“ဆံပင္အဖ်ားေတြကို ညွပ္ပစ္ဖို႔မလိုေတာ့ေအာင္ ဆံသားေကာင္းလာေစမယ့္ ေပါင္းတင္နည္းမ်ား။”….




ဆံပင္အရွည္ထားခ်င္ေပမယ့္္ ဆံပင္က ပ်က္စီးျပီးအားနည္းေနလို႕၊ ေျခာက္ေသြ႕ၾကမ္းတမ္းေနလို႕ ညွပ္ပစ္ရေကာင္းမလားဆိုျပီး….

ေတြေ၀ေနတဲ့ ပ်ိဳေမေလးေတြအတြက္ ပ်က္စီးျပီး အားနည္းေနတဲ့ ဆံပင္ေတြကို ညွပ္ထုတ္ပစ္ဖို႕မလုိဘဲ

ဆံပင္အရွည္ဆက္ထားလို႕ရေအာင္ ဒီနည္းေလးေတြြနဲ႕သာ ေပါင္းတင္ေပးလိုက္ပါ။ လြယ္ကူျပီး အကုန္အက်လည္းသက္သာလုိ႕

လူၾကိဳက္မ်ားေနတဲ့နည္္းလမ္းေလးေတြဆိုေတာ့ ပ်ိဳေမတို႕လည္း ၾကိဳက္မယ္လို႕ ထင္ပါတယ္ေနာ္။

(၁) ဆံသားအတြင္းပိုင္းထိျပဳျပင္ေပးမယ့္ေပါင္းတင္နည္း

ေထာပတ္သီး တစ္ျခမ္း၊ ၾကက္ဥအနွစ္တစ္လံုး၊ ၾကက္ဆူဆီတစ္ဇြန္္းတို႕ကို ေရာျပီးး သမေအာင္ေမႊပါ။ ဦးေရျပားနဲ႕ဆံပင္အႏွံ႕ရႊဲေနေအာင္

လိမ္းေပးျပီး မိနစ္ ၂၀ ထားေပးပါ။ ျပီးမွ ေရေအးနဲ႕ေခါင္းေလွ်ာ္ေပးလုိက္ပါ။ ဆံသားပ်က္စီးေနတာေတြြကို အတြင္္းပိုင္းအထိ

ျပဳျပင္ေပးတာေၾကာင့္ ဆံပင္ေတြညွပ္ထုတ္ပစ္ဖို႕ မလိုေအာင္ ျပန္ေကာင္းလာပါလိမ့္မယ္။ တစ္ပတ္ကို နွစ္ၾကိမ္လုပ္ေပးနိုင္ပါတယ္။



(၂) ၾကမ္းျပီးဖြာေနတဲ့ဆံပင္ေတြအတြက္ေပါင္းတင္နည္း

အုန္းဆီသံုးဇြန္း၊ ပ်ားရည္နွစ္ဇြန္း၊ ဒိန္ခ်ဥ္တစ္ဇြန္းတို႕ကို ေရာပီး ဦးေရျပားအနွံ႕နဲဲ႕ ဆံပင္အဖ်ားေတြြအထိ လိမ္းေပးပါ။ မိနစ္ ၂၀

ေလာက္ထားျပီး ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ေရေႏြးနဲ႕မေလွ်ာ္ဖို႕သတိျပဳပါ။ တစ္ပတ္ကို နွစ္ၾကိမ္လုပ္ေပးမယ္ဆုိရင္

ၾကမ္းတမ္းျပီးဖြာထြက္ေနတဲ့ ဆံပင္ေတြကို ျပန္လည္ေခ်ာေမြ႕လာေစပါလိမ့္မယ္။

(၃) ဆံပင္အျမစ္ေတြကိုအားျဖည့္ေပးတဲ့ေပါင္းတင္္နည္း

ရွားေစာင္းလက္ပပ္ ႏွစ္ဇြန္္း၊ ၾကက္ဆူဆီႏွစ္ဇြန္း၊ ပ်ားရည္နွစ္ဇြန္း တို႕ကို သမေအာင္ေမႊျပီး တစ္ေခါင္းလံုးအႏွံ႕လိမ္းေပးပါ။

နာရီ၀က္ေလာက္ထားျပီး ေရေအးနဲ႕ေခါင္းေလွ်ာ္ေပးလိုက္မယ္ဆိုရင္ ဆံပင္အျမစ္ေတြကို အားျပန္္ျဖည့္ေပးတာေၾကာင့္

ဆံပင္ကြ်တ္တာေတြ သက္သာသြားေစပါလိမ့္မယ္။

(၄) ဆံပင္အရွည္ျမန္ေစတဲ့ေပါင္းတင္နည္း

ၾကက္ဥတစ္လံုး၊ ပ်ားရည္တစ္ဇြန္း၊ ဒိန္ခ်ဥ္နွစ္ဇြန္းကို ေရာထားတဲ့အနွစ္ကို ဦးေရျပားနဲ႕ ဆံပင္အႏွံ႕လိမ္းေပးျပီး shower cap ေလးနဲ႕

မိနစ္ ၂၀ ေလာက္ေပါင္းထားေပးပါ။ ေရေအးနဲ႕ေခါင္းေလွ်ာ္ျပီး သဘာ၀အတိုင္းအေျခာက္ခံပါ။ ဒီနည္းကို တစ္ပတ္နွစ္ခါလုပ္ေပးမယ္ဆိုရင္

ဆံပင္ေတြြ သိသိသာသာအရွည္ျမန္လာတာကိုေတြ႕ရပါလိမ့္မယ္။

(၅) ဆံပင္အံုထူလာေစမယ့္ေပါင္းတင္နည္း

ေနၾကာဆီ နွစ္ဇြန္း၊ ဒိန္ခ်ဥ္ႏွစ္ဇြန္း၊ ၾကက္ဥအႏွစ္တစ္လံုးတို႕ကို ေရာျပီး သမေအာင္ေမႊပါ။ ေရေႏြးစိမ္ထားတဲ့ တဘက္နဲ႕ မိနစ္ ၂၀

ေလာက္ေပါင္းထားေပးျပီး ေရေအးနဲ႕ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ တစ္ပတ္ႏွစ္ခါေလာက္ လုပ္္ေပးရင္ ဆံပင္ကြ်တ္္တာရပ္သြားျပီး

ဆံပင္အံုထူလာေစပါတယ္။

MAY THAZINHTOO

Creidt:Aunty May

Unicodeဖြင့်ဖတ်ရန်

ဆံပင်အဖျားတွေကို ညှပ်ပစ်ဖို့မလိုတော့အောင် ဆံသားကောင်းလာစေမယ့် ပေါင်းတင်နည်းများ

ဆံပင်အရှည်ထားချင်ပေမယ့်် ဆံပင်က ပျက်စီးပြီးအားနည်းနေလို့၊ ခြောက်သွေ့ကြမ်းတမ်းနေလို့ ညှပ်ပစ်ရကောင်းမလားဆိုပြီး

တွေဝေနေတဲ့ ပျိုမေလေးတွေအတွက် ပျက်စီးပြီး အားနည်းနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ပစ်ဖို့မလိုဘဲ

ဆံပင်အရှည်ဆက်ထားလို့ရအောင် ဒီနည်းလေးတွေနဲ့သာ ပေါင်းတင်ပေးလိုက်ပါ။ လွယ်ကူပြီး အကုန်အကျလည်းသက်သာလို့

လူကြိုက်များနေတဲ့နည်းလမ်းလေးတွေဆိုတော့ ပျိုမေတို့လည်း ကြိုက်မယ်လို့ ထင်ပါတယ်နော်။

(၁) ဆံသားအတွင်းပိုင်းထိပြုပြင်ပေးမယ့်ပေါင်းတင်နည်း

ထောပတ်သီး တစ်ခြမ်း၊ ကြက်ဥအနှစ်တစ်လုံး၊ ကြက်ဆူဆီတစ်ဇွန်းတို့ကို ရောပြီးး သမအောင်မွှေပါ။

ဦးရေပြားနဲ့ဆံပင်အနှံ့ရွှဲနေအောင် လိမ်းပေးပြီး မိနစ် ၂၀ ထားပေးပါ။ ပြီးမှ ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်ပါ။

ဆံသားပျက်စီးနေတာတွေကို အတွင်းပိုင်းအထိ ပြုပြင်ပေးတာကြောင့် ဆံပင်တွေညှပ်ထုတ်ပစ်ဖို့ မလိုအောင်

ပြန်ကောင်းလာပါလိမ့်မယ်။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးနိုင်ပါတယ်။

(၂) ကြမ်းပြီးဖွာနေတဲ့ဆံပင်တွေအတွက်ပေါင်းတင်နည်း

အုန်းဆီသုံးဇွန်း၊ ပျားရည်နှစ်ဇွန်း၊ ဒိန်ချဉ်တစ်ဇွန်းတို့ကို ရောပီး ဦးရေပြားအနှံ့နဲ့ ဆံပင်အဖျားတွေအထိ လိမ်းပေးပါ။ မိနစ် ၂၀

လောက်ထားပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ရေနွေးနဲ့မလျှော်ဖို့သတိပြုပါ။ တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးမယ်ဆိုရင်

ကြမ်းတမ်းပြီးဖွာထွက်နေတဲ့ ဆံပင်တွေကို ပြန်လည်ချောမွေ့လာစေပါလိမ့်မယ်။

(၃) ဆံပင်အမြစ်တွေကိုအားဖြည့်ပေးတဲ့ပေါင်းတင်နည်း

ရှားစောင်းလက်ပပ် နှစ်ဇွန်း၊ ကြက်ဆူဆီနှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း တို့ကို သမအောင်မွှေပြီး တစ်ခေါင်းလုံးအနှံ့လိမ်းပေးပါ။

နာရီဝက်လောက်ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးလိုက်မယ်ဆိုရင် ဆံပင်အမြစ်တွေကို အားပြန်ဖြည့်ပေးတာကြောင့်

ဆံပင်ကျွတ်တာတွေ သက်သာသွားစေပါလိမ့်မယ်။

(၄) ဆံပင်အရှည်မြန်စေတဲ့ပေါင်းတင်နည်း

ကြက်ဥတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်းကို ရောထားတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းပေးပြီး shower cap

လေးနဲ့ မိနစ် ၂၀ လောက်ပေါင်းထားပေးပါ။ ရေအေးနဲ့ခေါင်းလျှော်ပြီး သဘာဝအတိုင်းအခြောက်ခံပါ။ ဒီနည်းကို

တစ်ပတ်နှစ်ခါလုပ်ပေးမယ်ဆိုရင် ဆံပင်တွေ သိသိသာသာအရှည်မြန်လာတာကိုတွေ့ရပါလိမ့်မယ်။

(၅) ဆံပင်အုံထူလာစေမယ့်ပေါင်းတင်နည်း

နေကြာဆီ နှစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်း၊ ကြက်ဥအနှစ်တစ်လုံးတို့ကို ရောပြီး သမအောင်မွှေပါ။ ရေနွေးစိမ်ထားတဲ့ တဘက်နဲ့ မိနစ် ၂၀

လောက်ပေါင်းထားပေးပြီး ရေအေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ တစ်ပတ်နှစ်ခါလောက် လုပ်ပေးရင် ဆံပင်ကျွတ်တာရပ်သွားပြီး

ဆံပင်အုံထူလာစေပါတယ်။

MAY THAZINHTOO

Creidt:Aunty May

Recent Updates

Recent Posts Widget