတာ္ ေတာင္ေပၚမွာ စုိက္ပ်ဳိးထားတယ္လုိ႔ သိရပါတယ္။
‘’မိုးေလး၀င္လာေတာ့ ျပည္တစ္ဖက္ကမ္းရွိ ပရဟိတေစတီေတာ္ေတာင္ေပၚတြင္စိမ္းလန္းစိုေျပေရးအတြက္ စကၤာပူျပန္အဖြဲ႕ႏွင့္နာကူ(ရန္ကုန္)ပူးေပါင္း၍အရိပ္ရသစ္ပင္မ်ိဳးစုံစိုက္ပ်ိဳးရန္ေျမလႊာျပဳျပင္ျခင္းစတင္ေနပါၿပီ။ သစ္ပင္စိုက္တယ္ဆိုတာ ေျမႀကီးထဲ အပင္ထိုးထည့္ယုံႏွင့္ မရ။ေျမအေနအထားအရေျမဆီ လႊာကိုျပဳျပင္၍စိုက္ရမည္ျဖစ္သည္။ လာေရာက္လုပ္အားဒါနျပဳသူမ်ားအားလုံးကို အထူးေက်းဇူးတင္ရွိသာဓု သာဓု သာဓုဟုေခၚဆိုအပ္ပါသည္။ (ေက်ာ္သူ)’’ ဆုိၿပီးေတာ့ ဇြန္လ ၉ ရက္ေန႔ ေန႔လယ္ ၁၁ နာရီ ၁၅ မိနစ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။
ဦးေက်ာ္သူက လက္ရွိမွာ ကုိယ္ပုိင္ရုပ္ရွင္ထုတ္လုပ္ေရးျဖစ္တဲ့ ဝရဇိန္ ရုပ္ရွင္ထုတ္လုပ္ေရးနဲ႔ အတူ ရုပ္ရွင္ဇာတ္ကားေတြ ရုိက္ကူးေနတာ ေတြ႔ရပါတယ္။ သူဟာ အႏုပညာအလုပ္ေတြလည္း ေဆာင္ရြက္ေနတာျဖစ္သလုိ နာေရးကူညီမႈအသင္းႀကီးကုိလည္း ဦးေဆာင္စီမံေနရသူ တစ္ဦးျဖစ္ပါတယ္။ ဒီအသင္းကေန အလွဴအတန္းေတြ၊ ပရဟိတ လုပ္ငန္းေတြ လုပ္ေဆာင္ေနတာကုိ ေတြ႔ရပါတယ္။
ေက်ာ္သူဟာ ၁၉၉၄ခုႏွစ္တြင္ အေကာင္း ဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုကို “တျပည္သူမေရႊထား” ရုပ္ရွင္ဇာတ္ကားနဲ႕ ရရွိခဲ့ၿပီး ၂၀၀၃ခုႏွစ္ မွာေတာ့ အေကာင္းဆံုးဒါရိုက္တာဆုကို အေမ့ႏို႕ဖိုး ရုပ္ရွင္ဇာတ္ကားနဲ႕ ရရွိထားသူ ျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ၂၀၁၈ ခုႏွစ္အတြက္ Star Awards ဆုခ်ီးျမွင့္ပြဲမွာ ‘’ပုဂံၿမိဳ႕သူ’’ ရုပ္သံဇာတ္လမ္းတြဲနဲ႔ အေကာင္းဆုံး ဇာတ္လမ္းတြဲ ဒါရုိက္တာဆုကို ရရွိပုိင္ဆုိင္ခဲ့ပါတယ္။
Credit:Duwun
Unicode Version
ဦးကျော်သူဟာ မိသားစုနဲ့အတူ ပြုခဲ့တဲ့ ကုသိုလ်အလှူကို ပရိသတ်တွေအတွက် မျှဝေပေးခဲ့ပါတယ်။ အဲဒီနောက် ပရဟိတစေတီတော် တောင်ပေါ်မှာ သစ်ပင်တွေစိုက်ပျိုးခဲ့ကြတဲ့ နာရေးကူညီမှုအသင်း အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
ဦးကျော်သူက အောင်ပန်းမြို့နယ်က ပရိသတ်တွေအတွက် ပီတိဖြစ်စရာကောင်းတဲ့ အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ တစ်နေ့တာ အာဟာရအဖြစ် စားနပ်ရိက္ခာများကို ဝေငှခဲ့တာ တွေ့ရပါတယ်။
‘’ ယနေ့ အောင်ပန်း ကုသိုလ် အမျှ အမျှ အမျှယူတော်မူကြပါ’’ ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့ မနက် ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဦေးကျာ်သူ+ ဇနီးဒေါ်ရွှေဇီးကွက်နှင့် သမီး မခင်သုခ တို့ မိသားစု အလှူဒါန ဆိုပြီးတော့ မှတ်တမ်းတင် ဓာတ်ပုံလေးတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ ဦးကျော်သူရဲ့ ကုသိုလ်အလှူအတွက် ပရိသတ်တွေကလည်း ဝမ်းသာအားရစွာနဲ့ Comment ကနေတဆင့် သာဓု ခေါ်ဆိုခဲ့ကြပါတယ်။
အဲဒီနောက် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားတွေနဲ့ စင်ကာပူပြန် မြန်မာအဖွဲ့တွေ ပူးပေါင်းပြီး အရိပ်ရ သစ်ပင်မျိုးစုံတို့ကိုလည်း စိုက်ပျိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီအပင်ကိုတော့ ဦးကျော်သူကိုယ်တိုင် တည်ထားခဲ့တဲ့ ပြည်မြို့ တစ်ဖက်ကမ်းက ပရဟိတစေတီတော် တောင်ပေါ်မှာ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။
‘’မိုးလေးဝင်လာတော့ ပြည်တစ်ဖက်ကမ်းရှိ ပရဟိတစေတီတော်တောင်ပေါ်တွင်စိမ်းလန်းစိုပြေရေးအတွက် စင်္ကာပူပြန်အဖွဲ့နှင့်နာကူ(ရန်ကုန်)ပူးပေါင်း၍အရိပ်ရသစ်ပင်မျိုးစုံစိုက်ပျိုးရန်မြေလွှာပြုပြင်ခြင်းစတင်နေပါပြီ။ သစ်ပင်စိုက်တယ်ဆိုတာ မြေကြီးထဲ အပင်ထိုးထည့်ယုံနှင့် မရ။မြေအနေအထားအရမြေဆီ လွှာကိုပြုပြင်၍စိုက်ရမည်ဖြစ်သည်။ လာရောက်လုပ်အားဒါနပြုသူများအားလုံးကို အထူးကျေးဇူးတင်ရှိသာဓု သာဓု သာဓုဟုခေါ်ဆိုအပ်ပါသည်။ (ကျော်သူ)’’ ဆိုပြီးတော့ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေရသူ တစ်ဦးဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို “တပြည်သူမရွှေထား” ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
Credit:Duwun





