“ပထမအႀကိမ္ သိန္း ၁ ေသာင္းကံထူးသည့္ ဆရာေတာ္မွ ထာဝရၿငိမ္းခ်မ္းေရး ေစတီေတာ္အတြက္ ေငြက်ပ္သိန္း ၁၀၀၀ လွဴဒါန္း”
ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ ဆင္ျဖဴရွင္ရပ္ကြက္ရွိ “ေအးေမတၱာစံ” ေတာင္နီေလး ပရဟိတေက်ာင္းတိုက္၌ က်င္းပသည့္ “ေအးေမတၱာစံ” ေတာင္နီေလး ပရဟိတ ေက်ာင္းတိုက္ ပဓာနနာယက ဆရာေတာ္ ဘဒၵႏၲစႏၵိမာ၏ ၀ိဇာတေမြးေန႔မဂၤလာတြင္ ထာဝရ ၿငိမ္းခ်မ္းေရးေစတီေတာ္ ျမတ္ႀကီးအတြက္ ေငြက်ပ္သိန္း ၁၀၀၀ လွဴဒါန္းပြဲ အခမ္းအနားသုိ႔ တက္ေရာက္ ၾကည္ညိဳၾကသည္။
ခမ္းအနားတြင္ ႏုိင္ငံေတာ္သမၼတႏွင့္ ဇနီး၊ ဧည့္ပရိသတ္မ်ားသည္ ပဲခူးတုိင္း ေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ ဆြာၿမိဳ႕ စက္႐ုံေက်ာင္းတုိက္ ပဓာနနာယက ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲသာသနထံမွ ငါးပါးသီလခံယူေဆာက္တည္ ၾကၿပီး သံဃာေတာ္ အရွင္သူျမတ္တို႔ ရြတ္ပြားသရဇၥ်ာယ္ေတာ္မူေသာ ေမတၱာသုတ္ ပရိတ္တရားေတာ္တို႔ကုိ နာယူၾကသည္။
“ေအးေမတၱာစံ” ေတာင္နီေလး ပရဟိတေက်ာင္းတိုက္ ပဓာန နာယက ဆရာေတာ္ ဘဒၵႏၲစႏၵိမာက ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္ျမတ္ႀကီး အတြက္ ေငြက်ပ္ သိန္း ၁၀၀၀ ကို ေပးအပ္လွဴဒါန္းရာ ႏုိင္ငံေတာ္သမၼတက လက္ခံရယူၿပီး ဂုဏ္ျပဳ မွတ္တမ္းလႊာ ျပန္လည္ ဆက္ကပ္သည္။
ႏုိင္ငံေတာ္သမၼတက ထာဝရၿငိမ္းခ်မ္းေရးေစတီေတာ္ျမတ္ႀကီးအတြက္ ေငြက်ပ္သိန္း ၁၀၀၀ ကို ထာ၀ရၿငိမ္းခ်မ္းေရးေစတီေတာ္ တည္ေဆာက္ေရး ဦးစီးေကာ္မတီ ဒုတိယဥကၠ႒ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးၾကည္မင္းထံ လႊဲေျပာင္း ေပးအပ္သည္။
Ref: MOI Webportal Myanmar
Credit \\ original
Unicode Version
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဆင်ဖြူရှင်ရပ်ကွက်ရှိ “အေးမေတ္တာစံ” တောင်နီလေး ပရဟိတကျောင်းတိုက်၌ ကျင်းပသည့် “အေးမေတ္တာစံ” တောင်နီလေး ပရဟိတ ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ ဝိဇာတမွေးနေ့မင်္ဂလာတွင် ထာဝရ ငြိမ်းချမ်းရေးစေတီတော် မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက် ကြည်ညိုကြသည်
အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များသည် ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ စက်ရုံကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလခံယူဆောက်တည် ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်တို့ကို နာယူကြသည်
“အေးမေတ္တာစံ” တောင်နီလေး ပရဟိတကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာက ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီး အတွက် ငွေကျပ် သိန်း ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်သမ္မတက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ဆက်ကပ်သည်။
ငံတော်သမ္မတက ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီးအတွက် ငွေကျပ်သိန်း ၁၀၀၀ ကို ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းထံ လွှဲပြောင်း ပေးအပ်သည်။
Credit \\ original









