မႏၱေလးၿမဳိ႕က ထူးထူးျခားျခား ပရဟိတ တခုျဖစ္တဲ့ အာဟာရဒါနဘဏ္ (Food Bank)





မႏၱေလးၿမဳိ႕က ထူးထူးျခားျခား ပရဟိတ တခုျဖစ္တဲ့ မည္သူမဆုိ ယူငင္ စားေသာက္ႏုိင္တဲ့ အာဟာရဒါနဘဏ္ (Food Bank) အေၾကာင္းကုိ ေဖာ္ျပ ေပးလုိက္ပါတယ္။ Food Bank ကိုေတာ့ စုိးေနမ်ဳိး ေမာင္ေမာင္ ကုိဝမ္းက စတင္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ သူတင္ထားတဲ့ မူရင္း ပုိ႔စ္ကုိ ေဖာ္ျပလုိက္ပါတယ္-



ကိုယ္အစျပဳခဲ့တဲ့ဒီ food bank ေလးမွာတေယာက္ၿပီး တေယာက္ အစားအေသာက္ေလးေတြ လႈဒါန္းၿပီးလာထည့္ ၾကတဲ့ အတြက္ဝမ္းသာရပါတယ္။ ဂ်ပန္မွာဆိုလဲ ဒါမ်ိဳးေလးေတြလုပ္ၾကပါတယ္။ စိတ္ဓာတ္မေကာင္းသူေတြရဲ႕ အလိုရမၼက္ႀကီး စြာနဲ႔ လိုတာထက္ ပိုယူသြားမွာေတြ၊ ဖ်က္ဆီးႏိုင္တာေတြကုိ ကၽြန္ေတာ္တို႔ေတြးမိပါတယ္။



ဒါေပမယ့္ကၽြန္ေတာ္တို႔ လူမ်ိဳးအမ်ားစုဟာ စိတ္ဓာတ္ေကာင္းမြန္ၾကၿပီး၊ အနည္းစုကသာ စိတ္ဓာတ္ပ်က္စီးေနၾကတယ္လို႔ ကၽြန္ေတာ္ယုံၾကည္ပါတယ္။ ပ်က္ေနတဲ့စိတ္ဓာတ္ေတြကို ျပင္မရေတာ့ပါဘူးကြာလို႔လႊတ္ခ်လိုက္မယ့္အစား ဓမၼက အဓမၼကို ေနာက္ဆုံးေတာ့ ႏိုင္ရမယ္လို႔ စိတ္ကူးၾကၿပီး ကၽြန္ေတာ္တို႔စိတ္ဓါတ္ေတြကို ရသေလာက္ တျဖည္းျဖည္း ျပင္သြား ရေအာင္လားဗ်ာ။

ဘယ္ေလာက္ပဲၾကာၾကာေပါ့။ ကၽြန္ေတာ္တို႔ မ်ိဳးဆက္သစ္မ်ား အတြက္ပါ ဒီ Food Bank ေလးကို ရွင္သန္ႀကီးျပင္းေအာင္ ဝန္းရံၾကပါစို႔။ ဒီညကေတာ့ ညီေလး ရဲျမတ္သူ သြားေရာက္လႈဒါန္းခဲ့တာပါ။ Photo – Ye Myat Thu

စုိင္းေနမ်ဳိး ေမာင္ေမာင္ ကုိဝမ္း (ေလးစားစြာျဖင့္ ခရက္ဒစ္)

Unicode

မန္တလေးမြို့က ထူးထူးခြားခြား ပရဟိတ တခုဖြစ်တဲ့ အာဟာရဒါနဘဏ် (Food Bank)

မန္တလေးမြို့က ထူးထူးခြားခြား ပရဟိတ တခုဖြစ်တဲ့ မည်သူမဆို ယူငင် စားသောက်နိုင်တဲ့ အာဟာရဒါနဘဏ် (Food Bank) အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်။ Food Bank ကိုတော့ စိုးနေမျိုး မောင်မောင် ကိုဝမ်းက စတင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူတင်ထားတဲ့ မူရင်း ပို့စ်ကို ဖော်ပြလိုက်ပါတယ်-

ကိုယ်အစပြုခဲ့တဲ့ဒီ food bank လေးမှာတယောက်ပြီး တယောက် အစားအသောက်လေးတွေ လှုဒါန်းပြီးလာထည့် ကြတဲ့ အတွက်ဝမ်းသာရပါတယ်။ ဂျပန်မှာဆိုလဲ ဒါမျိုးလေးတွေလုပ်ကြပါတယ်။ စိတ်ဓာတ်မကောင်းသူတွေရဲ့ အလိုရမ္မက်ကြီး စွာနဲ့ လိုတာထက် ပိုယူသွားမှာတွေ၊ ဖျက်ဆီးနိုင်တာတွေကို ကျွန်တော်တို့တွေးမိပါတယ်။

ဒါပေမယ့်ကျွန်တော်တို့ လူမျိုးအများစုဟာ စိတ်ဓာတ်ကောင်းမွန်ကြပြီး၊ အနည်းစုကသာ စိတ်ဓာတ်ပျက်စီးနေကြတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပျက်နေတဲ့စိတ်ဓာတ်တွေကို ပြင်မရတော့ပါဘူးကွာလို့လွှတ်ချလိုက်မယ့်အစား ဓမ္မက အဓမ္မကို နောက်ဆုံးတော့ နိုင်ရမယ်လို့ စိတ်ကူးကြပြီး ကျွန်တော်တို့စိတ်ဓါတ်တွေကို ရသလောက် တဖြည်းဖြည်း ပြင်သွား ရအောင်လားဗျာ။

ဘယ်လောက်ပဲကြာကြာပေါ့။ ကျွန်တော်တို့ မျိုးဆက်သစ်များ အတွက်ပါ ဒီ Food Bank လေးကို ရှင်သန်ကြီးပြင်းအောင် ဝန်းရံကြပါစို့။ ဒီညကတော့ ညီလေး ရဲမြတ်သူ သွားရောက်လှုဒါန်းခဲ့တာပါ။ Photo – Ye Myat Thu

စိုင်းနေမျိုး မောင်မောင် ကိုဝမ်း (လေးစားစွာဖြင့် ခရက်ဒစ်)

Recent Updates

Recent Posts Widget