တိတ်တခိုး သဘောကျနေတဲ့ Crush လေးကို ဓာတ်ပုံတွေခိုးရိုက်နေတဲ့ ရွှေထူး




လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးကတော့ အမိုက်စားသီချင်းတွေကို ကိုယ်တိုင်ဖန်တီးပြီး ပရိသတ်တွေကို မျှဝေပေးလေ့ရှိသူတစ်ဦးပါ။ အဆိုတော်ရွှေထူးကတော့ မင်းသမီးချောလေး ရွှေမှုံရတီနဲ့အတူ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ အနာဂတ်ခရီးကို လျှောက်လှမ်းနေသူတစ်ဦးဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ရွှေထူးက သူအရမ်းချစ်ရတဲ့ Crush လေးကို ဓာတ်ပုံတွေခိုးရိုက်ပြီး ချစ်မဝဖြစ်နေတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ရွှေထူး အရမ်ကြွေနေတဲ့ Crush လေးက ဘယ်သူများပါလိမ့်နော်?


မိုမိုလေးချစ်ပရိသတ်တွေအတွက် တိတ်တခိုး သဘောကျနေတဲ့ Crush လေးကို ဓာတ်ပုံတွေခိုးရိုက်နေတဲ့ ရွှေထူးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ရွှေထူးကတော့ “Crush”ဆိုပြီး အင်တာဗျူးဖြေနေတဲ့ သူရဲ့တစ်ဦးတည်းသော မိန်းမိန်းကို ဓာတ်ပုံတွေရိုက်ပြီး ပြန်ကြွေနေတဲ့အကြောင်း ဝေမျှပေးထားတာပါ။

Crush တဲ့လား ရွှေထူးရယ် ချစ်တတ်လိုက်တာ.. .

ရွှေထူးကတော့ အင်တာဗျူးတွေမှာလည်း မိန်းမဖြစ်သူက လှလွန်းလို့ နောက်တစ်ခေါက် ပြန်လိုက်ချင်တယ်ဆိုပြီး ပြောဖူးပါသေးတယ်။


ရွှေထူးကတော့ လတ်တလောမှာ နယ်ရှိုးပွဲဆိုရင်းနဲ့ တစ်ခြားသော အနုပညာ အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေတာ တွေ့ရပါတယ်နော်။ ရွှေထူးပါဝင်သရုပ်ဆောင်ထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်တင်ချင်းမှာတင် အောင်မြင်မှုတွေ ရရှိနေတာပဲ ဖြစ်ပါတယ်။ ချစ်ရတဲ့မိန်းမနဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးကတော့ အိမ်ထောင်ရှင်တစ်ဦးရဲ့တာဝန်တွေလည်း ကျေပြွန်သူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေရော အရမ်းကို ချစ်တတ်လွန်းတဲ့ ရွှေထူးလို အိမ်ထောင်ဘက်မျိုး ရှိနေပြီလားဆိုတာ ပြောသွားခဲ့ပါဦးနော်။


Myint Myat
Source:Htoo Khant’s Facebook

Credit  \  original

Recent Updates

Recent Posts Widget