“အနုပညာကုိ လုပ္ခ်င္ေပမယ့္ ကမ္းလွမ္းလာမွာကုိပဲ ေမွ်ာ္လင့္ေနရတဲ့ ဟဲဗီးျဖဳိး”




ကေလး သရုပ္ေဆာင္ ဟဲဗီးျဖိဳး က အခု လက္ရွိမွာ အသက္ ၂၃ အရြယ္သို ့ေရာက္ရွိေနျပီျဖစ္ပါတယ္။ ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာလွဳပ္ရွားမွဳမ်ားစြာ လုပ္ခဲ့ျပီ အခုလက္ရွိမွာေတာ့ အႏုပညာလွဳပ္ရွားမွဳ နည္းပါးေနတာကို ေတြ ့ရတယ္။ သူ ဘာေၾကာင့္ အႏုပညာလွဳပ္ရွားမွဳေတြနည္းပါးလာတဲ့ အေပၚမွာေတာ့ ၀ါသနာ ပါတဲ့ အႏုပညာအလုပ္ ကိုေဇာက္ခ် လုပ္ခ်င္ပါတယ္။ ကမ္းလွမ္းဖို ့ေတာ့လိုပါတယ္။ကမ္းလွမ္း မွလည္း အႏုပညာ အလုပ္ ကိုဆက္လုပ္ရမွာပါ။ ကိုယ္တိုင္ လုပ္ဖို ့က်ေတာ့လည္း ေက်ာေထာက္ေနာက္ခံ မရွိဘူးလုိ႔ဆုိၿပီး Eleven မီဒီယာနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။ ဟဲဗီးျဖိဳး ဟာ အခု မွာ အရွင္ေသာမ ဘြဲ ့့ျဖင့္ သာသနာ့ေဘာင္ သို ့ေခတၱ ၀င္ေရာက္ေနတယ္လို ့သိရပါတယ္





အရွင္ေသာမ(ခ)ဟဲဗီးျဖဳိးက “ဦးဇင္း ဒီအႏုပညာကုိ ငယ္ငယ္ေလးကတည္းက ဝါသနာပါတယ္ ႐ူးလည္း ႐ူးသြပ္တဲ့အခါက်ေတာ့ ဦးဇင္းဒီအႏုပညာထဲကုိ ျပန္လုပ္ခ်င္ပါတယ္ ေဇာက္ခ်ၿပီးေတာ့ ဦးဇင္းကမ္းလွမ္းမႈေလးေတြေတာ့ လုိပါေသးတယ္။ ဦးဇင္းကုိ ကမ္းလွမ္းမွလည္း ဦးဇင္းလုပ္လုိ႔ရမွာပါ။ ကုိယ္တုိင္လုပ္ဖုိ႔ဆုိတာကေတာ့ ဦးဇင္း Background မွာက ကုိယ္တုိင္လုပ္ဖုိ႔ မျဖစ္ႏုိင္ဘူးေလအဲ့တာေလးပါပဲ။ အႏုပညာနဲ႔ အလွမ္းေဝးသြားတာ ဘာေၾကာင့္လဲ ဆုိေတာ့ ဦးဇင္းဒီအေပၚမွာ အရင္တုန္းက ေလွ်ာက္ခဲ့တာ ကေလးဘဝက သ႐ုပ္ေဆာင္ေပါ့။ ဦးဇင္းထက္ ေနာက္ပုိင္းေပၚလာတဲ့ ကေလးသ႐ုပ္ေဆာင္ေတြေၾကာင့္ ဦးဇင္းေနရာမရေတာ့ဘူးေလ အဲ့ေတာ့ ဦးဇင္းအလွမ္းေဝးသြားတယ္ ၿပီးေတာ့ ကမ္းလွမ္းမႈေလးေတြကလည္း ဦးဇင္းအေပၚ သိပ္မ႐ွိေတာ့ဘူးေလ။ ဒါေၾကာင့္မုိ႔လုိ႔ ဦးဇင္းအလွမ္းေဝးသြားတယ္လုိ႔ ေခၚလုိ႔ရပါတယ္။



အႏုပညာဆုိတာကေတာ့ အရင္တုန္းက ဦးဇင္းငယ္ငယ္တုန္းက လုပ္ခဲ့တဲ့အႏုပညာလည္း အတူတူပဲ အခုအႏုပညာလည္း အတူတူပဲ ဒါေပမဲ့ လုပ္ပုံလုပ္နည္းေလးေတြပဲ ကြာသြားတာ။ ဦးဇင္းငယ္ငယ္တုန္းကေတာ့ ကေလးသ႐ုပ္ေဆာင္ဘဝတုန္းကေတာ့ ဦးဇင္းပါရမီပါလာတယ္ေပါ့ေနာ္။ ဦးဇင္းႀကီးလာေတာ့ ဒီပါရမီနဲ႔ဝါသနာေၾကာင့္ရယ္နဲ႔ အလုပ္လုပ္တယ္ စက္ကူးမက္ကူး ကာလမွာ ကာ႐ုိက္တာမတူတာေလးေတြကုိ ဦးဇင္းလုိက္ၿပီးေတာ့ လက္ခံျဖစ္တယ္။ လုပ္ျဖစ္တယ္ ဦးဇင္း႐ုိက္ျဖစ္တယ္ ေပ်ာ္ပါတယ္။ အႏုပညာကေတာ့ အတူတူပါပဲ လုပ္ပုံလုပ္ေတြသာ ကြာသြားတယ္လုိ႔ သတ္မွတ္ပါတယ္။ ဦးဇင္းကေတာ့ အႏုပညာကုိ ငယ္ငယ္ကတည္းက ႐ူးသြပ္ခဲ့တာဆုိေတာ့ ဝါသနာပါခဲ့တာဆုိေတာ့ လုပ္ခ်င္တာေပါ့ ဒါေပမဲ့ ဦးဇင္းလုပ္ခ်င္တဲ့ အလုိက္အေလ်ာက္လည္း ျဖစ္ခ်င္ဦးမွေလ ကမ္းလွမ္းမႈ႐ွိရင္ေတာ့ ဦးဇင္းကေတာ့ လုပ္ေနမွာပါပဲ။ ဦးဇင္းကုိ ကာ႐ုိက္တာ အဓိက တစ္ေနရာ ေပးထားရင္ ဦးဇင္းကုိ တြဲေခၚတယ္ ဦးဇင္းကုိ ဒီအႏုပညာေလာကထဲကုိ ေခၚတဲ့ ေမာင္ႏွမေတြအားလုံး ဦးဇင္းကုိ ကာ႐ုိက္တာ တစ္ခုေပးမယ္ဆုိရင္ ဦးဇင္းလုပ္ခ်င္တယ္။”လုိ႔ မိန္႔သြားခဲ့ပါတယ္။

Credit: ဟီးဟီးဟားဟား

Unicode Version

ကလေး သရုပ်ဆောင် ဟဲဗီးဖြိုး က အခု လက်ရှိမှာ အသက် ၂၃ အရွယ်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုများစွာ လုပ်ခဲ့ပြီ အခုလက်ရှိမှာတော့ အနုပညာလှုပ်ရှားမှု နည်းပါးနေတာကို တွေ့ရတယ်။ သူ ဘာကြောင့် အနုပညာလှုပ်ရှားမှုတွေနည်းပါးလာတဲ့ အပေါ်မှာတော့ ဝါသနာ ပါတဲ့ အနုပညာအလုပ် ကိုဇောက်ချ လုပ်ချင်ပါတယ်။ ကမ်းလှမ်းဖို့တော့လိုပါတယ်။ကမ်းလှမ်း မှလည်း အနုပညာ အလုပ် ကိုဆက်လုပ်ရမှာပါ။ ကိုယ်တိုင် လုပ်ဖို့ကျတော့လည်း ကျောထောက်နောက်ခံ မရှိဘူးလို့ဆိုပြီး Eleven မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။ ဟဲဗီးဖြိုး ဟာ အခု မှာ အရှင်သောမ ဘွဲ့ဖြင့် သာသနာ့ဘောင် သို့ခေတ္တ ဝင်ရောက်နေတယ်လို့သိရပါတယ်

အရှင်သောမ(ခ)ဟဲဗီးဖြိုးက “ဦးဇင်း ဒီအနုပညာကို ငယ်ငယ်လေးကတည်းက ဝါသနာပါတယ် ရူးလည်း ရူးသွပ်တဲ့အခါကျတော့ ဦးဇင်းဒီအနုပညာထဲကို ပြန်လုပ်ချင်ပါတယ် ဇောက်ချပြီးတော့ ဦးဇင်းကမ်းလှမ်းမှုလေးတွေတော့ လိုပါသေးတယ်။ ဦးဇင်းကို ကမ်းလှမ်းမှလည်း ဦးဇင်းလုပ်လို့ရမှာပါ။ ကိုယ်တိုင်လုပ်ဖို့ဆိုတာကတော့ ဦးဇင်း Background မှာက ကိုယ်တိုင်လုပ်ဖို့ မဖြစ်နိုင်ဘူးလေအဲ့တာလေးပါပဲ။ အနုပညာနဲ့ အလှမ်းဝေးသွားတာ ဘာကြောင့်လဲ ဆိုတော့ ဦးဇင်းဒီအပေါ်မှာ အရင်တုန်းက လျှောက်ခဲ့တာ ကလေးဘဝက သရုပ်ဆောင်ပေါ့။ ဦးဇင်းထက် နောက်ပိုင်းပေါ်လာတဲ့ ကလေးသရုပ်ဆောင်တွေကြောင့် ဦးဇင်းနေရာမရတော့ဘူးလေ အဲ့တော့ ဦးဇင်းအလှမ်းဝေးသွားတယ် ပြီးတော့ ကမ်းလှမ်းမှုလေးတွေကလည်း ဦးဇင်းအပေါ် သိပ်မရှိတော့ဘူးလေ။ ဒါကြောင့်မို့လို့ ဦးဇင်းအလှမ်းဝေးသွားတယ်လို့ ခေါ်လို့ရပါတယ်။
အနုပညာဆိုတာကတော့ အရင်တုန်းက ဦးဇင်းငယ်ငယ်တုန်းက လုပ်ခဲ့တဲ့အနုပညာလည်း အတူတူပဲ အခုအနုပညာလည်း အတူတူပဲ ဒါပေမဲ့ လုပ်ပုံလုပ်နည်းလေးတွေပဲ ကွာသွားတာ။ ဦးဇင်းငယ်ငယ်တုန်းကတော့ ကလေးသရုပ်ဆောင်ဘဝတုန်းကတော့ ဦးဇင်းပါရမီပါလာတယ်ပေါ့နော်။ ဦးဇင်းကြီးလာတော့ ဒီပါရမီနဲ့ဝါသနာကြောင့်ရယ်နဲ့ အလုပ်လုပ်တယ် စက်ကူးမက်ကူး ကာလမှာ ကာရိုက်တာမတူတာလေးတွေကို ဦးဇင်းလိုက်ပြီးတော့ လက်ခံဖြစ်တယ်။ လုပ်ဖြစ်တယ် ဦးဇင်းရိုက်ဖြစ်တယ် ပျော်ပါတယ်။ အနုပညာကတော့ အတူတူပါပဲ လုပ်ပုံလုပ်တွေသာ ကွာသွားတယ်လို့ သတ်မှတ်ပါတယ်။ ဦးဇင်းကတော့ အနုပညာကို ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တာဆိုတော့ ဝါသနာပါခဲ့တာဆိုတော့ လုပ်ချင်တာပေါ့ ဒါပေမဲ့ ဦးဇင်းလုပ်ချင်တဲ့ အလိုက်အလျောက်လည်း ဖြစ်ချင်ဦးမှလေ ကမ်းလှမ်းမှုရှိရင်တော့ ဦးဇင်းကတော့ လုပ်နေမှာပါပဲ။ ဦးဇင်းကို ကာရိုက်တာ အဓိက တစ်နေရာ ပေးထားရင် ဦးဇင်းကို တွဲခေါ်တယ် ဦးဇင်းကို ဒီအနုပညာလောကထဲကို ခေါ်တဲ့ မောင်နှမတွေအားလုံး ဦးဇင်းကို ကာရိုက်တာ တစ်ခုပေးမယ်ဆိုရင် ဦးဇင်းလုပ်ချင်တယ်။”လို့ မိန့်သွားခဲ့ပါတယ်။

Credit: ဟီးဟီးဟားဟား

Recent Updates

Recent Posts Widget