“ျမန္မာေတြ သတိထားဖို႔ ထိုင္းနိုင္ငံက ေရာဂါစံု ေပ်ာက္တဲ့ ပါဝါကဒ္ အေၾကာင္း”
ထုိင္းနုိင္ငံတြင္ ဖမ္းဆီးရမိသည့္ ေရာဂါမ်ိဳးစံုကုသသည့္ပါဝါကဒ္မ်ားမွာ ကင္ဆာျဖစ္ပြားေစႏုိင္ေၾကာင္း စစ္ေဆးေတြ႔ရိွ
Tuesday, June 18, 2019
ထုိင္းႏုိင္ငံ အေရွ႕ေျမာက္ပိုင္းျပည္နယ္တြင္ ေရစိမ္ေသာက္ပါက ေရာဂါအားလံုးေပ်ာက္သည့္ ပါဝါကဒ္ဟုဆိုကာ လိမ္လည္ေရာင္းခ်ေနသျဖင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးေနသည့္ကဒ္မ်ားအား ဓါတ္ခြဲစမ္းသပ္ခ်က္အရ ေရဒီယိုသတိၱၾကြမႈ အလြန္အႏၱရာယ္ရိွသည့္အေျခအေနတြင္ရိွေနသည္ကို စစ္ေဆးေတြ႔ရိွရၿပီး ကင္ဆာျဖစ္ပြားေစနုိင္ေၾကာင္း သိရသည္။
ႏိုင္ငံအေရွ႕ေျမာက္ပိုင္းျပည္နယ္ျဖစ္သည့္ ခြန္ကန္တြင္ အဆိုပါကဒ္မ်ားကို တစ္ကဒ္လွ်င္ ဘတ္(၁၅၀၀)ျဖင့္ ေရာင္းခ်ၾကၿပီး ေရာဂါမ်ိဳးစံုေပ်ာက္ကင္းေစရန္ ကဒ္အားေရစိမ္ေသာက္ျခင္း၊ ေရာဂါျဖစ္ပြားသည့္ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားတြင္ ကပ္ျခင္းျဖင့္ အသံုးျပဳေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ေဒသခံမ်ားမွာ ေရာဂါေပ်ာက္ကင္းသည္ဟု လိမ္လည္ေရာင္းခ်ခံရသည့္ အဆိုပါကဒ္မ်ားေၾကာင့္ ကင္ဆာျဖစ္ေစႏုိင္သည္အထိ က်န္းမာေရးအႏၱရာယ္ႏွင့္ ႀကံဳေနရသည့္အျပင္ အဆုိပါကဒ္မ်ားကို လက္ဝယ္ထားရိွပါက ႏူကလီးယားစြမ္းအင္အက္ဥပေဒကို ခ်ိဳးေဖါက္ရာေရာက္ေနေၾကာင္း သိရသည္။
အဆိုပါကဒ္မ်ားျဖန္႔ျဖဴးေရာင္းခ်ခဲ့သည့္ ျဖည့္စြက္စာထုတ္ကုန္မ်ား ျဖန္႔ျဖဴးေနသည့္ Expert Pro Network Co မွာလည္း အေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။
ကုမၸဏီက ပါဝါကဒ္မ်ားေရာင္းခ်ရန္အတြက္ အေရာင္းကိုယ္စားလွယ္မ်ားကို သင္တန္းေပးၿပီး တစ္ကဒ္လွ်င္ ဘတ္(၁၁၀၀)ႏႈန္းျဖင့္ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
Credit \\ original
Unicode Version
ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိသည့် ရောဂါမျိုးစုံကုသသည့်ပါဝါကဒ်များမှာ ကင်ဆာဖြစ်ပွားစေနိုင်ကြောင်း စစ်ဆေးတွေ့ရှိ
Tuesday, June 18, 2019
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွင် ရေစိမ်သောက်ပါက ရောဂါအားလုံးပျောက်သည့် ပါဝါကဒ်ဟုဆိုကာ လိမ်လည်ရောင်းချနေသဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးနေသည့်ကဒ်များအား ဓါတ်ခွဲစမ်းသပ်ချက်အရ ရေဒီယိုသတ္တိကြွမှု အလွန်အန္တရာယ်ရှိသည့်အခြေအနေတွင်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရပြီး ကင်ဆာဖြစ်ပွားစေနိုင်ကြောင်း သိရသည်။
နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်သည့် ခွန်ကန်တွင် အဆိုပါကဒ်များကို တစ်ကဒ်လျှင် ဘတ်(၁၅၀၀)ဖြင့် ရောင်းချကြပြီး ရောဂါမျိုးစုံပျောက်ကင်းစေရန် ကဒ်အားရေစိမ်သောက်ခြင်း၊ ရောဂါဖြစ်ပွားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် ကပ်ခြင်းဖြင့် အသုံးပြုနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများမှာ ရောဂါပျောက်ကင်းသည်ဟု လိမ်လည်ရောင်းချခံရသည့် အဆိုပါကဒ်များကြောင့် ကင်ဆာဖြစ်စေနိုင်သည်အထိ ကျန်းမာရေးအန္တရာယ်နှင့် ကြုံနေရသည့်အပြင် အဆိုပါကဒ်များကို လက်ဝယ်ထားရှိပါက နူကလီးယားစွမ်းအင်အက်ဥပဒေကို ချိုးဖေါက်ရာရောက်နေကြောင်း သိရသည်။
အဆိုပါကဒ်များဖြန့်ဖြူးရောင်းချခဲ့သည့် ဖြည့်စွက်စာထုတ်ကုန်များ ဖြန့်ဖြူးနေသည့် Expert Pro Network Co မှာလည်း အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီက ပါဝါကဒ်များရောင်းချရန်အတွက် အရောင်းကိုယ်စားလှယ်များကို သင်တန်းပေးပြီး တစ်ကဒ်လျှင် ဘတ်(၁၁၀၀)နှုန်းဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Credit \\ original



