“ကခ်င္ျပည္နယ္ ဆဒုံးၿမိဳ႕က ရပ္ကြက္ထဲအထိ ၀င္လာခဲ့တဲ႔ ထိတ္လန္႔စရာ ေတာင္က်ေရ (ရုပ္သံ)”
ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႔နယ္ ဆဒုံးၿမိဳ႕ ရပ္ကြက္(2) တြင္မိုးဆက္တိုက္ရြာသြန္း၍ ဆဒုံးေစ်းအတြင္း႐ွိ ဆိုင္ခန္းမ်ား ေျပာင္းေရႊ႔သြားၾကပီ ျဖစ္ပါသည္။
ရုပ္သံၾကည့္ရန္
ကြန္ကရစ္တံတား ေရေက်ာ္ေနပါျပီ။ ေတာင္က်ေရ စီးဆင္းမႈ့႔ အေျခအေနမ်ားကို ဆဒုံး NLD ျပန္ၾကားေရး မွ ကိုေနာ့္ေနာ္ ေပးပို႔ထားတာပါ။ သတင္းေပးပို႔ေနစဥ္အတြင္း connection ျပတ္သြားပါသည္။
25,6,2019. ေန႔ထက္ ေတာင္က်ေရ ပိုမိုအ႐ွိန္ျပင္းပါသည္။ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလဂန္ဇယ္ဂ်ံဳး ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇယ္ေခါင္ ႏွင့္ ၿမိဳ႔နယ္အလုပ္အမႈ႔ေဆာင္မ်ား ဆဒုံးၿမိဳ႕သို႔. ခ်က္ျခင္း ထြက္ခြါသြားၿပီ ျဖစ္ပါသည္။
ကခ်င္ျပည္နယ္ ျမစ္ႀကီးနား-ဝိုင္းေမာ္-ဆဒုံး-ကန္ပိုင္တီး လမ္းမႀကီးတေလ်ွာက္တြင္ မိုးသည္းထန္စြာ ရြာသြန္းမႈ႕ေၾကာင့္ ေတာင္ၿပိဳမႈ႔မ်ား ကားလမ္းေပၚေရေက်ာ္ေနမႈ႔မ်ား ျဖစ္ေပၚေနပါေၾကာင္း ခရီးသြားမိဘျပည္သူမ်ား သိ႐ွိေစရန္ တင္ျပေပးလိုက္ပါသည္။
27 ရက္ေန႔မနက္ မိုးသည္းထန္စြာ ရြာသြန္းမႈ႔ေၾကာင့္ ဝိုင္းေမာ္ၿမိဳ႔နယ္ ဆိုင္ေလာ္ေက်းရြာ ေကါန္ခမ္းႀကိဳးတံတားပုံပၚအတိုင္း ေမ်ွာပါပ်က္စီးေနစဥ္။
Credit – maharmedianews
Unicode Versio
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ ရပ်ကွက်(2) တွင်မိုးဆက်တိုက်ရွာသွန်း၍ ဆဒုံးဈေးအတွင်းရှိ ဆိုင်ခန်းများ ပြောင်းရွှေ့သွားကြပီ ဖြစ်ပါသည်။
ရုပ်သံကြည့်ရန
ကွန်ကရစ်တံတား ရေကျော်နေပါပြီ။ တောင်ကျရေ စီးဆင်းမှု့ အခြေအနေများကို ဆဒုံး NLD ပြန်ကြားရေး မှ ကိုနော့်နော် ပေးပို့ထားတာပါ။ သတင်းပေးပို့နေစဉ်အတွင်း connection ပြတ်သွားပါသည်။
25,6,2019. နေ့ထက် တောင်ကျရေ ပိုမိုအရှိန်ပြင်းပါသည်။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင် နှင့် မြို့နယ်အလုပ်အမှု့ဆောင်များ ဆဒုံးမြို့သို့. ချက်ခြင်း ထွက်ခွါသွားပြီ ဖြစ်ပါသည်။
ကချင်ပြည်နယ် မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီး လမ်းမကြီးတလျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု့ကြောင့် တောင်ပြိုမှု့များ ကားလမ်းပေါ်ရေကျော်နေမှု့များ ဖြစ်ပေါ်နေပါကြောင်း ခရီးသွားမိဘပြည်သူများ သိရှိစေရန် တင်ပြပေးလိုက်ပါသည်
27 ရက်နေ့မနက် မိုးသည်းထန်စွာ ရွာသွန်းမှု့ကြောင့် ဝိုင်းမော်မြို့နယ် ဆိုင်လော်ကျေးရွာ ကေါန်ခမ်းကြိုးတံတားပုံပါ်အတိုင်း မျှောပါပျက်စီးနေစဉ်။
Credit – maharmedianews





