“စိတ္ရွည္ေပးပါ၊ …ၿပိဳင္တူတြန္းရင္_ေရြ႕မွာပါ”





Food box မွာလာယူသြားၾကတဲ့သူေတြကို ထိုင္ဆဲေနတာဟာ အေျဖမွန္မဟုတ္ေသးပါဘူး။

“လိုအပ္မွ ယူရတဲ့အရာ” နဲ႔ “စတုဒီတာ” ကို ခြဲမသိၾကေသးလို႔ပါ။

အေမရိကန္မွာ ဘယ္လို၊ ဂ်ပန္မွာ ဘယ္လိုဆိုၿပီး ေျပာၾကေပမဲ့ ကိုယ့္ႏိုင္ငံဟာ ကမ႓ာမွာ ေနာက္က်က်န္ေနတဲ့ႏိုင္ငံ၊အာဆီယံမွာလည္း ႐ုန္းကန္ေနရတဲ့ႏိုင္ငံအဆင့္ပဲ ရွိပါေသးတယ္။

စနစ္တစ္ခု အေျခက်ဖို႔ စိတ္ရွည္ရမယ့္ အေျခအေနပါ။ ယူတဲ့သူေတြက မသိနားမလည္လို႔ ယူသြားၾကၿပီဆိုရင္ တတ္ႏိုင္တဲ့သူေတြက ဝိုင္းဝန္းၿပီး ျပန္ျဖည့္ၾကတာေပ့ါ။ တျဖည္းျဖည္းနဲ႔ ဇြဲမေလွ်ာ့ဘဲ အျပန္အလွန္ထိန္းေက်ာင္းသြားတဲ့အခါ တစ္ခ်ိန္ခ်ိန္မွာ ယူတဲ့သူေတြကိုယ္တိုင္က ျဖည့္တဲ့သူေတြ ျပန္ျဖစ္သြားႏိုင္ပါတယ္။



– မရွိဆင္းရဲသားေတြအတြက္ အစာဂိုေထာင္ႀကီး ဖြင့္ထားတာကို သိန္းေသာင္းခ်ီတဲ့ လူလတ္တန္းစားေတြက ဝိုင္းလုေနၾကတာမဟုတ္ပါဘူး။ တစ္ႏိုင္တစ္ပိုင္ Food box ေလးထဲမွာ လူအနည္းအက်ဥ္း လာယူၾကတာပါ။

မရွိဆင္းရဲသားေတြအတြက္ ထားရမယ္၊ ကိုယ္ကျပန္လွဴရမယ္ဆိုတဲ့ အသိတရား၊ ဗဟုသုတ မရွိေသးတဲ့အခ်ိန္မွာ သူတို႔အေပၚ အျပစ္မျမင္ေစခ်င္ပါဘူး။

ဥပမာဆိုပါစို႔- ေနပူပူႀကီးမွာ အေဖျဖစ္သူဟာ သားေလးကို ဆိုင္ကယ္နဲ႔ ေက်ာင္းက ႀကိဳလာတယ္။ အေအးဘူးေလးေတြ ေတြ႕ေတာ့ သားက ေသာက္ခ်င္တယ္ေျပာတာနဲ႔ ဆိုင္ကယ္ရပ္ၿပီး ဆင္းယူၾကတယ္။ အခ်ိဳရည္ဘူးေလး ေသာက္လိုက္ရလို႔ ေပ်ာ္ေနၾကမွာပါ။သူတို႔စိတ္ထဲ အေတြးက အင္မတန္ ႐ိုးရွင္းပါတယ္။



ကားေမာင္းလာသူဟာ ကုမၸဏီကားေမာင္းလာတဲ့ ဝန္ထမ္းတစ္ေယာက္လည္း ျဖစ္ေနႏိုင္ပါတယ္။ ေရဆာတဲ့အခ်ိန္ ဒီလို box ေလး ျမင္တဲ့အခါ ယူေသာက္ခ်င္စိတ္ျဖစ္လာမွာပါပဲ။ အလုပ္အကိုင္ ရွိတဲ့သူက ယူေသာက္စရာမလိုပါဘူးလို႔ ကတ္သီးကတ္သတ္ ေတြးမယ္ဆိုရင္ ဆက္ဖတ္ပါအံုး။ အနီးအနားမွာ ေရဝယ္ဖို႔ အဆင္မေျပတာမ်ိဳး၊ ေရဝယ္မယ့္ေနရာ ေက်ာ္သြားတာမ်ိဳး၊ သတ္မွတ္ခ်ိန္မေရာက္ရင္ အလုပ္ရွင္အဆူခံရမွာ ေၾကာက္တာမ်ိဳး အမ်ိဳးမ်ိဳး ျဖစ္ႏိုင္ပါတယ္။ အလွဴရဲ႕ အဓိက ရည္ရြယ္ခ်က္က လိုအပ္သူေတြ လက္ထဲ ေရာက္ဖို႔ပဲမလား။ သူဟာ ယူတဲ့ တစ္ေယာက္ ျဖစ္ခဲ့ေပမဲ့ လစာထုတ္တဲ့အခါ food box ကို ျဖည့္ေပးမယ့္သူတစ္ေယာက္လည္း ျဖစ္လာႏိုင္ပါတယ္။

– ဘုန္းႀကီးတစ္ပါး ကားထဲထိုင္ၿပီး အခ်ိဳရည္ေသာက္ေတာ့ေရာ ဘာျဖစ္လဲ။ ေန႔လြဲညစာ မစားတဲ့ ဘုန္းဘုန္းတစ္ပါး အခ်ိဳရည္ေသာက္တာေလာက္ေတာ့ နားလည္ေပးလိုက္ၾကပါ။ ကြ်န္မဆို လမ္းခရီးမွာ ဘုန္းႀကီး/ သီလရွင္ ေတြ႕လို႔ အေအးဝယ္ကပ္ခြင့္ရရင္ အရမ္းေပ်ာ္တာ။



– ႏို္ုင္ငံတစ္ႏိုင္ငံ စီးပြားေရး နိမ့္က်လာၿပီဆိုရင္ က်ပ္တည္းမႈဟာ ေအာက္ေျခလူတန္းစားသာမကဘဲ လူလတ္တန္းစားေတြကိုပါ ႐ိုက္ခတ္ေစပါတယ္။ ႏိုင္ငံႀကီးေတြမွာ အထက္တန္းလႊာနဲ႔ အလတ္တန္းလႊာေပါင္းၿပီး ေအာက္ဆံုးအလႊာ မရွိဆင္းရဲသားေတြအတြက္ ကူညီေနၾကတာဆိုေပမဲ့ ကိုယ္ေတြလို ႏိုင္ငံမွာေတာ့ ေအာက္ေျခအလႊာကိုေရာ လူလတ္တန္းစာအလႊာကိုေရာ ကူညီသင့္ပါတယ္။ အလုပ္အကိုင္ရွိၿပီးသား လူလတ္တန္းစားအလႊာေတြလည္း လက္ေတြ႕ဘဝမွာ မေလာက္ငၾကပါဘူး။ ထုတ္ေဖာ္မေျပာၾကေပမဲ့ လူလတ္တန္းအဆင့္မီေအာင္ေတာင္ အႏိုင္ႏိုင္ႀကိဳးစားရတဲ့ အေျခအေနပါ။ စားဝတ္ေနေရး အလ်င္မီေအာင္ ႐ုန္းကန္ေနၾကရတာပါ။ စနစ္တစ္ခုကို မေဝဖန္ခင္ ႏိုင္ငံရဲ႕ လက္ရွိအေနအထားနဲ႔ ထင္ဟပ္ၾကည့္ေစခ်င္ပါတယ္။

– အဝတ္အစားကို ၾကည့္ၿပီး ဆင္းရဲခ်မ္းသာ မဆံုးျဖတ္ၾကပါနဲ႔၊ အဝတ္အစား စုတ္စုတ္ျပတ္ျပတ္ ဝတ္ထားတဲ့ ေတာင္းစားသူအခ်ိဳ႕ဆို လခစားဝန္ထမ္းထက္ေတာင္ ဝင္ေငြေကာင္းပါတယ္။ ေဒၚလာပဲ လက္ခံမယ္ဆိုတဲ့ ေတာင္းစားသူေတြလည္း ရွိပါတယ္။ ေနျပည္ေတာ္ ေက်ာက္မ်က္ပြဲေတာ္ ရာသီဆို ေရာက္လာတတ္ၾကပါတယ္။ အဓိကကေတာ့ အဝတ္အစားနဲ႔ မဆံုးျဖတ္ဖို႔ ေျပာခ်င္တာပါ။



– ဂဃနဏ မသိေသးတဲ့ ကိစၥတစ္ခုကိုလည္း အျပစ္တင္မေစာေစခ်င္ပါဘူး။ သတင္း page ေတြမွာ ျပန္႔ေနတဲ့ Chit San Maung အေကာင့္အမည္နဲ႔ ဦးေလးဟာ အခ်ိဳရည္ဘူးေတြကို ကြ်တ္ကြ်တ္အိတ္နဲ႔ သယ္ေနတာ မဟုတ္ပါဘူး။ သူက လွဴတဲ့သူပါ။ အထင္အျမင္နဲ႔ ေရးၾကတဲ့အေပၚ စိတ္မေကာင္းျဖစ္ရပါတယ္။ ေသခ်ာမသိလို႔ အေကာင္းျမင္မေပးႏိုင္ေသးရင္ေတာင္ အဆိုးျမင္စိတ္နဲ႔ ရမ္းမေျပာေစခ်င္ပါဘူး။

( food box အစီအစဥ္စတင္ေပးသူေရာ၊ ဝိုင္းဝန္းကူညီၾကသူေတြ အားလံုးကိုေရာ ေလးစားပါတယ္။

အားမလို အားမရျဖစ္ၿပီး ေဝဖန္ၾကသူေတြကိုလည္း နားလည္ပါတယ္။ စနစ္တစ္ခု အစျပဳတဲ့အခ်ိန္ဟာ အခက္အခဲဆံုး အခ်ိန္ ျဖစ္ပါတယ္။ဒါေၾကာင့္ စိတ္ရွည္ေပးၾကပါ၊ ၿပိဳင္တူတြန္းရင္ ေရြ႕ႏိုင္ပါတယ္လို႔ ေျပာခ်င္ပါတယ္ )

#ယြန္းဂ်ဴအာYoon Ju R
Credit ,

စာႂကြင္း။ ။ဒီေန ့မနက္ေရာက္ေတာ့..ေရာက္ျဖစ္တာေလး ဓါတ္ပုံမွတ္တမ္းယူထားတာပါ။ဓါတ္ပုံမ်ားတြင္လည္း အေၾကာင္းအရာပါပါသည္။

ကၽြန္ေတာ္ ရပ္ေနစဥ္ တစ္နာရီအတြင္း ..လာေရာက္လွဴတန္းသူ(၇)ဦးေလာက္ရွိၿပီး၊
လာလွဴသမွ် ျမင္ေတြ႕ရတာက date လြန္ မုန္႔မ်ိဳး မေတြ႕ရသလို .. လာလွဴလိုက္ ကုန္သြားလိုက္နဲ႔ ေပ်ာ္စရာေတာင္ေကာင္းေနေသးသည္။

မီးစက္​ႀကီး

………………………………
အထင္​နဲ႔မဆံုးျဖတ္​ၾကပဲအျမင္​ အသိညဏ္​နဲ႔ ဆံုးျဖတ္​​ေပးၾကပါ။

အိတ္​ေတြနဲ႔သယ္​​ေနၾကတာမဟုတ္​ျကပဲႏိူင္​သ​ေလာက္​အိထ္​ထဲထဲ့လာလႉ​ေနၾကသူ​ေတြပါ ..။လိုအပ္​သု​ူေတြကလည္​း လွဴမွေတာ့
ယူၾကမွာပါ …။

အကုသိုလ္​ မမ်ားၾကပဲ ..​ေကာင္​းတဲ့ စိတ္​ႏွလံုး..မ်က္​စိနဲ႔ၾကည္​့ပါ။ပါဝင္​ႏိူင္​​ေအာင္​ႀကိဳးစားၾကရင္​း …

က်မ တို႔လည္​း ပါဝင္​ကုသိုလ္​ယူလိုက္​ၾကရ​ေအာင္​ ​ေနာ္​ …။

#Sein_Min_ThaMee

Credit ….Original uploader
Via …pyae Sone Aung

Unicode version
Food box မှာလာယူသွားကြတဲ့သူတွေကို ထိုင်ဆဲနေတာဟာ အဖြေမှန်မဟုတ်သေးပါဘူး။

“လိုအပ်မှ ယူရတဲ့အရာ” နဲ့ “စတုဒီတာ” ကို ခွဲမသိကြသေးလို့ပါ။

အမေရိကန်မှာ ဘယ်လို၊ ဂျပန်မှာ ဘယ်လိုဆိုပြီး ပြောကြပေမဲ့ ကိုယ့်နိုင်ငံဟာ ကမ္ဘာမှာ နောက်ကျကျန်နေတဲ့နိုင်ငံ၊အာဆီယံမှာလည်း ရုန်းကန်နေရတဲ့နိုင်ငံအဆင့်ပဲ ရှိပါသေးတယ်။

စနစ်တစ်ခု အခြေကျဖို့ စိတ်ရှည်ရမယ့် အခြေအနေပါ။ ယူတဲ့သူတွေက မသိနားမလည်လို့ ယူသွားကြပြီဆိုရင် တတ်နိုင်တဲ့သူတွေက ဝိုင်းဝန်းပြီး ပြန်ဖြည့်ကြတာပေ့ါ။ တဖြည်းဖြည်းနဲ့ ဇွဲမလျှော့ဘဲ အပြန်အလှန်ထိန်းကျောင်းသွားတဲ့အခါ တစ်ချိန်ချိန်မှာ ယူတဲ့သူတွေကိုယ်တိုင်က ဖြည့်တဲ့သူတွေ ပြန်ဖြစ်သွားနိုင်ပါတယ်။
– မရှိဆင်းရဲသားတွေအတွက် အစာဂိုထောင်ကြီး ဖွင့်ထားတာကို သိန်းသောင်းချီတဲ့ လူလတ်တန်းစားတွေက ဝိုင်းလုနေကြတာမဟုတ်ပါဘူး။ တစ်နိုင်တစ်ပိုင် Food box လေးထဲမှာ လူအနည်းအကျဉ်း လာယူကြတာပါ။

မရှိဆင်းရဲသားတွေအတွက် ထားရမယ်၊ ကိုယ်ကပြန်လှူရမယ်ဆိုတဲ့ အသိတရား၊ ဗဟုသုတ မရှိသေးတဲ့အချိန်မှာ သူတို့အပေါ် အပြစ်မမြင်စေချင်ပါဘူး။

ဥပမာဆိုပါစို့- နေပူပူကြီးမှာ အဖေဖြစ်သူဟာ သားလေးကို ဆိုင်ကယ်နဲ့ ကျောင်းက ကြိုလာတယ်။ အအေးဘူးလေးတွေ တွေ့တော့ သားက သောက်ချင်တယ်ပြောတာနဲ့ ဆိုင်ကယ်ရပ်ပြီး ဆင်းယူကြတယ်။ အချိုရည်ဘူးလေး သောက်လိုက်ရလို့ ပျော်နေကြမှာပါ။သူတို့စိတ်ထဲ အတွေးက အင်မတန် ရိုးရှင်းပါတယ်။
ကားမောင်းလာသူဟာ ကုမ္ပဏီကားမောင်းလာတဲ့ ဝန်ထမ်းတစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။ ရေဆာတဲ့အချိန် ဒီလို box လေး မြင်တဲ့အခါ ယူသောက်ချင်စိတ်ဖြစ်လာမှာပါပဲ။ အလုပ်အကိုင် ရှိတဲ့သူက ယူသောက်စရာမလိုပါဘူးလို့ ကတ်သီးကတ်သတ် တွေးမယ်ဆိုရင် ဆက်ဖတ်ပါအုံး။ အနီးအနားမှာ ရေဝယ်ဖို့ အဆင်မပြေတာမျိုး၊ ရေဝယ်မယ့်နေရာ ကျော်သွားတာမျိုး၊ သတ်မှတ်ချိန်မရောက်ရင် အလုပ်ရှင်အဆူခံရမှာ ကြောက်တာမျိုး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အလှူရဲ့ အဓိက ရည်ရွယ်ချက်က လိုအပ်သူတွေ လက်ထဲ ရောက်ဖို့ပဲမလား။ သူဟာ ယူတဲ့ တစ်ယောက် ဖြစ်ခဲ့ပေမဲ့ လစာထုတ်တဲ့အခါ food box ကို ဖြည့်ပေးမယ့်သူတစ်ယောက်လည်း ဖြစ်လာနိုင်ပါတယ်။

– ဘုန်းကြီးတစ်ပါး ကားထဲထိုင်ပြီး အချိုရည်သောက်တော့ရော ဘာဖြစ်လဲ။ နေ့လွဲညစာ မစားတဲ့ ဘုန်းဘုန်းတစ်ပါး အချိုရည်သောက်တာလောက်တော့ နားလည်ပေးလိုက်ကြပါ။ ကျွန်မဆို လမ်းခရီးမှာ ဘုန်းကြီး/ သီလရှင် တွေ့လို့ အအေးဝယ်ကပ်ခွင့်ရရင် အရမ်းပျော်တာ။
– နိုုင်ငံတစ်နိုင်ငံ စီးပွားရေး နိမ့်ကျလာပြီဆိုရင် ကျပ်တည်းမှုဟာ အောက်ခြေလူတန်းစားသာမကဘဲ လူလတ်တန်းစားတွေကိုပါ ရိုက်ခတ်စေပါတယ်။ နိုင်ငံကြီးတွေမှာ အထက်တန်းလွှာနဲ့ အလတ်တန်းလွှာပေါင်းပြီး အောက်ဆုံးအလွှာ မရှိဆင်းရဲသားတွေအတွက် ကူညီနေကြတာဆိုပေမဲ့ ကိုယ်တွေလို နိုင်ငံမှာတော့ အောက်ခြေအလွှာကိုရော လူလတ်တန်းစာအလွှာကိုရော ကူညီသင့်ပါတယ်။ အလုပ်အကိုင်ရှိပြီးသား လူလတ်တန်းစားအလွှာတွေလည်း လက်တွေ့ဘဝမှာ မလောက်ငကြပါဘူး။ ထုတ်ဖော်မပြောကြပေမဲ့ လူလတ်တန်းအဆင့်မီအောင်တောင် အနိုင်နိုင်ကြိုးစားရတဲ့ အခြေအနေပါ။ စားဝတ်နေရေး အလျင်မီအောင် ရုန်းကန်နေကြရတာပါ။ စနစ်တစ်ခုကို မဝေဖန်ခင် နိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ထင်ဟပ်ကြည့်စေချင်ပါတယ်။

– အဝတ်အစားကို ကြည့်ပြီး ဆင်းရဲချမ်းသာ မဆုံးဖြတ်ကြပါနဲ့၊ အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ထားတဲ့ တောင်းစားသူအချို့ဆို လခစားဝန်ထမ်းထက်တောင် ဝင်ငွေကောင်းပါတယ်။ ဒေါ်လာပဲ လက်ခံမယ်ဆိုတဲ့ တောင်းစားသူတွေလည်း ရှိပါတယ်။ နေပြည်တော် ကျောက်မျက်ပွဲတော် ရာသီဆို ရောက်လာတတ်ကြပါတယ်။ အဓိကကတော့ အဝတ်အစားနဲ့ မဆုံးဖြတ်ဖို့ ပြောချင်တာပါ။

– ဂဃနဏ မသိသေးတဲ့ ကိစ္စတစ်ခုကိုလည်း အပြစ်တင်မစောစေချင်ပါဘူး။ သတင်း page တွေမှာ ပြန့်နေတဲ့ Chit San Maung အကောင့်အမည်နဲ့ ဦးလေးဟာ အချိုရည်ဘူးတွေကို ကျွတ်ကျွတ်အိတ်နဲ့ သယ်နေတာ မဟုတ်ပါဘူး။ သူက လှူတဲ့သူပါ။ အထင်အမြင်နဲ့ ရေးကြတဲ့အပေါ် စိတ်မကောင်းဖြစ်ရပါတယ်။ သေချာမသိလို့ အကောင်းမြင်မပေးနိုင်သေးရင်တောင် အဆိုးမြင်စိတ်နဲ့ ရမ်းမပြောစေချင်ပါဘူး။

( food box အစီအစဉ်စတင်ပေးသူရော၊ ဝိုင်းဝန်းကူညီကြသူတွေ အားလုံးကိုရော လေးစားပါတယ်။

အားမလို အားမရဖြစ်ပြီး ဝေဖန်ကြသူတွေကိုလည်း နားလည်ပါတယ်။ စနစ်တစ်ခု အစပြုတဲ့အချိန်ဟာ အခက်အခဲဆုံး အချိန် ဖြစ်ပါတယ်။ဒါကြောင့် စိတ်ရှည်ပေးကြပါ၊ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်လို့ ပြောချင်ပါတယ် )

#ယွန်းဂျူအာYoon Ju R
Credit ,

စာကြွင်း။ ။ဒီနေ့မနက်ရောက်တော့..ရောက်ဖြစ်တာလေး ဓါတ်ပုံမှတ်တမ်းယူထားတာပါ။ဓါတ်ပုံများတွင်လည်း အကြောင်းအရာပါပါသည်။

ကျွန်တော် ရပ်နေစဉ် တစ်နာရီအတွင်း ..လာရောက်လှူတန်းသူ(၇)ဦးလောက်ရှိပြီး၊
လာလှူသမျှ မြင်တွေ့ရတာက date လွန် မုန့်မျိုး မတွေ့ရသလို .. လာလှူလိုက် ကုန်သွားလိုက်နဲ့ ပျော်စရာတောင်ကောင်းနေသေးသည်။

မီးစက်ကြီး

………………………………
အထင်နဲ့မဆုံးဖြတ်ကြပဲအမြင် အသိညဏ်နဲ့ ဆုံးဖြတ်ပေးကြပါ။

အိတ်တွေနဲ့သယ်နေကြတာမဟုတ်ကြပဲနိူင်သလောက်အိထ်ထဲထဲ့လာလှူနေကြသူတွေပါ ..။လိုအပ်သုူတွေကလည်း လှူမှတော့
ယူကြမှာပါ …။

အကုသိုလ် မများကြပဲ ..ကောင်းတဲ့ စိတ်နှလုံး..မျက်စိနဲ့ကြည့်ပါ။ပါဝင်နိူင်အောင်ကြိုးစားကြရင်း …

ကျမ တို့လည်း ပါဝင်ကုသိုလ်ယူလိုက်ကြရအောင် နော် …။

#Sein_Min_ThaMee

Credit ….Original uploader
Via …pyae Sone Aung

Recent Updates

Recent Posts Widget