




မေမေတို့ရေ … ကျောင်းဖွင့်ခါနီးပြီဆိုတော့ သားငယ်သမီးငယ်တို့ကျောင်းတက်ဖို့ လိုအပ်တာတွေ ဝယ်စုနေကြပြီပေါ့နှော်… ကလေးထမင်းဗူးဝယ်ရင် ပုံထဲက ဗူးမျိုးမဝယိမိပါစေနဲ့နှော်… မနှစ်က ကျမသမီးအတွက် frozen တဗူး hello kitty တဗူး ဝယ်ပေးဖူးပါတယ် …. ဈေးလဲချို ချစ်စရာလေးမို့ ၂ ဗူး အလဲအလှယ်ထည့်ရင်း တလလောက်နေမှ သတိထားမိပါတယ် …. ။




စေတနာသက်သက်မျှသာ

Aye Phyu
Credit  \  original

Unicode

တရက်တော့ မနက်ထည့်ပေးလိုက်တဲ့ ထမင်းဟင်း ညနေ ကျောင်းဆင်းလို့ ထမင်းဗူးဆေးချိန် အရမ်းနံနေတာ မသင်္ကာလို့ ရေနွေးပူနဲ့ ပြုတ်လိုက်သောအခါ

အတွေ့အကြုံလေးမျှဝေပါရစေရှင့်

မေမေတို့ရေ … ကျောင်းဖွင့်ခါနီးပြီဆိုတော့ သားငယ်သမီးငယ်တို့ကျောင်းတက်ဖို့ လိုအပ်တာတွေ ဝယ်စုနေကြပြီပေါ့နှော်… ကလေးထမင်းဗူးဝယ်ရင် ပုံထဲက ဗူးမျိုးမဝယိမိပါစေနဲ့နှော်… မနှစ်က ကျမသမီးအတွက် frozen တဗူး hello kitty တဗူး ဝယ်ပေးဖူးပါတယ် …. စျေးလဲချို ချစ်စရာလေးမို့ ၂ ဗူး အလဲအလှယ်ထည့်ရင်း တလလောက်နေမှ သတိထားမိပါတယ် …. ။

ဒုတိယ ပုံထဲမှာ ဝိုင်းပြထားတဲ့အပေါက်ကလေးက အဖုံးရယ် အပေါ် ၂ ဆင့် ဖင်ဘက်မှာ ပါပါတယ် အဲဒီအပေါက်ကလေးက silicon လေးနဲ့ အုပ်ထားပေမယ့် မလုံပါဘူး… အဲဒီအပေါက်ထဲကို ဟင်းရည်တွေရယ် .. ထမင်းဗူးဆေးတဲ့အခါ ဆပ်ပြာရည်တွေရယ် ဝင်ကုန်ပါတယ် ခါထုတ်လဲ တော်ရုံမထွက်ပါဘူး…

တပတ်လောက်ကြာတော့ အဲဒီအရည်တွေက အထဲမှာအောင်းပြီး ပိုးတွယ်လာပါတယ် … ။ ခါထုတ်လို့ ထွက်လာတဲ့ရေက ပုပ်စော် နံလာပါတယ် ရေနွေးနဲ့ ပြုတ်ဆေးလဲ အထဲဝင်သွားတဲ့ အရည်တွေက ပြန်မထွက်ပါဘူး… . ။

တရက်တော့ မနက်ထည့်ပေးလိုက်တဲ့ ထမင်းဟင်း ညနေ ကျောင်းဆင်းလို့ ထမင်းဗူးဆေးချိန် အရမ်းနံနေတာ မသင်္ကာလို့ ရေနွေးပူနဲ့ ပြုတ်လိုက်တော့ ပိုးကောင်(လောက်ကောင်လေးတွေ) ထွက်လာတာ ကြက်သီးတောင်ထမိပါတယ် အဲဒီအပေါက်နေရာကို ဓားနဲ့ ကလော်ကြည့်တော့ အထဲမှာ တော်တော်ကျယ်ပါတယ် နော် ….. ။ မှိုတွေနဲ့ ညစ်ပတ်နံစော်နေပါတယ် အဲ့ဒီနေ့က စပြီး အဲ့ဒီဗူးတွေ ကိုယ်တိုင်လဲ မသုံးတော့သလို မေမေတို့ကိုလဲ လက်လှမ်းမှီသလောက် ပြောပြမိပါတယ်နော် …. ။

စေတနာသက်သက်မျှသာ

Aye Phyu

Credit  \  original

Recent Updates

Recent Posts Widget