“ကေလးကို ေသမင္းလက္ကေန လက္မတင္ေလး ကယ္နိုင္လိုက္တဲ့ မိခင္ (႐ုပ္သံ)”




မိခင္ေတြရဲ့ သားသမီးငယ္ေလးေတြအေပၚ မွာ စကၠန႔္မလပ္ အႏၲရာယ္ကင္းေအာင္ ေစာင့္ေရွာက္ေနတဲ့ စိတ္က ထူးဆန္းလြန္းပါတယ္။ မေလးရွားနိုင္ငံရဲ့ ႐ုံးခန္းအထပ္ျမင့္ အေဆာက္အဦးတစ္ခုမွာ ျဖစ္ပ်က္ခဲ့တဲ့ ရင္ထိတ္စရာ ႐ုပ္သံက သားသမီးေတြနဲ႔ ပက္သက္လာရင္ မိခင္ေတြရဲ့ နိုးၾကားစိတ္နဲ႔ လၽွင္ျမန္ဖ်တ္လတ္မွုကို အံၾသစရာေကာင္းေလာက္ေအာင္ ေတြ႕ျမင္ခဲ့ရပါတယ္။

ရုပ္သံၾကည့္ရန္


႐ုပ္သံမွာ ဓါတ္ေလွကားထဲကေန အသက္ ၂ ႏွစ္ ၃ ႏွစ္ဝန္းက်င္ ကေလးနဲ႔ မိခင္တို႔ သားအမိႏွစ္ေယာက္ အတူတူထြက္လာၾကၿပီး ႐ုံးခန္းအေပါက္ဝမွာ ရပ္ေစာင့္ေနစဥ္ မိခင္က ဖုန္းေျပာေနပါတယ္။ အဲဒီအခ်ိန္မွာ ကေလးက မေျပာမဆိုနဲ႔ အေရးေပၚ ေလွကား အကာလက္ရန္း နားကို ထြက္သြားခဲ့ပါတယ္။ လက္ရန္းက အကာေတြ က်ိဳးေနတဲ့အတြက္ အေပါက္ႀကီးျဖစ္ေနၿပီး ကေလးက ငုံၾကည့္စဥ္အားလြန္ၿပီး ဦးေခါင္းစိုက္ကာ ျပဳတ္က်သြားခဲ့ပါတယ္။


ဒီအခ်ိန္မွာ တစ္ဖက္ကသာ ဖုန္းေျပာေနေပမယ့္ ကေလးဆီမွာပဲ အား႐ုံစိုက္ထားတဲ့ မိခင္က အေျပးအလႊားသြားၿပီး ကေလးကို ရတဲ့ေနရာက ဖမ္းဆြဲလိုက္ရာ ကေလးရဲ့ ေျခဖ်ားေလးကို ဆြဲထားနိုင္ခဲ့ပါတယ္။ အျဖစ္အပ်က္ေၾကာင့္ ႐ုံးထဲက အမ်ိဳးသမီးေတြ ထိတ္ထိတ္ပ်ာပ်ာနဲ႔ ထြက္လာၿပီး ကေလးကို ဝိုင္းဝန္းကူညီ ဆြဲတင္ခဲ့ပါတယ္။

မိခင္သာ ေနာက္ထပ္ စကၠန႔္ဝက္ေလာက္ ေနာက္က်သြားမယ္ဆိုရင္ ကေလးရဲ့ အျဖစ္က မေတြ႕ဝံ့ေတာ့ပါဘူး။ ဒီအျဖစ္ပ်က္ဟာ ကာယကံရွင္ေတြကိုသာမက ႐ုပ္သံၾကည့္ရွုရတဲ့ လူတိုင္းကို သည္းထိတ္ရင္ဖိုနဲ႔ ေျခဖ်ားလက္ဖ်ားေတြေတာင္ ေအးေစခဲ့ပါတယ္။အဆိုပါ႐ုပ္သံ အြန္လိုင္းမွာ ပ်ံ႕ႏွံ့ခဲ့ၿပီး မိခင္ျဖစ္သူကို အားလုံးက ဝိုင္းဝန္းခ်ီးက်ဴးေနၾကပါတယ္။

Credit: Popolay

Unicode Version

မိခင်တွေရဲ့ သားသမီးငယ်လေးတွေအပေါ် မှာ စက္ကန့်မလပ် အန္တရာယ်ကင်းအောင် စောင့်ရှောက်နေတဲ့ စိတ်က ထူးဆန်းလွန်းပါတယ်။ မလေးရှားနိုင်ငံရဲ့ ရုံးခန်းအထပ်မြင့် အဆောက်အဦးတစ်ခုမှာ ဖြစ်ပျက်ခဲ့တဲ့ ရင်ထိတ်စရာ ရုပ်သံက သားသမီးတွေနဲ့ ပက်သက်လာရင် မိခင်တွေရဲ့ နိုးကြားစိတ်နဲ့ လျှင်မြန်ဖျတ်လတ်မှုကို အံသြစရာကောင်းလောက်အောင် တွေ့မြင်ခဲ့ရပါတယ်။

ရုပ်သံကြည့်ရန်


ရုပ်သံမှာ ဓါတ်လှေကားထဲကနေ အသက် ၂ နှစ် ၃ နှစ်ဝန်းကျင် ကလေးနဲ့ မိခင်တို့ သားအမိနှစ်ယောက် အတူတူထွက်လာကြပြီး ရုံးခန်းအပေါက်ဝမှာ ရပ်စောင့်နေစဉ် မိခင်က ဖုန်းပြောနေပါတယ်။ အဲဒီအချိန်မှာ ကလေးက မပြောမဆိုနဲ့ အရေးပေါ် လှေကား အကာလက်ရန်း နားကို ထွက်သွားခဲ့ပါတယ်။ လက်ရန်းက အကာတွေ ကျိုးနေတဲ့အတွက် အပေါက်ကြီးဖြစ်နေပြီး ကလေးက ငုံကြည့်စဉ်အားလွန်ပြီး ဦးခေါင်းစိုက်ကာ ပြုတ်ကျသွားခဲ့ပါတယ်။


ဒီအချိန်မှာ တစ်ဖက်ကသာ ဖုန်းပြောနေပေမယ့် ကလေးဆီမှာပဲ အားရုံစိုက်ထားတဲ့ မိခင်က အပြေးအလွှားသွားပြီး ကလေးကို ရတဲ့နေရာက ဖမ်းဆွဲလိုက်ရာ ကလေးရဲ့ ခြေဖျားလေးကို ဆွဲထားနိုင်ခဲ့ပါတယ်။ အဖြစ်အပျက်ကြောင့် ရုံးထဲက အမျိုးသမီးတွေ ထိတ်ထိတ်ပျာပျာနဲ့ ထွက်လာပြီး ကလေးကို ဝိုင်းဝန်းကူညီ ဆွဲတင်ခဲ့ပါတယ်။

မိခင်သာ နောက်ထပ် စက္ကန့်ဝက်လောက် နောက်ကျသွားမယ်ဆိုရင် ကလေးရဲ့ အဖြစ်က မတွေ့ဝံ့တော့ပါဘူး။ ဒီအဖြစ်ပျက်ဟာ ကာယကံရှင်တွေကိုသာမက ရုပ်သံကြည့်ရှုရတဲ့ လူတိုင်းကို သည်းထိတ်ရင်ဖိုနဲ့ ခြေဖျားလက်ဖျားတွေတောင် အေးစေခဲ့ပါတယ်။အဆိုပါရုပ်သံ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး မိခင်ဖြစ်သူကို အားလုံးက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

Credit: Popolay

Recent Updates

Recent Posts Widget