စိတ္ဓာတ္နဲ႔လုပ္ရပ္ ျမင့္ျမတ္ဖို႔သာ အဓိကပါပဲ
ျဗဟၼစိုရ္တရားေလးပါးထဲမွာ ထိပ္ဆံုးက အဓိကအေနနဲ႔ထားတာ ေမတၱာျဖစ္တဲ့အတြက္ေၾကာင့္ ေမတၱာဆိုတာကလည္း လူမ်ဳိးမေရြး ဘာသာမေရြးအေပၚမွာထားရမယ္။
အၿမဲတမ္း ေမတၱာနဲ႔ယွဥ္တဲ့ စိတ္နဲ႔ေနရမယ္။ အဲဒါကို ျဗဟၼစိုရ္လို႔ေခၚတယ္။ ျမင့္ျမတ္တဲ့စိတ္ထားေပါ့။
ဦးဇင္းတို႔ ကိုးကြယ္ေနတဲ့ ျမတ္စြာဘုရားေတာင္ ကိုယ့္ႏိုင္ငံမွာပြင့္တဲ့ ဘုရားမဟုတ္ဘူး။ ကိုယ့္ျမန္မာလူမ်ဳိးလည္း မဟုတ္ဘူး။ တစ္နည္းေျပာမယ္ဆိုရင္ ဘာသာျခားလို႔ေျပာလို႔ရတယ္။
ဘုရားပြင့္မွန္း မသိခင္က ကိုယ္က တျခားဘာသာ၀င္ျဖစ္ေနတာေလ။ ကိုယ္က ဘာသာျခားျဖစ္တဲ့ဘုရားကို ကိုးကြယ္ၿပီး ေနာက္မွသာ ကိုယ္က အဲဒီ ဘာသာ၀င္ျဖစ္သြားတာ။ ျမတ္စြာဘုရားကိုယ္တိုင္ နဂိုက ကိုယ္နဲ႔ဘာသာလည္း မတူဘူး။ လူမ်ဳိးလည္း မတူဘူး။
ဒါေပမဲ့ ျမတ္စြာဘုရားက တစ္ေလာကလံုးမွာ ေမတၱာ၊ က႐ုဏာလည္း အထြတ္အထိပ္ျပည့္စံုတယ္။
အသိဥာဏ္ပညာလည္း အထြတ္အထိပ္ျပည့္စံုတယ္။ ျမတ္စြာဘုရားရဲ႕ လမ္းၫႊန္ခ်က္ေတြကို လိုက္နာရင္ ကိုယ္လည္း ခ်မ္းသာတယ္။ အမ်ားလည္း ခ်မ္းသာတယ္။
ကိုယ့္အတြက္ သံသရာလြတ္ေျမာက္ေရးလည္း ျဖစ္ေစတယ္ ဆိုၿပီး ဘုရားကို ကိုးကြယ္ၾကတာ။
ကိုယ့္ႏိုင္ငံက မဟုတ္လို႔၊ ကိုယ့္လူမ်ဳိး မဟုတ္လို႔ မကိုးကြယ္ဘူးဆိုၿပီး ေနလို႔မရဘူး။ ျမတ္စြာဘုရားက ကိုယ့္လူမ်ဳိး မဟုတ္ေပမယ့္လည္း အထြတ္အျမတ္ထားၿပီး ကိုးကြယ္ေနၾကရတာပဲ။
ကိုယ္ကိုယ္တိုင္ ျမင့္ျမတ္တဲ့လူျဖစ္ဖို႔ မျဖစ္ဖုိ႔ေရာ၊ သူတစ္ပါး ျမင့္ျမတ္တယ္၊ မျမင့္ျမတ္ဘူးသတ္မွတ္ဖို႔ေရာ အဓိကက စိတ္ဓာတ္နဲ႔ လုပ္ရပ္က အဓိကပဲ။
ကိုယ္နဲ႔ဘာသာခ်င္းတူတဲ့လူမွျမင့္ျမတ္တယ္လို႔ ေျပာလို႔မရဘူး။ ကိုယ္နဲ႔ဘာသာခ်င္းမတူေပမယ့္လည္း ျမင့္ျမတ္ႏိုင္တာပဲ။
အဲဒီေတာ့ ဗုဒၶဘာသာ၀င္မွ ျမင့္ျမတ္တယ္၊ တျခားဘာသာ၀င္က မျမင့္ျမတ္ဘူး လို႔ ေျပာလို႔မရဘူး။
ဗုဒၶဘာသာ၀င္ ျဖစ္ေနေပမယ့္ ျမတ္စြာဘုရားရဲ႕အဆံုးအမအတိုင္း မလိုက္နာဘဲ စိတ္ဓာတ္နဲ႔လုပ္ရပ္က ယုတ္ညံ့ေနမယ္ ဆိုရင္ ျမင့္ျမတ္တဲ့လူမျဖစ္ႏိုင္ဘူး။
ဗုဒၶဘာသာ၀င္မဟုတ္ေပမယ့္ စိတ္ဓာတ္နဲ႔ လုပ္ရပ္က ျမင့္ျမတ္တယ္ဆိုရင္ အဲဒီလူက ျမင့္ျမတ္တဲ့လူျဖစ္သြားတာပဲ။
ဗုဒၶဘာသာ၀င္ဆုိတာကလည္း ဘုရားပြင့္မွသာ ဗုဒၶဘာသာ၀င္ ဆိုၿပီး ျဖစ္လာတာပါ။ ဗုဒၶဆိုတာရွိလို႔ ဗုဒၶဘာသာဆိုၿပီးေျပာလို႔ရတာ။ ဗုဒၶဆိုတာကလည္း ေလာကႀကီးမွာ တစ္ခါတစ္ရံမွသာပြင့္တာပါ။
ဘုရားေဟာထားတာပဲေလ။ တစ္ညလံုး ေမွာင္မည္းေနတဲ့အခ်ိန္မွာ လွ်ပ္စီးေလးတစ္ခ်က္ လက္လိုက္သလိုမ်ဳိးပဲ။ တစ္ညလံုး ေမွာင္မည္းေနတဲ့ အခ်ိန္မွာ လွ်ပ္စီးလက္တာက ခဏေလး၊ စကၠန္႔ပိုင္းေလးပဲေလ။
အဲလိုပဲ ေလာကႀကီးမွာ ဘုရားပြင့္တဲ့အခ်ိန္နဲ႔ ဘုရားမပြင့္တဲ့အခ်ိန္ဆိုတာ အဲေလာက္ေတာင္ကြာပါတယ္။
ဘုရားမပြင့္တဲ့အခ်ိန္က တစ္ညလံုး ေမွာင္မည္းေနတဲ့ အခ်ိန္နဲ႔တူၿပီး ဘုရားပြင့္တဲ့အခ်ိန္ဆိုတာ စကၠန္႔ပိုင္းေလး လွ်ပ္စီးေလး တစ္ခ်က္လက္သေလာက္ပဲရိွတယ္။
ျမတ္စြာဘုရားလည္း ဘုရားေလာင္းအျဖစ္နဲ႔သာ ပါရမီျဖည့္ခဲ့တယ္။ဗုဒၶဘာသာ၀င္အေနနဲ႔ ပါရမီျဖည့္ခဲ့တာ မဟုတ္ဘူးေလ။ စိတ္ဓာတ္ေကာင္းတဲ့သူ၊ လုပ္ရပ္ေကာင္းတဲ့သူတစ္ေယာက္အျဖစ္နဲ႔ပဲ ပါရမီျဖည့္ခဲ့တာ။
ဗုဒၶမွမရွိဘဲနဲ႔ဗုဒၶဘာသာ၀င္လို႔ ေျပာလို႔မရဘူး။ ဒါေပမဲ့ ဗုဒၶဘာသာ၀င္တစ္ေယာက္ရဲ႕ အဂၤါရပ္နဲ႔ေတာ့ ျပည့္စံုတာေပါ့။
ကံ၊ ကံရဲ႕အက်ဳိးကို ယံုၾကည္တဲ့ပုဂ္ၢိဳလ္တစ္ေယာက္အျဖစ္နဲ႔ပဲ ပါရမီျဖည့္ခဲ့တယ္။ အဲဒီေတာ့ ဘာဘာသာ၀င္၊ ညာဘာသာ၀င္ဆိုတာ အဓိကမဟုတ္ဘူး။
စိတ္ဓာတ္နဲ႔ လုပ္ရပ္ေကာင္းဖို႔သာ အဓိကပဲ။ စိတ္ဓာတ္နဲ႔လုပ္ရပ္ ျမင့္ျမတ္ဖို႔ သာ အဓိကပဲ။
ဆရာေတာ္အရွင္ဆႏၵာဓိက
ျဗဟၼစိုရ္တရား
Unicode ျဖင့္ဖတ္ရန္
ဗြဟ္မစိုရ်တရားလေးပါးထဲမှာ ထိပ်ဆုံးက အဓိကအနေနဲ့ထားတာ မေတ္တာဖြစ်တဲ့အတွက်ကြောင့် မေတ္တာဆိုတာကလည်း လူမျိုးမရွေး ဘာသာမရွေးအပေါ်မှာထားရမယ်။
အမြဲတမ်း မေတ္တာနဲ့ယှဉ်တဲ့ စိတ်နဲ့နေရမယ်။ အဲဒါကို ဗြဟ္မစိုရ်လို့ခေါ်တယ်။ မြင့်မြတ်တဲ့စိတ်ထားပေါ့။
ဦးဇင်းတို့ ကိုးကွယ်နေတဲ့ မြတ်စွာဘုရားတောင် ကိုယ့်နိုင်ငံမှာပွင့်တဲ့ ဘုရားမဟုတ်ဘူး။ ကိုယ့်မြန်မာလူမျိုးလည်း မဟုတ်ဘူး။ တစ်နည်းပြောမယ်ဆိုရင် ဘာသာခြားလို့ပြောလို့ရတယ်။
ဘုရားပွင့်မှန်း မသိခင်က ကိုယ်က တခြားဘာသာ၀င်ဖြစ်နေတာလေ။ ကိုယ်က ဘာသာခြားဖြစ်တဲ့ဘုရားကို ကိုးကွယ်ပြီး နောက်မှသာ ကိုယ်က အဲဒီ ဘာသာ၀င်ဖြစ်သွားတာ။ မြတ်စွာဘုရားကိုယ်တိုင် နဂိုက ကိုယ်နဲ့ဘာသာလည်း မတူဘူး။ လူမျိုးလည်း မတူဘူး။
ဒါပေမဲ့ မြတ်စွာဘုရားက တစ်လောကလုံးမှာ မေတ္တာ၊ ကရုဏာလည်း အထွတ်အထိပ်ပြည့်စုံတယ်။
အသိဉာဏ်ပညာလည်း အထွတ်အထိပ်ပြည့်စုံတယ်။ မြတ်စွာဘုရားရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ကိုယ်လည်း ချမ်းသာတယ်။ အများလည်း ချမ်းသာတယ်။
ကိုယ့်အတွက် သံသရာလွတ်မြောက်ရေးလည်း ဖြစ်စေတယ် ဆိုပြီး ဘုရားကို ကိုးကွယ်ကြတာ။
ကိုယ့်နိုင်ငံက မဟုတ်လို့၊ ကိုယ့်လူမျိုး မဟုတ်လို့ မကိုးကွယ်ဘူးဆိုပြီး နေလို့မရဘူး။ မြတ်စွာဘုရားက ကိုယ့်လူမျိုး မဟုတ်ပေမယ့်လည်း အထွတ်အမြတ်ထားပြီး ကိုးကွယ်နေကြရတာပဲ။
ကိုယ်ကိုယ်တိုင် မြင့်မြတ်တဲ့လူဖြစ်ဖို့ မဖြစ်ဖို့ရော၊ သူတစ်ပါး မြင့်မြတ်တယ်၊ မမြင့်မြတ်ဘူးသတ်မှတ်ဖို့ရော အဓိကက စိတ်ဓာတ်နဲ့ လုပ်ရပ်က အဓိကပဲ။
ကိုယ်နဲ့ဘာသာချင်းတူတဲ့လူမှမြင့်မြတ်တယ်လို့ ပြောလို့မရဘူး။ ကိုယ်နဲ့ဘာသာချင်းမတူပေမယ့်လည်း မြင့်မြတ်နိုင်တာပဲ။
အဲဒီတော့ ဗုဒ္ဓဘာသာ၀င်မှ မြင့်မြတ်တယ်၊ တခြားဘာသာ၀င်က မမြင့်မြတ်ဘူး လို့ ပြောလို့မရဘူး။
ဗုဒ္ဓဘာသာ၀င် ဖြစ်နေပေမယ့် မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်း မလိုက်နာဘဲ စိတ်ဓာတ်နဲ့လုပ်ရပ်က ယုတ်ညံ့နေမယ် ဆိုရင် မြင့်မြတ်တဲ့လူမဖြစ်နိုင်ဘူး။
ဗုဒ္ဓဘာသာ၀င်မဟုတ်ပေမယ့် စိတ်ဓာတ်နဲ့ လုပ်ရပ်က မြင့်မြတ်တယ်ဆိုရင် အဲဒီလူက မြင့်မြတ်တဲ့လူဖြစ်သွားတာပဲ။
ဗုဒ္ဓဘာသာ၀င်ဆိုတာကလည်း ဘုရားပွင့်မှသာ ဗုဒ္ဓဘာသာ၀င် ဆိုပြီး ဖြစ်လာတာပါ။ ဗုဒ္ဓဆိုတာရှိလို့ ဗုဒ္ဓဘာသာဆိုပြီးပြောလို့ရတာ။ ဗုဒ္ဓဆိုတာကလည်း လောကကြီးမှာ တစ်ခါတစ်ရံမှသာပွင့်တာပါ။
ဘုရားဟောထားတာပဲလေ။ တစ်ညလုံး မှောင်မည်းနေတဲ့အချိန်မှာ လျှပ်စီးလေးတစ်ချက် လက်လိုက်သလိုမျိုးပဲ။ တစ်ညလုံး မှောင်မည်းနေတဲ့ အချိန်မှာ လျှပ်စီးလက်တာက ခဏလေး၊ စက္ကန့်ပိုင်းလေးပဲလေ။
အဲလိုပဲ လောကကြီးမှာ ဘုရားပွင့်တဲ့အချိန်နဲ့ ဘုရားမပွင့်တဲ့အချိန်ဆိုတာ အဲလောက်တောင်ကွာပါတယ်။
ဘုရားမပွင့်တဲ့အချိန်က တစ်ညလုံး မှောင်မည်းနေတဲ့ အချိန်နဲ့တူပြီး ဘုရားပွင့်တဲ့အချိန်ဆိုတာ စက္ကန့်ပိုင်းလေး လျှပ်စီးလေး တစ်ချက်လက်သလောက်ပဲရှိတယ်။
မြတ်စွာဘုရားလည်း ဘုရားလောင်းအဖြစ်နဲ့သာ ပါရမီဖြည့်ခဲ့တယ်။ဗုဒ္ဓဘာသာ၀င်အနေနဲ့ ပါရမီဖြည့်ခဲ့တာ မဟုတ်ဘူးလေ။ စိတ်ဓာတ်ကောင်းတဲ့သူ၊ လုပ်ရပ်ကောင်းတဲ့သူတစ်ယောက်အဖြစ်နဲ့ပဲ ပါရမီဖြည့်ခဲ့တာ။
ဗုဒ္ဓမှမရှိဘဲနဲ့ဗုဒ္ဓဘာသာ၀င်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာ၀င်တစ်ယောက်ရဲ့ အင်္ဂါရပ်နဲ့တော့ ပြည့်စုံတာပေါ့။
ကံ၊ ကံရဲ့အကျိုးကို ယုံကြည်တဲ့ပုဂ်္ဂိုလ်တစ်ယောက်အဖြစ်နဲ့ပဲ ပါရမီဖြည့်ခဲ့တယ်။ အဲဒီတော့ ဘာဘာသာ၀င်၊ ညာဘာသာ၀င်ဆိုတာ အဓိကမဟုတ်ဘူး။
စိတ်ဓာတ်နဲ့ လုပ်ရပ်ကောင်းဖို့သာ အဓိကပဲ။ စိတ်ဓာတ်နဲ့လုပ်ရပ် မြင့်မြတ်ဖို့ သာ အဓိကပဲ။
ဆရာတော်အရှင်ဆန္ဒာဓိက
ဗြဟ္မစိုရ်တရား
Credit \\ original


