ဘန်ကောက်မှာပျော်နေကြပြီဖြစ်တဲ့ ပိုင်ဇေရဲထွန်း တို့မိသားစု




ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ပိုင်ဇေရဲထွန်းဟာဆိုရင် တစ်ချိန်က ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူသရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိခဲ့တာကြောင့် သူ့ကို ခုအချိန်ထိချစ်ခင်အားပေးနေတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ပိုင်ဇေရဲထွန်းတို့ ရဲ့မိသားစုလေးက လည်းပရိသတ်တွေ အားကျချစ်ခင်ရတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။အမြဲတမ်း RO နေကြတဲ့ ဇနီးမောင်နှံလို့ နာမည်ကြီးတဲ့ ပိုင်ဇေရဲထွန်း တို့ဇနီးမောင်နှံက လတ်တလောမှာ ကလေးတွေနဲ့အတူ ထိုင်းနိုင်ငံကို သွားရောက်နေကြတာပဲ ဖြစ်ပါတယ်။



 ချစ်ရတဲ့မိသားစုတွေနဲ့အတူ ထိုင်းနိုင်ငံကို ပျော်ပျော်ပါးပါးသွားရောက်နေကြတဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုတွေရဲ့ ကြည်နူးစရာ ပုံရိပ်ကလေးတွေကို မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ဖိတ်ကြားမှုတစ်ခုကြောင့် ထိုင်းနိုင်ငံကို မိသားစုတွေနဲ့ပျော်ပျော်ပါးပါး သွားရောက်ခဲ့တဲ့အကြောင်းကို ပိုင်ဇေရဲထွန်းရဲ့



 ဇနီးသည်လေး ဇင်သဲနိုင်က ” Amazing Thailand 🇹🇭 Luxury Family Trip 💞 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲဖြစ်ပါတယ်။မြင်သူုတိုင်း အားကျနေခဲ့ရတဲ့ ပိုင်ဇေရဲထွန်းတို့ မိသားစုလေးကတော့ ပကာသနမပါတဲ့ ရိုးရှင်းတဲ့ မိသားစုလေးကို အေးအေးချမ်းချမ်းနဲ့ ဖန်တီးတည်ထောင်ထားခဲ့ကြတဲ့ မိသားစုလေးတစ်စုပါပဲနော်။ထိုင်းနိုင်ငံမှာ ပျော်ပျော်ပါးပါး လည်နေကြတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းတို့ရဲ့ ကြည်နူးစရာ မိသားစုပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။ ဘယ်အချိန်ကြည့်ကြည့် ကြည်နူးအေးချမ်းမှုတွေကို အမြဲပေးစွမ်းနိုင်ခဲ့တဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုလေးကို ချစ်တယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။Lazumnawsan
Ref : Zin Thae Naing’s Facebook

Credit   \\   original

Recent Updates

Recent Posts Widget