ပစၥည္းတစ္ခုခု ၀ယ္တဲ့အခါ ပါလာတဲ့ ဒီအထုပ္ေလးေတြကို လံုးဝ လႊင့္မျပစ္ၾကပါနဲ႔
ပစၥည္းတစ္ခုခု ၀ယ္တဲ့အခါ ပါတဲ့ ဒီအထုပ္ေလးေတြကို လံုးဝ လႊင့္မျပစ္ၾကပါနဲ႔။ မုန္႔ဘူးေတြ ကင္မရာဘူးေတြ ဖိနပ္ဘူးေတြ ေဆးဗူးေတြ စသည့္ ပစၥည္းတစ္ခုခုထဲမွာ Silica Gel Bags လို႔ေခၚတဲ႔ ဂ်ယ္လီလုိ အလံုးေလးေတြ အေစ႔ေလးေတြပါတဲ႔ အိတ္ေလးကို ေတြ႔ဖူးၾကမွာပါ။ဒီအထုပ္ေလးေတြကို ေတြ႔တာနဲ႔ အသံုးမလုိ ေလာက္ဘူး အႏၲရာယ္ရွိမလားမသိဘူးဆုိျပီး လႊင္႔ပစ္လုိက္ၾကပါတယ္။ တကယ္တမ္းမွာေတာ႔ ဒီအိတ္ေလးေတြက အရမ္းကို အသံုးဝင္ပါတယ္။ သူဟာ ဆီလီကြန္ဒိုင္ေအာက္ဆုိက္ဒ္ျဖစ္ျပီး ဆီလီကြန္ဒိုင္ေအာက္ဆုိဒ္ဟာ ေဘးနားက အရာဝတၳဳေတြကို ေျခာက္ေသြ႔ေနေစတာျဖစ္ပါတယ္။ ဒါဟာ အဆိပ္မဟုတ္ပါဘူး။
ဒါေပမဲ႔ ကေလးေတြကိုေတာ႔ မထိေတြ႔ေစ ခိုင္းသင္႔ပါဘူး။ ေကာက္စားလိုက္တာမ်ိဳး ျဖစ္မွာစိုးလို႔ပါ။ Silica Gel Bags လို႔ေခၚတဲ႔ ဒီအိတ္ ေလးေတြရဲ႕ အသံုးဝင္ပံုက အံ႔မခန္းပါပဲ။ … (၁) ကိုယ္႔ရဲ႕ Gym ပစၥည္းအသံုးအေဆာင္ ထည္႔တဲ႔အိတ္ထဲကို ထည္႔ထားရင္,ဗက္တီးရီးယားနဲ႔ မႈိေပါက္ဖြားျခင္း မရွိေအာင္ကာကြယ္ေပးႏိုင္ပါေသးတယ္။ အန႔ံဆိုးေတြကိုလည္း ေပ်ာက္ကင္းေစပါတယ္။… (၂) ဖုန္းကို မေတာ္တဆ ေရထိသြားရင္ ဒီအထုပ္ေလးေတြ ကူႏိုင္ကယ္ႏိုင္ပါတယ္။ သူက ဆန္ထဲမွာ ထားတာထက္ေတာင္ ပိုစြမ္းပါေသးတယ္။ ဒီအထုပ္ေလးေတြအမ်ားၾကီးကို ခြက္ထဲထည္႔ျပီး ဖုန္းကိုထားလုိက္ပါ။ စိုထိုင္းမႈကို အလ်င္ျမန္ဆံုးစုပ္ယူလိုက္ႏိုင္ပါတယ္။…. (၃) ဓာတ္ပံုေဟာင္းေတြကိုလည္း မပ်က္စီးေစဖုိ႔ ကယ္တင္ႏိုင္ပါေသးတယ္။ ဓာတ္ပံုအေဟာင္းေတြကို ဘူးတစ္ခုထဲမွာ သိမ္းထားတယ္ဆုိရင္ အဲဒီဘူးထဲကို ဒီအိတ္ ေလးေတြ ထည္႔ထားလိုက္ပါ။ ဓာတ္ပံုေတြ ေဆးကြာ ပူးကပ္ျပီး ပ်က္စီးျခင္းမွ ကာကြယ္ေပးႏိုင္ပါတယ္။
(၄) သူ႔ကို ကားမွန္ေအာက္ေျခ ကားဒတ္ရွ္ ဘုတ္ေပၚ တင္ထားမယ္ဆုိရင္လည္း ျမဴေတြ ႏွင္းေတြေၾကာင္႔ ကားမွန္စိုစြတ္တာမ်ိဳး မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါေသးတယ္။… (၅) ကင္မရာအိတ္ထဲ ထည္႔ထားမယ္ဆုိရင္ လည္း ကင္မရာကို ေျခာက္ေသြ႔စြာ သိမ္းဆည္း ထားႏိုင္မွာပဲျဖစ္ပါတယ္။… (၆) မုတ္ဆိတ္ရိတ္ဓားေတြကို ၾကာရွည္ ထက္ျမေနေစေခ်င္ရင္ ဒီအိတ္ေလးေတြကို သံုးႏိုင္ပါတယ္။ မုတ္ဆိတ္ရိတ္ဓားေတြ ထားတဲ႔ေနရာမွာ ဒီအိတ္ေလးေတြကိုထားေပးမယ္ဆုိရင္ အစိုဓာတ္ေတြကို စုပ္ယူေပးျပီး မုတ္ဆိတ္ ရိတ္ဓားေတြ တာရွည္ခံေစဖို႔ ကူညီေပးပါတယ္။… (၇) ခရီးေဆာင္အိတ္ထဲမွာ ထည္႔သြားမယ္ဆုိ ရင္လည္း အန႔ံအသက္ကင္းျပီး ေျခာက္ေသြ႔မႈ ရွိေနေစမွာ ျဖစ္ပါတယ္။… (၈) သူက ေရႊထည္ေငြထည္ပစၥည္းေတြကိုလည္း အေရာင္မလြင္႔ေအာင္ ကာကြယ္ႏိုင္တာမို႔ လက္ဝတ္ရတနာ သိမ္းတဲ႔ေနရာမွာလည္း သူ႔ကို သံုးႏိုင္ပါတယ္။ .. (၉) သစ္ေစ႔ေတြ မ်ိဳးေစ႔ေတြကို ေျခာက္ေျခာက္ ေသြ႔ေသြ႔ သိမ္းဆည္းရမယ္ဆိုရင္လည္းေလလံုတဲ႔ဘူးထဲမွာ ဒီအိတ္ေလးေတြကို ထည္႔ျပီး သိမ္းဆည္းေပးႏိုင္ပါတယ္။
(၁၀) စကၠဴနဲ႔အျခားေသာ စာရြက္စာတမ္းေတြကို မိႈတက္ပ်က္စီးတာမ်ိဳး မျဖစ္ေစဖုိ႔ စာရြက္ေတြ သိမ္းဆည္းတဲ႔ေနရာမွာ ဒီအထုပ္ေလးေတြကို ထားေပးလုိ႔ရပါတယ္။… (၁၁) ေဆးဘူးေတြနဲ႔ မုန္႔ဘူးေတြထဲမွာ ဒီအထုပ္ ေလးေတြကို ထားသိုတယ္ဆုိတာက အစိုျပန္မႈ ကိုကာကြယ္ေစဖို႔ပါ။ ဒါေၾကာင္႔ ကုိယ္႔ရဲ႕ေသာက္ေဆးေတြ အားေဆး ေတြကို ဒီအထုပ္ေလးေတြနဲ႔ အတူ သိမ္းဆည္းလို႔ရပါတယ္။ ကဲ ဒီေလာက္ဆုိရင္ေတာ႔ သူ႔ကို လႊင္႔မပစ္ဘဲ ဘယ္လုိအက်ိဳးရွိရွိ သံုးလို႔ရမလဲဆိုတာ သိသြား ၾကျပီ ထင္ပါတယ္ေနာ္။ Credit : ဂ်ဴးဂ်ဴး
Unicode
ပစ္စည်းတစ်ခုခု ၀ယ်တဲ့အခါ ပါတဲ့ ဒီအထုပ်လေးတွေကို လုံးဝ လွှင့်မပြစ်ကြပါနဲ့။ မုန့်ဘူးတွေ ကင်မရာဘူးတွေ ဖိနပ်ဘူးတွေ ဆေးဗူးတွေ စသည့် ပစ္စည်းတစ်ခုခုထဲမှာ Silica Gel Bags လို့ခေါ်တဲ့ ဂျယ်လီလို အလုံးလေးတွေ အစေ့လေးတွေပါတဲ့ အိတ်လေးကို တွေ့ဖူးကြမှာပါ။ဒီအထုပ်လေးတွေကို တွေ့တာနဲ့ အသုံးမလို လောက်ဘူး အန္တရာယ်ရှိမလားမသိဘူးဆိုပြီး လွှင့်ပစ်လိုက်ကြပါတယ်။ တကယ်တမ်းမှာတော့ ဒီအိတ်လေးတွေက အရမ်းကို အသုံးဝင်ပါတယ်။ သူဟာ ဆီလီကွန်ဒိုင်အောက်ဆိုက်ဒ်ဖြစ်ပြီး ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဟာ ဘေးနားက အရာဝတ္ထုတွေကို ခြောက်သွေ့နေစေတာဖြစ်ပါတယ်။ ဒါဟာ အဆိပ်မဟုတ်ပါဘူး။
ဒါပေမဲ့ ကလေးတွေကိုတော့ မထိတွေ့စေ ခိုင်းသင့်ပါဘူး။ ကောက်စားလိုက်တာမျိုး ဖြစ်မှာစိုးလို့ပါ။ Silica Gel Bags လို့ခေါ်တဲ့ ဒီအိတ် လေးတွေရဲ့ အသုံးဝင်ပုံက အံ့မခန်းပါပဲ။ … (၁) ကိုယ့်ရဲ့ Gym ပစ္စည်းအသုံးအဆောင် ထည့်တဲ့အိတ်ထဲကို ထည့်ထားရင်,ဗက်တီးရီးယားနဲ့ မှိုပေါက်ဖွားခြင်း မရှိအောင်ကာကွယ်ပေးနိုင်ပါသေးတယ်။ အန့ံဆိုးတွေကိုလည်း ပျောက်ကင်းစေပါတယ်။… (၂) ဖုန်းကို မတော်တဆ ရေထိသွားရင် ဒီအထုပ်လေးတွေ ကူနိုင်ကယ်နိုင်ပါတယ်။ သူက ဆန်ထဲမှာ ထားတာထက်တောင် ပိုစွမ်းပါသေးတယ်။ ဒီအထုပ်လေးတွေအများကြီးကို ခွက်ထဲထည့်ပြီး ဖုန်းကိုထားလိုက်ပါ။ စိုထိုင်းမှုကို အလျင်မြန်ဆုံးစုပ်ယူလိုက်နိုင်ပါတယ်။…. (၃) ဓာတ်ပုံဟောင်းတွေကိုလည်း မပျက်စီးစေဖို့ ကယ်တင်နိုင်ပါသေးတယ်။ ဓာတ်ပုံအဟောင်းတွေကို ဘူးတစ်ခုထဲမှာ သိမ်းထားတယ်ဆိုရင် အဲဒီဘူးထဲကို ဒီအိတ် လေးတွေ ထည့်ထားလိုက်ပါ။ ဓာတ်ပုံတွေ ဆေးကွာ ပူးကပ်ပြီး ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
(၄) သူ့ကို ကားမှန်အောက်ခြေ ကားဒတ်ရှ် ဘုတ်ပေါ် တင်ထားမယ်ဆိုရင်လည်း မြူတွေ နှင်းတွေကြောင့် ကားမှန်စိုစွတ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။… (၅) ကင်မရာအိတ်ထဲ ထည့်ထားမယ်ဆိုရင် လည်း ကင်မရာကို ခြောက်သွေ့စွာ သိမ်းဆည်း ထားနိုင်မှာပဲဖြစ်ပါတယ်။… (၆) မုတ်ဆိတ်ရိတ်ဓားတွေကို ကြာရှည် ထက်မြနေစေချေင်ရင် ဒီအိတ်လေးတွေကို သုံးနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေ ထားတဲ့နေရာမှာ ဒီအိတ်လေးတွေကိုထားပေးမယ်ဆိုရင် အစိုဓာတ်တွေကို စုပ်ယူပေးပြီး မုတ်ဆိတ် ရိတ်ဓားတွေ တာရှည်ခံစေဖို့ ကူညီပေးပါတယ်။… (၇) ခရီးဆောင်အိတ်ထဲမှာ ထည့်သွားမယ်ဆို ရင်လည်း အန့ံအသက်ကင်းပြီး ခြောက်သွေ့မှု ရှိနေစေမှာ ဖြစ်ပါတယ်။… (၈) သူက ရွှေထည်ငွေထည်ပစ္စည်းတွေကိုလည်း အရောင်မလွင့်အောင် ကာကွယ်နိုင်တာမို့ လက်ဝတ်ရတနာ သိမ်းတဲ့နေရာမှာလည်း သူ့ကို သုံးနိုင်ပါတယ်။ .. (၉) သစ်စေ့တွေ မျိုးစေ့တွေကို ခြောက်ခြောက် သွေ့သွေ့ သိမ်းဆည်းရမယ်ဆိုရင်လည်းလေလုံတဲ့ဘူးထဲမှာ ဒီအိတ်လေးတွေကို ထည့်ပြီး သိမ်းဆည်းပေးနိုင်ပါတယ်။
(၁၀) စက္ကူနဲ့အခြားသော စာရွက်စာတမ်းတွေကို မှိုတက်ပျက်စီးတာမျိုး မဖြစ်စေဖို့ စာရွက်တွေ သိမ်းဆည်းတဲ့နေရာမှာ ဒီအထုပ်လေးတွေကို ထားပေးလို့ရပါတယ်။… (၁၁) ဆေးဘူးတွေနဲ့ မုန့်ဘူးတွေထဲမှာ ဒီအထုပ် လေးတွေကို ထားသိုတယ်ဆိုတာက အစိုပြန်မှု ကိုကာကွယ်စေဖို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့သောက်ဆေးတွေ အားဆေး တွေကို ဒီအထုပ်လေးတွေနဲ့ အတူ သိမ်းဆည်းလို့ရပါတယ်။ ကဲ ဒီလောက်ဆိုရင်တော့ သူ့ကို လွှင့်မပစ်ဘဲ ဘယ်လိုအကျိုးရှိရှိ သုံးလို့ရမလဲဆိုတာ သိသွား ကြပြီ ထင်ပါတယ်နော်။ Credit : ဂျူးဂျူး


