ရႊံ႕ေတာထဲမွာ ေတြ႔ခဲ႔တဲ႔ ကေလးတစ္ေယာက္ရဲ႕ အိပ္မက္ကို ျဖည့္ဆည္းေပးခဲ႔သူ




စိုင္းလူေခး ဆိုတဲ႔ ပရဟိတ လူငယ္ေလးဟာ ဇြန္လ (၉) ရက္ေန႔က ခက္ခဲတဲ႔ ရြာေတြကို သြားေရာက္ ကူညီရင္း လမ္းေဘးမွာ စက္ဘီးအပ်က္တစ္စီးနဲ႔ ကေလးေလးကို ေတြ႔ခဲ႔တာ ျဖစ္ပါတယ္. .အဲဒီကေလးကို ေတြ႔တာနဲ႔ သူက စိတ္မေကာင္းျဖစ္ျပီး ခုလို Post တင္ခဲ႔ပါတယ္



“ဒီကေလးရဲ႕ အိပ္မက္က စက္ဘီး တစ္စီး ပိုင္ခ်င္တယ္ တဲ့. .

ညီေလးရဲ႕. .အႀကီးမားဆုံး အ႐ုိး႐ွင္းဆုံး အိပ္မက္ကို က်ေနာ္ ႀကိဳးစား ျဖည့္စည္းေပးခ်င္တယ္. .


.စက္ဘီး တစ္စီးထမ္းၿပီး ညီေလး႐ွိရာ လာခဲ့မယ္ဗ်ာ. . ခက္ခဲေဒoက လယ္ေခါင္းရြာ.

သိပ္မၾကာညီေလးရဲ႕ အိပ္မက္ေတြ တကယ္ျဖစ္လာေတာ့မွာပါ” ဆိုျပီး Post တင္ခဲ႔တာျဖစ္ပါတယ္

ခုေတာ့



#သူ႔စိတ္‌ကူးအိပ္‌မက္‌‌ေတြတကယ္‌ျဖစ္‌လာၿပီ….စိုင္းလူေခးဆိုတဲ႔ လူငယ္ေလးက ဒီတစ္ေခါက္ အဲဒီခရီးကို အသြားမွာ အဲဒီကေလးအတြက္ စက္ဘီးတစ္စီး သယ္သြားေပးခဲ႔ပါတယ္


“ခက္‌ခဲ‌ေဒသကို ပရဟိတခရီးသြားရင္‌းလမ္‌းမွာ ဒီညီ‌ေလးကို ‌ေတြ႔လိုက္‌တယ္‌. ေနာက္‌ဘီးမပါတဲ့ စက္‌ဘီးကို အဆင္‌‌ေျပသလိုပုံစံအမ်ိဳးမ်ိဳးစီးလို႔

စကား‌ေျပာၾကည္‌့လိုက္‌‌ေတာ့. . သူစက္‌ဘီးတစ္‌စီး အရမ္‌းလိုခ်င္‌တယ္‌တဲ့ . .

ဒါက တကယ္‌႐ိုး႐ွင္‌းတဲ့ သူ႔ရဲ႕ အိပ္‌မက္‌ပါပဲ. .

ဒီ‌ေန႔‌ေတာ့. .သူ႔ကို ႀကိဳတင္‌မ‌ေၾကာင္‌းမၾကားပဲ စက္‌ဘီးကို ခက္‌ခက္‌ခဲခဲသယ္‌ယူၿပီးသူ႔ကို လက္‌‌ေဆာင္‌အျဖစ္‌‌ေပးလိုက္‌တယ္‌. ..

က်‌ေနာ္‌နဲ႔ စက္‌ဘီးကို ျမင္‌လိုက္‌တာနဲ႔. .ပါးစပ္‌‌ေပါက္‌‌ေတြအ‌ေဟာင္‌းသား ျဖစ္‌သြားတဲ့အထိသူ ခဏ ဆြံ ့အ သြားခဲ့တယ္‌. .

သူ႔မ်က္‌စိ‌ေတြ အ‌ေရာက္‌‌ေတာက္‌လာတယ္‌. .ၿပီး‌ေတာ့မွ အသံတုန္‌‌ေလးနဲ႔ #က်‌ေနာ္‌့အတြက္‌လား တဲ့

ဟုတ္‌တယ္‌ ညီ‌ေလး ညီ‌ေလးအတြက္‌ ဟိုးအ‌ေဝးႀကီးက‌ေန ခက္‌ခက္‌ခဲခဲ သယ္‌လာခဲ့တာ ဆို‌ေတာ့

သူဘာ‌မွ‌ျပန္‌မ‌ေျပာ‌ေတာ့ဘူး ‌ေက်းဇူးတင္‌ပါတယ္‌ဆိုတဲ့အၾကည္‌့နဲ႔ စက္‌ဘီး‌ေပၚတက္‌ခြလိုက္‌တယ္‌. .

သူ႔အိပ္‌မက္‌‌ေတြ တကယ္‌ျဖစ္‌လာပါၿပီ. .”

Sai LUkhay

Credit  \\  original

Unicode

စိုင်းလူခေး ဆိုတဲ့ ပရဟိတ လူငယ်လေးဟာ ဇွန်လ (၉) ရက်နေ့က ခက်ခဲတဲ့ ရွာတွေကို သွားရောက် ကူညီရင်း လမ်းဘေးမှာ စက်ဘီးအပျက်တစ်စီးနဲ့ ကလေးလေးကို တွေ့ခဲ့တာ ဖြစ်ပါတယ်. .အဲဒီကလေးကို တွေ့တာနဲ့ သူက စိတ်မကောင်းဖြစ်ပြီး ခုလို Post တင်ခဲ့ပါတယ်

“ဒီကလေးရဲ့ အိပ်မက်က စက်ဘီး တစ်စီး ပိုင်ချင်တယ် တဲ့. .

ညီလေးရဲ့. .အကြီးမားဆုံး အရိုးရှင်းဆုံး အိပ်မက်ကို ကျနော် ကြိုးစား ဖြည့်စည်းပေးချင်တယ်. .

.စက်ဘီး တစ်စီးထမ်းပြီး ညီလေးရှိရာ လာခဲ့မယ်ဗျာ. . ခက်ခဲဒေoက လယ်ခေါင်းရွာ.

သိပ်မကြာညီလေးရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ” ဆိုပြီး Post တင်ခဲ့တာဖြစ်ပါတယ်

ခုတော့

#သူ့စိတ်‌ကူးအိပ်‌မက်‌‌တွေတကယ်‌ဖြစ်‌လာပြီ….စိုင်းလူခေးဆိုတဲ့ လူငယ်လေးက ဒီတစ်ခေါက် အဲဒီခရီးကို အသွားမှာ အဲဒီကလေးအတွက် စက်ဘီးတစ်စီး သယ်သွားပေးခဲ့ပါတယ်

“ခက်‌ခဲ‌ဒေသကို ပရဟိတခရီးသွားရင်‌းလမ်‌းမှာ ဒီညီ‌လေးကို ‌တွေ့လိုက်‌တယ်‌. နောက်‌ဘီးမပါတဲ့ စက်‌ဘီးကို အဆင်‌‌ပြေသလိုပုံစံအမျိုးမျိုးစီးလို့

စကား‌ပြောကြည်‌့လိုက်‌‌တော့. . သူစက်‌ဘီးတစ်‌စီး အရမ်‌းလိုချင်‌တယ်‌တဲ့ . .

ဒါက တကယ်‌ရိုးရှင်‌းတဲ့ သူ့ရဲ့ အိပ်‌မက်‌ပါပဲ. .

ဒီ‌နေ့‌တော့. .သူ့ကို ကြိုတင်‌မ‌ကြောင်‌းမကြားပဲ စက်‌ဘီးကို ခက်‌ခက်‌ခဲခဲသယ်‌ယူပြီးသူ့ကို လက်‌‌ဆောင်‌အဖြစ်‌‌ပေးလိုက်‌တယ်‌. ..

ကျ‌နော်‌နဲ့ စက်‌ဘီးကို မြင်‌လိုက်‌တာနဲ့. .ပါးစပ်‌‌ပေါက်‌‌တွေအ‌ဟောင်‌းသား ဖြစ်‌သွားတဲ့အထိသူ ခဏ ဆွံ ့အ သွားခဲ့တယ်‌. .

သူ့မျက်‌စိ‌တွေ အ‌ရောက်‌‌တောက်‌လာတယ်‌. .ပြီး‌တော့မှ အသံတုန်‌‌လေးနဲ့ #ကျ‌နော်‌့အတွက်‌လား တဲ့

ဟုတ်‌တယ်‌ ညီ‌လေး ညီ‌လေးအတွက်‌ ဟိုးအ‌ဝေးကြီးက‌နေ ခက်‌ခက်‌ခဲခဲ သယ်‌လာခဲ့တာ ဆို‌တော့

သူဘာ‌မှ‌ပြန်‌မ‌ပြော‌တော့ဘူး ‌ကျေးဇူးတင်‌ပါတယ်‌ဆိုတဲ့အကြည်‌့နဲ့ စက်‌ဘီး‌ပေါ်တက်‌ခွလိုက်‌တယ်‌. .

သူ့အိပ်‌မက်‌‌တွေ တကယ်‌ဖြစ်‌လာပါပြီ. .”

Sai LUkhay

Credit  \\  original

Recent Updates

Recent Posts Widget