“အောင်ရဲလင်းကို ကြိတ် Crush နေတယ်လို့ ဝန်ခံလိုက်တဲ့ ပတ်ထရစ်ရှာ”
Credit \\ original
Unicode Version
အောင်ရဲလင်းကို ကြိတ်ကြိုက်နေတယ်လို့ ဝန်ခံလိုက်တဲ့ ပတ်ထရစ်ရှာ
ဆွဲဆောင်မှုရှိတဲ့ မျက်နှာထားနဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မော်ဒယ်မလေး ပတ်ထရစ်ရှာ(စူးရှနိုင်) ကိုတော့ သိကြမယ် ထင်ပါတယ်။ ကပြားရုပ်လေးနဲ့ ပုရိသတွေကို ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီး ပတ်ထရစ်ရှ ာကတော့ သူကြိုက်ရတဲ့ အားကျရတဲ့ အနုပညာ ရှင်တွေအကြောင်း ပြောသွားပြီး မင်းသားအောင်ရဲလင်းကို Crush နေတဲ့အကြောင်းကိုပါ အခုလိုဘဲ ရင်ဖွင့်သွားခဲ့ပါတယ်။
မင်းသမီး ပတ်ထရစ်ရှာ ကတော့ သူကြိုက်တဲ့ အနုပညာ ရှင်တွေနဲ့ ပတ်သက်ပြီး “ညီမက မြန်မာပြည်မှာဆိုရင် ကြိုက်တာနှစ်ယောက်ပဲရှိတယ်။ ရူးသွပ်တာပေ့ါနော်။ ပထမဆုံး crush ဖြစ်မိတာ ကိုအောင်ရဲလင်း။ မင်းသမီးထဲမှာ မကစ်ပေါ့နော်။ ဝတ်မှုန်ရွှေရည်။ အဲဒီနှစ်ယောက်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့ ကားလေးတွေကို ကြည့်ရတာ မပျင်းဘူး။ မင်းသားဆိုတာ သရုပ်ဆောင်ကောင်းနေရုံနဲ့လည်းမပြီးဘူး။
ကိုအောင်ရဲလင်းဆိုရင်ဖက်ရှင်တွေလည်းအမြဲထွင်တယ်။ သူ့ဖက်ရှင်ကိုသဘောကျတယ်။ မင်းသားတစ်ယောက်နဲ့ကိုက်ညီတဲ့ အင်္ဂါရပ်တွေသူ့မှာအများကြီးရှိတယ်။ သူများနိုင်ငံက မင်းသားတွေနဲ့လည်းယှဉ်လို့ရတယ်။ ထိုင်းတို့ဘာတို့ ဆိုရင်လည်း မင်းသားတွေ Body အရမ်းမိုက်တယ်။ ကိုအောင်ရဲလင်းဆိုလည်း Body အရမ်းမိုက်တယ်။ ဝတ်တတ်စားတတ်။ အရပ်အမောင်းလည်း ကောင်းတယ်။ သူ့ကိုအဲဒါတွေကြောင့်သဘောကျတာ”
ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး “ပရိသတ်ဆိုတာကတော့ လူဆယ်ယောက်မှာ ကိုယ့်ကိုဆယ်ယောက်လုံးလည်း ကြိုက်ချင်မှကြိုက်မယ်။ သုံးယောက်ပဲ လည်း ကြိုက်ချင်မှကြိုက်မယ်။ ကျန်တဲ့လူတွေ အပြစ်တင်တာကိုသွားပြီး ခံစားနေဖို့ထက်ခံယူတာက အပြစ်တင် တဲ့လူတွေကြိုက်လာအောင် ဘယ်လောက်ထပ်ကြိုးစားမလဲဆိုတာကို ပိုပြီး ခံယူပါတယ်။
ဒါကြောင့် ပရိသတ်တွေက ကြည့်မရဘူး။ ဘယ်လိုပဲပြောလည်း သူတို့တစ်နေ့ကြည့်ရ လာအောင် လုပ်ပြတာတွေကို လက်ခံလာအောင် လုပ်တာတွေ အရာထင်လာအောင် ဘယ်လိုပိုပြီးကြိုးစားမလဲပဲ တွေးပါတယ်” လို့ပြောကြားသွား ခဲ့ပါတယ်။ ချစ်ပရိသတ်ကြီးလည်း ပတ်ထရစ်ရှာလေးနဲ့ အောင်ရဲလင်းဆိုရင်ရော သဘောတူကြလား။ပြောခဲ့ပါဦးနော်။
Credit \\ original