“အိမ်ထောင်ကွဲပြီးနောက် စေ့စပ်တော့မယ့် Lလွန်းဝါ အကြောင်း ပြောလာတဲ့ ရေဗက္ကာ”





အိမ်ထောင်ကွဲပြီးနောက် စေ့စပ်တော့မယ့် Lလွန်းဝါ

L လွန်းဝါနဲ့ L ဆိုင်းဇီတို့ မောင်နှမ နှစ်ဦးကိုတော့ တော်တော်များများ သိကြမယ် ထင်ပါတယ်။

အဆိုတော်ကြီး L ခွန်းရီရဲ့ တူ ၊ တူမ ဖြစ်သလို နှစ်ဦးလုံးကလည်း အသံအေးအေးလေးတွေ ပိုင်ဆိုင်ထားပါတယ်။

ဆေးတက္ကသိုလ်ကျောင်းဆင်းဖြစ်တဲ့ L လွန်းဝါက ဂီတလောကထဲမှာ အိမ်ထောင်ကျရင်း သမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။

အခန့်မသင့်လို့ အိမ်ထောင်ရေး ပြိုကွဲသွားတဲ့ L လွန်းဝါက နောက်ထပ် စေ့စပ်ဖြစ်မယ့်အကြောင်းကို ရေဗက္ကာဝင်းထံမှ ခုလို ကြားသိရပါတယ် ။

L လွန်းဝါတို့ မောင်နှမ နှစ်ယောက်နဲ့ ရင်းနှီးတဲ့ အကြောင်းကို ရေဗက္ကာဝင်းက ခုလို ပြောပါတယ်။ “ထူးထူးခြားခြား အမှတ်တရ ဆိုရင် ကိုလွန်းဝါ ရယ် အမရယ် ဆိုင်းဇီရယ်က ခရီးအတော်များများကို တူတူ သွားဖြစ်တယ်ပေါ့နော်။



နေရာ တော်တော်များများ တူတူသွားဖြစ်တော့ တစ်ယောက်ကို တစ်ယောက် စနောက်နေကြတာ။ တစ်ခါတစ်လေကျရင် ဘယ်သူရှေ့ဆို ဘယ်သူ့နောက်ဆိုပေါ့။

များသောအားဖြင့် နောက်မှာ ဆိုတဲ့သူက သီချင်းတွေ အများကြီးကို ဆိုရတယ်။ ပရိသတ်ကို ထိန်းရတယ်ဆိုတော့ နောက်မှာဆိုဖို့အတွက် တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း စနောက်နေကြတာ။ ” လို့ ဆိုပါတယ်L လွန်းဝါရဲ့ surprise နဲ့ ပတ်သက်ပြီး ရေဗက္ကာဝင်းက ခုလို အသိပေးသွားပါတယ်။


“ကိုလွန်းဝါကို ကိုယ့်အကိုမို့လို့တော့ ပြောတာ မဟုတ်ပါဘူး။ သူ့အသံကို အရမ်းကြိုက်ပါတယ်။ အမကလည်း ပရိသတ်တစ်ယောက် အနေနဲ့ ကိုလွန်းဝါ သီချင်းတွေ နားထောင်ချင်ပါသေးတယ်။ ကိုလွန်းဝါက အရမ်း လျှို့ဝှက်တယ်။ ငယ်ငယ်တည်းကပေါ့နော်။ သူက အကြီးကြီးတွေ ကြံတတ်တာပေါ့။

ဒီတစ်ခေါက် စေ့စပ်မယ်ဆိုတာကို ဘယ်သူ့ကိုမှ မပြောပြဘူး။ အမတို့ကိုလည်း မပြောပြဘဲ ဖေ့စ်ဘွတ်မှာ တင်လိုက်တော့ surprise ဖြစ်တာပေါ့နော်။ surprise ဖြစ်တဲ့အထဲမှာ ကိုယ်တိုင်တောင် ပါတယ်။ ကိုလွန်းဝါကို တွေ့မှပဲ သေချာမေးရမယ်။” ဆိုပြီး ပြောပြသွားပါတယ်။



စေ့စပ်တော့မယ်ဆိုတော့ အထီးကျန်တော့မှာ မဟုတ်ကြောင်း ခုလို သုံးသပ်ပြောပြသွားပါတယ်။

“သူကိုယ်တိုင်ကလည်း သူဖန်တီးခဲ့တဲ့ ဘဝတစ်ခုဆိုတာ ရှိခဲ့တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေတာတွေ အခန့်မသင့်တာတွေ ရှိသွားတယ်ပေါ့နော်။

သူရှေ့ဆက်ရမယ့် ဘဝတစ်ခုမှာ အဆင်ပြေမယ် လက်တွဲရမယ့်သူနဲ့ ရှေ့ဆက်သွားရင်တော့ အထီးမကျန်တော့ဘူးလို့ ထင်ပါတယ်။” လို့ ဆိုပါတယ်။



ရေဗက္ကာဝင်းက ယုဇန ၊ ခင်ဘုဏ်း ၊ ရှင်ဘုဏ်း ၊ မေစံပယ်ညို တို့နဲ့ ပေါင်းဖက်ပြီး သီချင်းခွေ အသစ်ထွက်ဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။

ှSource ; ရေဗက္ကာဝင်း

Credit  \\  original

Recent Updates

Recent Posts Widget