ျမင္းၿခံတြင္ ဆိုင္ကယ္မီးေလာင္ရာတြင္ လူ ၃ ဦး မီးကူးစက္ခံရ




မႏၱေလးတိုင္း၊ ျမင္းၿခံၿမိဳ႕မွာ ဆိုင္ကယ္မီးေလာင္ၿပီး အမ်ဳိးသမီး ၁ ဦးနဲ႔ အမ်ဳိးသား ၂ ဦး မီးကူးစက္ခံခဲ့ရလုိ႔ ေဆး႐ုံမွာ ကုသခံယူေနရပါတယ္။

ျမင္းၿခံၿမိဳ႕ အမွတ္​ (၁၃) ရပ္​ကြက္​၊ နယ္​​ေျမ (၄) ​ေဒၚဂ်မ္​းရဲ႕ ​ေနအိမ္မွာ​ ဇြန္​ ၂၃ ရက္​ ည ပိုုင္းက ညီအမခ်င္​း စကားမ်ားရန္​ျဖစ္​ရာက​ေန အနီးနားရွိ ဆုိင္​ကယ္​မီး​ေလာင္​ခဲ့ၿပီး ၈ ႏွစ္​အရြယ္​ မိန္​းက​ေလးငယ္​တဦးအပါအဝင္​ အမ်ဳိးသား ၂ ဦး မီးကူးစက္​ခံခဲ့ရတဲ့ ျဖစ္​စဥ္​တ​ခု ျဖစ္​ပြားခဲ့ပါတယ္​။



နယ္​​ေျမမႉး ဦးသိန္​းက “အစ​ေတာ့ ညီအမခ်င္​းစကားမ်ားရန္​ျဖစ္​​ေနၾက​တာ။ ရန္​ျဖစ္​​ေနတဲ့ အခ်ိန္​မွာ အမရဲ႕သားျဖစ္​တဲ့ ​ေမာင္​ရန္​ပုိင္ ရွိ​​ေနတယ္။ ​ေမာင္​ရန္​ပုိင္​က ​ေသာက္​လက္​စ​ ေဆးလိပ္​ကုိ ဆုိင္​ကယ္​အနီးမွာ ဆီျဖည္​့ရန္​အသင္​့ရွိ​ေနတဲ့ ဓာတ္​ဆီဗူး​ေပၚကုိ လႊင္​့ပစ္​လုိက္​ရာက​ေန ဆုိင္​ကယ္​မီး​ေလာင္​ခဲ့တာပါ။ မီးကုိ​ေတာ့ ရပ္​ကြက္​ထဲကလူ​ေတြ ဝုိင္​းဝန္​းၿငိႇမ္​းသတ္​လုိက္​​ေတာ့ ႏုိင္​သြားပါတယ္​။ ရာသီဥတုကပူျပင္​း​ေနတာဆုိ​ေတာ့ ရပ္​ကြက္​​ေနျပည္​သူ​ေတြ အ​ေတာ္​​ေလးကုိအထိတ္တလန္​႔ ျဖစ္​ခဲ့ၾကတယ္​။ မီး​ေလာင္​​ေနစဥ္​မွာ အနီးအနားမွာရွိတဲ့ ၈ ႏွစ္​အရြယ္​ မိန္းက​ေလးတဦးအပါအဝင္​ အျခားအမ်ဳိးသား ၂ ဦး တုိ႔ မီးကူးစက္​​ေလာင္​ခံရၿပီး ျမင္းၿခံ​ေဆး႐ုံမွာ တက္​​ေရာက္​​ၿပီး​ ေဆးကုသမႈခံ​ေနတယ္​” လို႔ ဒီဗြီဘီ ကုိ​ေျပာပါတယ္​။

ျမင္းၿခံၿမိဳ႕မရဲစခန္းက မီးေပါ့ဆစြာအသံုးျပဳခဲ့လို႔ နာက်င္ဒဏ္ရာရရွိေစျခင္းတို႔ေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ-၂၈၅/၃၃၇ တို႔နဲ႔ အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။

သတင္​း၊ဓာတ္​ပုံ-ရီရီထြန္​း (ျမင္းၿခံ)

Credit – dvb

Unicode ျဖင့္ဖတ္ရန္

မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ဆိုင်ကယ်မီးလောင်ပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး မီးကူးစက်ခံခဲ့ရလို့ ဆေးရုံမှာ ကုသခံယူနေရပါတယ်။

မြင်းခြံမြို့ အမှတ်​ (၁၃) ရပ်​ကွက်​၊ နယ်​​မြေ (၄) ​ဒေါ်ဂျမ်​းရဲ့ ​နေအိမ်မှာ​ ဇွန်​ ၂၃ ရက်​ ည ပိုင်းက ညီအမချင်​း စကားများရန်​ဖြစ်​ရာက​နေ အနီးနားရှိ ဆိုင်​ကယ်​မီး​လောင်​ခဲ့ပြီး ၈ နှစ်​အရွယ်​ မိန်​းက​လေးငယ်​တဦးအပါအဝင်​ အမျိုးသား ၂ ဦး မီးကူးစက်​ခံခဲ့ရတဲ့ ဖြစ်​စဉ်​တ​ခု ဖြစ်​ပွားခဲ့ပါတယ်​။

နယ်​​မြေမှူး ဦးသိန်​းက “အစ​တော့ ညီအမချင်​းစကားများရန်​ဖြစ်​​နေကြ​တာ။ ရန်​ဖြစ်​​နေတဲ့ အချိန်​မှာ အမရဲ့သားဖြစ်​တဲ့ ​မောင်​ရန်​ပိုင် ရှိ​​နေတယ်။ ​မောင်​ရန်​ပိုင်​က ​သောက်​လက်​စ​ ဆေးလိပ်​ကို ဆိုင်​ကယ်​အနီးမှာ ဆီဖြည်​့ရန်​အသင်​့ရှိ​နေတဲ့ ဓာတ်​ဆီဗူး​ပေါ်ကို လွှင်​့ပစ်​လိုက်​ရာက​နေ ဆိုင်​ကယ်​မီး​လောင်​ခဲ့တာပါ။ မီးကို​တော့ ရပ်​ကွက်​ထဲကလူ​တွေ ဝိုင်​းဝန်​းငြှိမ်​းသတ်​လိုက်​​တော့ နိုင်​သွားပါတယ်​။ ရာသီဥတုကပူပြင်​း​နေတာဆို​တော့ ရပ်​ကွက်​​နေပြည်​သူ​တွေ အ​တော်​​လေးကိုအထိတ်တလန်​့ ဖြစ်​ခဲ့ကြတယ်​။ မီး​လောင်​​နေစဉ်​မှာ အနီးအနားမှာရှိတဲ့ ၈ နှစ်​အရွယ်​ မိန်းက​လေးတဦးအပါအဝင်​ အခြားအမျိုးသား ၂ ဦး တို့ မီးကူးစက်​​လောင်​ခံရပြီး မြင်းခြံ​ဆေးရုံမှာ တက်​​ရောက်​​ပြီး​ ဆေးကုသမှုခံ​နေတယ်​” လို့ ဒီဗွီဘီ ကို​ပြောပါတယ်​။

မြင်းခြံမြို့မရဲစခန်းက မီးပေါ့ဆစွာအသုံးပြုခဲ့လို့ နာကျင်ဒဏ်ရာရရှိစေခြင်းတို့ကြောင့် ရာဇသတ်ကြီးပုဒ်မ-၂၈၅/၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်​း၊ဓာတ်​ပုံ-ရီရီထွန်​း (မြင်းခြံ)

Credit – dvb

Recent Updates

Recent Posts Widget