“တရားစခန္းဝင္ရင္း သိလာတဲ့ တရားသေဘာေတြကို မွ်ေဝလိုက္တဲ့ ပိုပို”




ပုိပုိဟာ ေစာင့္ေရွာက္မႈကင္းမဲ့ေနတဲ့ အဘုိး၊ အဘြားေတြကုိ တရားစခန္း နဲ႔ ရိပ္သာေတြမွာ တရားအားထုတ္ေစခ်င္တယ္လုိ႔ ဆုိပါတယ္။ ဘုရား၊ တရားလုပ္ရင္း ကုသုိလ္ေလးေတြ ယူေစခ်င္တဲ့ သူမရဲ႕ သေဘာထားကုိ အခုလုိ ေျပာျပလာပါတယ္။


အဆုိေတာ္မေလး ပုိပုိဟာ သူမရဲ႕ စိတ္သေဘာထားအရ အသက္အရြယ္ႀကီးရင့္ေနၿပီျဖစ္တဲ့ လူႀကီးေတြကုိ တရားအားထုတ္ႏုိင္ဖုိ႔အေရး သူ႔ရင္ထဲက စကားသံကုိ ဖြင့္ဟေျပာျပလာပါတယ္။

‘’ကၽြန္မ မွားတာလဲ ျဖစ္မွာပါ။ ကၽြန္မ ေတြ႕ရသေလာက္ ေပါ့ေနာ္။ ျမန္မာႏိုင္ငံမွာ လူတခ်ဳိ႕က အသက္ႀကီးေနၿပီ။ အလုပ္ေတြလုပ္ ဆင္းရဲပင္ပန္းေနၾကရတယ္။ အကယ္လို႔ တရားစခန္း ဝင္ၿပီး အေသေျဖာင့္ဖို႔ တရားအားထုတ္ဖို႔ အခ်ိန္ေရာက္ေနပါၿပီ။ (ကိုယ့္အိမ္မွာ ကိုယ္မျပဳစုရင္ ဒုကၡ ေရာက္မ့ဲ လူနာ ဒုကၡိတ မရွိရင္ တရားစခန္းမွာ တရားအားထုတ္သင့္ပါၿပီ)’’ ဆုိၿပီးေတာ့ ဇြန္လ ၁၃ ရက္ေန႔ မနက္ ၉ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာျဖစ္ပါတယ္။


ပုိပုိက ေမလ ၂၁ ရက္ေန႔ကေန ေမလ ၂၉ ရက္ေန႔အထိ ၉ ရက္အၾကာ စစ္ကုိင္းေခ်ာင္မွာ သီလရွင္ဝတ္ရင္း တရားအားထုတ္ခဲ့သူေလးပါ။ ဒါေၾကာင့္လည္း ဘုရား၊ တရားနဲ႔ ပတ္သက္ၿပီး သူမ နားလည္ထားတာေလးေတြကုိ ေဝမွ်ေျပာျပထားတာျဖစ္ပါတယ္။

‘’ငယ္ငယ္ကေတာ့ သိပ္သနားၿပီး ေပးကမ္း စြန္႔ႀကဲခ့ဲဖူးတယ္။ ဒီ ႏွစ္ပိုင္းမွာ ကိုယ္တိုင္တရားစခန္းေတြ ဝင္မွ သိနားလည္လာတာ လူေတြက တဏွာေတြ မျပတ္ႏိုင္ေသးၾကလို႔ လူ႔ေလာက ထဲ ေနေနၾကတာပဲ။ (မွားတာရွိရင္ခြင့္လႊတ္ပါ)’’လုိ႔ သူကဆုိပါတယ္။



မ်ားေသာအားျဖင့္ ေစာင့္ေရွာက္သူ ကင္းမဲ့ေနၿပီး လမ္းေဘးမွာေတာင္းရမ္းစားေသာက္ေနရတဲ့ အဘုိး၊ အဘြားေတြကုိလည္း တရားစခန္းျဖစ္ျဖစ္၊ ရိပ္သာျဖစ္ျဖစ္ လုိက္ပုိ႔ေပးရင္း ကုသုိလ္ယူေစခ်င္တယ္လုိ႔ ပုိပုိက ေျပာပါတယ္။

‘’တရားစခန္းမွာ ထမင္းလဲ ေကၽြးတယ္၊ တရားအားထုတ္ရင္ ကုသိုလ္ေတြန႔ဲ ေသသြားမယ္၊ ဘယ္ေလာက္စိတ္ခ်မ္းသာစရာေကာင္းမလဲ၊ လမ္းမွာ ေတာင္းစားေနတ့ဲ အဘိုးအဘြားေတြေတြရင္ တရားစခန္းတို႔ တခ်ိဳ႕ ဆည္းဆာရိပ္တို႔ သန္လ်င္ သဘာဝစခန္းတို႔ကိုသာ ကားငွားပို႔လိုက္တာ ကုသိုလ္ ပိုရမယ္ ထင္တာပါပဲ’’ လုိ႔ ဆုိပါတယ္။


ပုိပုိက မၾကာေသးခင္ကပဲ အသက္ ၂၉ ႏွစ္ျပည့္သြားတာျဖစ္ပါတယ္။သူမကုိေတာ့ အခ်စ္သီခ်င္းေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာခဲ့တာပါ။ ပိုပုိရဲ႕ ပထမဆုံးတစ္ကုိယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယုိ အယ္လ္ဘမ္ တုိ႔ကုိ ထြက္ရွိခဲ့ၿပီးေတာ့ MasterPiece တစ္ကုိယ္ေတာ္အေခြကို ေနာက္ဆံုးထြက္ရွိထားပါတယ္။ သူမဟာ မၾကာေသးခင္ကတည္း တတိယႏွစ္ ဥပေဒ စာေမးပြဲကုိ ေအာင္ျမင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ပိုပိုဟာ စောင့်ရှောက်မှုကင်းမဲ့နေတဲ့ အဘိုး၊ အဘွားတွေကို တရားစခန်း နဲ့ ရိပ်သာတွေမှာ တရားအားထုတ်စေချင်တယ်လို့ ဆိုပါတယ်။ ဘုရား၊ တရားလုပ်ရင်း ကုသိုလ်လေးတွေ ယူစေချင်တဲ့ သူမရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။

အဆိုတော်မလေး ပိုပိုဟာ သူမရဲ့ စိတ်သဘောထားအရ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ လူကြီးတွေကို တရားအားထုတ်နိုင်ဖို့အရေး သူ့ရင်ထဲက စကားသံကို ဖွင့်ဟပြောပြလာပါတယ်။

‘’ကျွန်မ မှားတာလဲ ဖြစ်မှာပါ။ ကျွန်မ တွေ့ရသလောက် ပေါ့နော်။ မြန်မာနိုင်ငံမှာ လူတချို့က အသက်ကြီးနေပြီ။ အလုပ်တွေလုပ် ဆင်းရဲပင်ပန်းနေကြရတယ်။ အကယ်လို့ တရားစခန်း ဝင်ပြီး အသေဖြောင့်ဖို့ တရားအားထုတ်ဖို့ အချိန်ရောက်နေပါပြီ။ (ကိုယ့်အိမ်မှာ ကိုယ်မပြုစုရင် ဒုက္ခ ရောက်မဲ့ လူနာ ဒုက္ခိတ မရှိရင် တရားစခန်းမှာ တရားအားထုတ်သင့်ပါပြီ)’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာဖြစ်ပါတယ်။
ပိုပိုက မေလ ၂၁ ရက်နေ့ကနေ မေလ ၂၉ ရက်နေ့အထိ ၉ ရက်အကြာ စစ်ကိုင်းချောင်မှာ သီလရှင်ဝတ်ရင်း တရားအားထုတ်ခဲ့သူလေးပါ။ ဒါကြောင့်လည်း ဘုရား၊ တရားနဲ့ ပတ်သက်ပြီး သူမ နားလည်ထားတာလေးတွေကို ဝေမျှပြောပြထားတာဖြစ်ပါတယ်။

‘’ငယ်ငယ်ကတော့ သိပ်သနားပြီး ပေးကမ်း စွန့်ကြဲခဲ့ဖူးတယ်။ ဒီ နှစ်ပိုင်းမှာ ကိုယ်တိုင်တရားစခန်းတွေ ဝင်မှ သိနားလည်လာတာ လူတွေက တဏှာတွေ မပြတ်နိုင်သေးကြလို့ လူ့လောက ထဲ နေနေကြတာပဲ။ (မှားတာရှိရင်ခွင့်လွှတ်ပါ)’’လို့ သူကဆိုပါတယ်။
များသောအားဖြင့် စောင့်ရှောက်သူ ကင်းမဲ့နေပြီး လမ်းဘေးမှာတောင်းရမ်းစားသောက်နေရတဲ့ အဘိုး၊ အဘွားတွေကိုလည်း တရားစခန်းဖြစ်ဖြစ်၊ ရိပ်သာဖြစ်ဖြစ် လိုက်ပို့ပေးရင်း ကုသိုလ်ယူစေချင်တယ်လို့ ပိုပိုက ပြောပါတယ်။

‘’တရားစခန်းမှာ ထမင်းလဲ ကျွေးတယ်၊ တရားအားထုတ်ရင် ကုသိုလ်တွေနဲ့ သေသွားမယ်၊ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းမလဲ၊ လမ်းမှာ တောင်းစားနေတဲ့ အဘိုးအဘွားတွေတွေရင် တရားစခန်းတို့ တချို့ ဆည်းဆာရိပ်တို့ သန်လျင် သဘာဝစခန်းတို့ကိုသာ ကားငှားပို့လိုက်တာ ကုသိုလ် ပိုရမယ် ထင်တာပါပဲ’’ လို့ ဆိုပါတယ်။
ပိုပိုက မကြာသေးခင်ကပဲ အသက် ၂၉ နှစ်ပြည့်သွားတာဖြစ်ပါတယ်။သူမကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ ပိုပိုရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

Credit: Duwun


Recent Updates

Recent Posts Widget