ထူးအောင်ကို crush နေတယ်ဆိုတဲ့ ပွင့်နဒီမောင်




ပွင့်နဒီမောင်ဟာဆိုရင်အနုပညာလောကထဲမှာ အောင်မြင်မှုကိုအချိန်တွေအကြာကြီးထိန်းထားနိုင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေဆက်တိုက်ဆိုသလိုလုပ်နေတာမို့ ပရိသတ်တွေရဲ့အားပေးမှုတွေရရှိနေတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ထူးအောင်ကို crush မိနေတဲ့အကြောင်းပြောလာခဲ့ပါတယ်။





ပွင့်နဒီမောင်က ထူးအောင်ကို crush တယ်ဆိုတဲ့အကြောင်း “သူကအဲ့လို ဂျစ်ကန်ကန်ပုံစံလေးလေ။ အစ်မက အဲ့လို မျက်နှာကြောမာပြီး ဂျစ်ကန်ကန်ပုံစံမျိုးလေးကို ကြိုက်တယ်။ ထူးအောင်က အစ်မထက်အများကြီးငယ်မယ်ထင်ပါတယ်။ ဆိုင်မှာလေ ဆိုင်ဖွင့်ပွဲတုန်းက သတို့သမီးသတို့သားဝတ်စုံတွေလာရိုက်ပေးတာ။ အဲဒီတုန်းက မောင်လေးဆိုပြီးတော့ လာရိုက်ခိုင်းတာ။ အဲဒီကတည်းက သူနဲ့ခင်တာပါ”လို့ ပြောပြထားပါတယ်။





ထူးအောင်က အပြင်မှာလည်းတကယ် စိတ်ထားကောင်းတဲ့အကြောင်း “သူတို့ပိုင်တံခွန်တို့ဆိုတာက ဆိုင်ဖွင့်ပွဲကတည်းက လာရိုက်ပေးထားတဲ့လူတွေလေ။ ထူးအောင်က အဲဒီတုန်းက မော်ဒယ်သီးသန့်ပဲလုပ်သေးတာ။ လုံးဝ ကားမရိုက်သေးဘူး။ အခုမှရုပ်ရှင်ရိုက်တာလေ။ သူ့ကိုအားပေးဖို့အဆင်သင့်ပါ။ ပိုင်တံခွန်ကိုလည်း အားပေးဖို့အဆင်သင့်ပါ။ ကိုယ့်မောင်လေးတွေလိုပဲဆိုတော့ အကုန်လုံးကလည်း စိတ်ထားအရမ်းကောင်းကြတယ်”လို့ ပြောပြထားပါတယ်။



အခုတလော hot ဖြစ်နေတဲ့ LGBT တွေနဲ့ပတ်သက်တဲ့သဘောထားကိုတော့ “ဂေးဆိုတာကတော့ရှိပြီးသားပဲပေါ့နော်။ လူပဲလေ လူအချင်းချင်းပဲဆိုတော့ လက်စဘီယံပဲဖြစ်ဖြစ် အချစ်ဆိုတာကတော့ ဘယ်သူမဆိုဖြစ်သွားနိုင်တာပဲလေ။ အချို့လူကြီးတွေကတော့ ဘဝဆက်တိုင်း ပေါင်းရပါစေဆိုတဲ့စကားကို ဆုတောင်းမှားကြတယ်လို့ပြောကြတယ်ပေါ့နော်။ အဲဒါကလည်း make sense ဖြစ်တယ်လေ။ အစ်မတို့က ဗုဒ္ဓဘာသာအယူဆိုတော့ ကံစီမံရာလို့ပဲပြောချင်ပါတယ်”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ထူးအောင်ကိုချစ်ကြလား။ထူးအောင်ရဲ့ လေဒီဘွိုင်းဇာတ်ကားကြီးကိုရော အားပေးကြည့်ရှု့ပြီးသွားပြီလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Recent Updates

Recent Posts Widget