နဝဒေ ရုပ်ရှင်ရုံမှာ လူပိမတတ် ဝက်ဝက်ကွဲအားပေးခြင်းခံခဲ့ရတဲ့ ရွှေထူးနဲ့ ဖြိုးငွေစိုး




တစ်နိုင်ငံလုံးက ပရိသတ်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးက မနေ့က မေလ(၃၀)ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ စတင်ပြသတဲ့ရက်မှကနေစတင်ပြီး ရုပ်ရှင်ရုံတွေမှာ လက်မှတ်မလောက်တဲ့အထိကို ရောင်းကုန်သွားတဲ့အထိ ပရိသတ်တွေက တစ်ခဲနက် ဝက်ဝက်ကွဲ အားပေးကြတာကို တွေ့ရပါတယ်။ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ပရိသတ်တွေနဲ့ တွေ့ဆုံပြီး လက်မှတ်ထိုးပွဲတွေ ကျင်းပနေတာပဲ ဖြစ်ပါတယ်။

မနေ့က မေလ(၁) ရက်နေ့မှာတော့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးမှ ဖြိုးငွေစိုးနဲ့ ရွှေထူးက နဝဒေးရုပ်ရှင်ရုံမှ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေ အရမ်းများပြီး တိုးတိုးကြိတ်ကြိတ်ဖြစ်သွားတာကို တွေ့ရပါတယ်။

လူပိမတက် အားပေးခံခဲ့ရတဲ့ ရွှေထူးနဲ့ ဖြိုးငွေစိုး

ပရိသတ်တွေ အရမ်းများပြားတာကြောင့် ထိခိုက်ဒဏ်ရာ ရမှာစိုးတဲ့အတွက် လက်မှတ်ထိုးပေးခြင်း ၊ ဓါတ်ပုံအတူရိုက်ခြင်းများ အချိန်အနည်းငယ်သာ ပြုလုပ်ခဲ့ရပါတယ်လို့ သိရပါတယ်။ အဲ့လို အချိန်အနည်းငယ်သာပေးခဲ့တဲ့အတွက် နားလည်ပေးစေလိုကြောင်း ရွှေထူးနဲ့ ဖြိုးငွေစိုးက တောင်းပန်ထားပါတယ်။

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပွဲဦးထွက်မှာတင် အောင်မြင်မှုတွေ များစွာ ရရှိခဲ့တာ ဖြစ်ပါတယ်။ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးကို နောက်တစ်ပတ်ထိ ရုံတင်ပြသဦးမှာမို့ ဆက်ဆက်အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: 7thsenseCreation
Credit \ original

Recent Updates

Recent Posts Widget