မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ကိစ္စကို နေမာပြန်လည်ဖြေရှင်းပြီ
ဘရာဇီးနဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ ပါရီမြို့အတွင်းမှာ အမည်မဖော်လိုသူအမျိုးသမီးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စကို အမည်မဖော်လိုသူအမျိုးသမီးက ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့တိုင်ကြားချက်အရတော့ နေမာနဲ့ အဲဒီအမျိုးသမီးဟာ Instagram ကနေတစ်ဆင့် စတင်တွေ့ဆုံခဲ့ တယ်လို့ သိရပါတယ်။
အဲဒီနောက် သူတို့နှစ်ယောက်ဟာ မက်ဆေ့ခ်ျတွေအပြန်လှန်ပို့ခဲ့ကြပြီး နေမာက ပါရီမြို့မှာ တွေ့ဆုံရန်အတွက် အဲဒီအမျိုးသမီးကို လေယာဉ်လက်မှတ်ပေးခဲ့ကာ Sofitel Paris Arc Du Triomphe မှာ တွေ့ဆုံခဲ့တာဖြစ် တယ်လို့ တိုင်ကြားချက်ထဲမှာ ပါရှိတာပါ။
အဲဒီနောက် သူတို့နှစ်ယောက်ဟာ နေမာဟာ မေလ (၁၅) ရက်နေ့က အဲဒီဟိုတယ်ကို အရက်မူးကာရောက်ရှိလာခဲ့ကာ စကားပြောဆိုကြပြီး အပြန်အလှန်ပွေ့ဖက်ခဲ့ပါတယ်။ နောက်မှာတော့ နေမာဟာ အမျိုးသမီးရဲ့ခွင့်ပြု ချက်မရဘဲ မုဒိမ်းကျင့်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့တိုင်ကြားချက်ထဲမှာ ပါရှိတာပါ။
ဒါပေမယ့် အခုနောက်ဆုံးမှာတော့ ကာယကံရှင်နေမာကတော့ Instagram မှာ(၇) မိနစ်ကြာမြင့်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ အဲဒီသတင်းတွေကို ငြင်းဆန်သွားခဲ့ပါပြီ။ သူ့ဆီက ငွေလိုချင်လို့ ထောင်ချောက်ဆင်မှုတစ်ခုသာဖြစ်တယ်လို့ နေမာ က ပြန်ဖြေရှင်းသွားခဲ့တာပါ။
အဲဒီဗီဒီယိုထဲမှာ နေမာဟာ သူတို့နှစ်ယောက် WhatsApp မှာ ပြောထားတဲ့ မက်ဆေ့ခ်ျတွေကိုပါ ပြသသွားခဲ့ပါတယ်။ ပရိသတ်အများစုကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး နေမာဟာ အပြစ်ကင်းတယ်လို့ ယူဆလျက်ရှိနေပြီး အမည်မဖော်လိုသူအမျိုးသမီးဟာ ငွေလိုချင်လို့သာ အဲဒီလိုမျိုးပြုမှုသာလို့ ပြောဆိုနေလျက်ရှိနေကြပါတယ်။ ဒီိကိစ္စနဲ့ ပတ်သက်ပြီး နေမာရဲ့ဖခင်က ဥပဒေကြောင်းအရ ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
Credit \original





