လင်းလင်းနဲ့ ချစ်သုဝေတို့ထက် ပိုပျော်နေတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ခရီးသွားပုံရိပ်တွေ
အဆိုတော်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးတွေကြောင့် အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့
ဖေဖေလင်းလင်းက ခေတ်လေး၊ သစ်လေးတို့နဲ့အတူ နေပြည်တော်မှာ လျှောက်လည်နေတဲ့ သူတို့မိသားစုတွေရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာတွေ့ရပါတယ်။ ဖေဖေ မေမေတို့ထက်တောင် ခရီးသွားရတာ ပိုသဘောကျတဲ့ ခေတ်လေးနဲ့သစ်လေးတို့ကတော့ နေပြည်တော်မှာ တော်တော်လေးကို ပျော်နေကြတာပါနော်။မိုမိုလေးချစ်ပရိသတ်တွေအတွက် နေပြည်တော်မှာ လျှောက်လည်ရင်း ပျော်နေကြတဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။လင်းလင်းကတော့ ” Trip :))))” ဆိုပြီး ခေတ်လေး၊သစ်လေးတို့နဲ့အတူ နေပြည်တော်မှာ လျှောက်လည်နေတဲ့
ပုံရိပါလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီးလေးတွေရဲ့နာမည်နဲ့လည်း ငွေကြေးမတတ်နိုင်တဲ့ ကလးငယ်တွေရဲ့ကျန်းမာရေးအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပါသေးတယ်နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ခေတ်နဲ့ သစ်လေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။Myint Myat
Source;Htwe Lynn Ko’s Facebook
Credit \\ original





