Gym သွားစရာမလိုဘဲ တင်ပါးကိုလှပသွားစေမယ့် လေ့ကျင့်ခန်း ( ၉ ) မျိုး





မိန်းကလေးတိုင်းကကျန်းမာပြီးလှပချင်ပေမယ့်လဲပုံမှန်အလုပ်တွေပြီးတဲ့အခါမှာအားကစားခန်းမကိုသွားနိုင်ဖို့ကမလွယ်ပါဘူး။အဲလောက်လွယ်လွယ်လက်မလျှော့လိုက်ပါနဲ့။လေ့ကျင့်ရေးဆရာတွေကအိမ်မှာပဲလုပ်လို့ရတာတွေကိုထောက်ခံပေးထားပါတယ်။သင်ပုံမှန်လုပ်မယ်ဆိုရင်အားကစားခန်းမသွားတာနဲ့တူတဲ့ရလဒ်ရမှာပါ။
BrightSideကသင့်ပေါင်နဲ့အပိုကြွက်သားစေကိုအားကစားခန်းမမှာလုပ်သလိုတင်းစေမယ့်လေ့ကျင့်ခန်းတွေကိုရွေးချယ်ထားပါတယ်။

၁။ပင့်ကူလူသားပုံ

တင်ပဆုံရိုးနဲ့ကျောရိုးတွေသန်မာအောင်ထောက်ကန်ပေးတဲ့အပိုကြွက်သားတွေ ပေါင်နဲ့ဝမ်းဗိုက်တွေပါဝင်တဲ့ပင်မကြွက်သားတွေစတဲ့ခြေသလုံးမှပေါင်အထိခြေထောက်ကြွက်သားတွေကိုလေ့ကျင့်ပေးပါတယ်။့
မူလပုံကပျဉ်ပြားအမြင့်ပေါ်မှာလက်တွေဖြောင့်အောင်ထားခြင်းကစပါတယ်။ညာဘက်ဒူးကိုတင်ပါးတွေမမစေဘဲညာဘက်တံတောင်ဆစ်အထိမပါ။
မူလအနေအထားအတိုင်းပြန်နေပါ။ သင့်ဘယ်ဒူးခေါင်းနဲ့တံတောင်ဆစ်ကိုလဲထိုနည်းအတိုင်းလုပ်ပါ။


၂။ကြယ်ပုံခုန်ခြင်း

သင့်ကျောရိုးတွေကိုအဓိကလေ့ကျင့်ပေးမှာပါ။.ဒါကခြေထောက်တွေကိုသွယ်ပြီး သန်မာစေပါတယ်။ သင့်ခြေထောက်တွေကိုစုပြီးလက်မောင်းတွေကိုဘေးမှထားပါ။သင့်ဒူးကိုကွေးပြီးတင်ကိုအနောက်ကိုပို့ဖို့ကြိုးစားပါ တဝက်ဆောင့်ကြောင့်ထိုင်ပါ။
သင့်လက်မောင်းနဲ့ခြေတွေကိုကြယ်ပုံဖြန့်ပြီးအမြန်ခုန်ပါ။သင့်ခြေထောက်တွေကိုဂရုတစိုက်ချပြီးမူလအနေအထားသို့ပြန်နေပါ။

၃။ခြေထောက်တဖက်အသေထား၍မခြင်း

ဒီလေ့ကျင့်ခန်းကပုခုံးရိုးကြွက်သားတွေတကောက်ကြောနဲ့အပိုကြွက်သားတွေကိုလေ့ကျင့်ပေးပါတယ်။
သင့်ခြေထောက်တွေကိုပုခုံးအကျယ်အတိုင်းချဲပြီးသင့်လက်တွေကိုချထားပါ။သင့်ကိုယ်အလေးချိန်ကိုဘယ်ခြေဆီပို့ပြီး ညာခြေကိုကွေးပြီးမပါ။ သင့်လက်မောင်းတွေကမျှခေညီစေရန်အောက်ကိုချဲ့ပါ။သင့်ညာခြေထောက်နဲ့ရင်ပိုင်းတဖြောင့်တည်းဖြစ်ပြီးကြမ်းပြင်နဲ့အပြိုင်မပြီး​ရှေ့သို့ကွေးပါ။
သင့်ဘယ်ခြေထောက်ကိုလဲတူညီတဲ့လေ့ကျင့်ခန်းထပ်လုပ်ပါ။

၎။စကိတ်စီးပုံ

သင့်ရဲ့အင်္ဂါတွေအပိုကြွက်သားတွေနဲ့တကောက်ကြောတွေကိုဒီအရာက​လေ့ကျင့်ပေးမှာပါ။တည့်တည့်ရပ်ပြီးညာဘက်ကိုညာခြေထောက်နဲ့ခုန်ပါ။
ညာဘက်ကိုတခါထပ်ခုန်ပြီးဘယ်ဘက်ကို၂ခါခုန်ပါ။အရှိန်ကိုဖြည်းဖြည်းချင်းမြှင့်ပြီး ခုန်တာကိုပြောင်းပါ။
၃ ခါထပ်လုပ်ပါ။

၅။ခြေတချောင်းနဲ့တံတားပုံစံ

ဒီလိုတံတားပုံလုပ်ခြင်းကကြွက်သားအပိုတွေကိုသန်မာစေပြီးပင်မကြွက်သားတွေကိုအလေးချိန်ပေါင်းစေပါတယ်။
ပက်လက်လှန်ပြီးဒူးကိုကွေးပါ။သင့်ခြေထောက်ကိုတင်ပါးအကျယ်လောက်ခွာထားပါ။
သင့်တင်ပါးနဲ့ခြေထောက်တဖက်တို့ကိုမပါ။ဖနောင့်နဲ့ပုခုံးပေါ်မှာဖိအားသက်ရောက်စေပြီးထိုအနေအထားအတိုင်း ၅မှ၁၀စက္ကန့်အထိနေပါ။ မူလကအနေအထားပြန်သွားပြီးခြေထောက်ပြောင်းပါ။ဒီလိုပုံမျိုးလုပ်နေတဲ့အချိန်မှာပင်မကြွက်သားနဲ့ပေါင်ကြွက်သားတွေကိုဆွဲသင့်ပါတယ်။
၃ ခါထပ်လုပ်ပါ။

၆။ကုလားအုတ်ပုံ

ဒီပုံကအပိုကြွက်သားတွေကိုကုလားထိုင်နဲ့လုပ်ခြင်း အပြင်ပေါင်ကြွက်သားတွေကိုလဲဆန့်ပေးပါတယ်။ထို့အပြင်ရင်အုံနဲ့ပုခုံးတွေကိုပါလေ့ကျင့်ပြီးသားပါပဲ။ကုလားထိုင်ကိုမှီပြီးကြမ်းပြင်ပေါ်မှာထိုင်ပါ။ဒူးကွေးပြီးသင့်လက်တွေကို ကုလားထိုင်လက်ကိုင်မှာတင်ပါ။ သင့်ခေါင်းကိုနောက်ဆုတ်ပြီးတန်နိုင်သလောက် ပုခုံးကိုဆန့်ပါ။ရင်အုံကိုတွန်းပါ။သင့်တင်ပါးဝမ်းဗိုက်နဲ့ပေါင်ကြွက်သားတွေကိုဆွဲပါ။ထိုပုံအတိုင်း ၁စက္ကန့် နှစ်စက္ကန့်နေပြီးမူလအနေအထားသို့ပြန်နေပါ။အနားယူပါ။ပိုပြီးကောင်းတဲ့ရလဒ်ရဖို့သင့်လက်တွေကိုဖနောင့်ပေါ်မှာထားပါ။

၇။တင်ပါး ပင့်ခြင်း

ပင့်ခြင်းကသင်ပေါင်နဲ့ပိုတဲ့ကြွက်သားတွေရဲ့နောက်ပိုင်းကိုလေ့ကျင့်တာပါ။
သင့်ပုခုံးရဲ့အောက်ပိုင်းကမျက်နှာပြင်ရဲ့အဆုံးမှာနားနေနိုင်အောင်သင့်ကျောရဲ့အပေါ်ပိုင်းကို ဆိုဖာ အိပ်ယာ နဲ့ခုံတန်းတွေပေါ်မှာထားပါ။ သင့်ရင်အုံနဲ့ဒူးတွေကိုမျဉ်းဖြောင့်အတိုင်းဖြစ်အောင်လုပ်ပါ။သင့်ဒူးတွေကိုကွေးပြီးတင်ပါးကိုချထားပါ။သင့်တင်ပါးကိုမူလပုံစံပြန်မဖို့အတွက်သင့်ခြေဖနောင့်နဲ့တင်ပါးတွေကိုတွန်းပါ။ပိုပြီးတင်းအားရစေရန်အတွက်သင့်ခြေထောက်တွေကိုမတူတဲ့ပုံမျိုးထားချင်လဲရပါတယ်။

၈။ဖားပုံစံ

ဒီလေ့ကျင့်ခန်းကတကောက်ကြော ခြေသလုံးကြွက်သားစတဲ့ခြေထောက်တခုလုံးနီးပါးကိုလေ့ကျင့်ရတာပါ။
ပက်လက်လန်ပြီးဒူးတွေကွေးပါ။ခြေထောက်တွေကိုအတွင်းဘက်ထားပြီး ခြေချောင်းချင်း ဖနောင့်ချင်းပွတ်ပါ။ သင့်ကိုယ်ကိုလည်ပင်းမှာဒူးခေါင်းအထိမျည်းတဖြောင့်တည်းမဖြစ်မချင်းတင်ပါးမပြီးကြွက်သားတွေကိုဖျစ်ညစ်ပါ။သင့်ကြွက်သားတွေကိုအပေါ်ဖက်သို့ဆန့်နိုင်သမျှဆန့်ပါ။ပြီးလျှင်မူလအနေအထားအတိုင်းပြန်နေပါ။

၉။ဘူဂါရီယန်ရဲ့ဆောင့်ကြောင့်ထိုင်နည်း

ဒီဆောင့်ကြောင့်ထိုင်နည်းကပိုနေတဲ့ကြွက်သားတွေ တကော်ကြောနဲ့ အင်္ဂါတွေကိုလေ့ကျင့်ခြင်းအတွက်အကျိုးရှိပါတယ်။ လုပ်နေတဲ့အချိန်မှာသင့်ကို့ယ်အလေးချိန်အများစုကသင့်ရဲ့ရှေ့ခြေပေါ်မှာရှိနေပြီးခြေနောက်ပိုင်းကတော့ထိန်းပေးရမှာပါ။ဆိုဖာ ခုံတန်းရှည် သို့မဟုတ် ကုလားထိုင်ရှေ့မှာရပ်ပါ။ဘယ်ဘက်ခြေကိုအနောက်မှာရှိတဲ့မျက်နှာပြင်ပေါ်ထားပါ။သင့်ဒူးနဲ့ခြေကိုကွေးပြီးဆောင့်ကြောင့်ထိုင်ပါ။သင့်ရဲ့ညာခြေဖနောင့်ဖြင့်ကြမ်းပြင်ကိုတွန်းပြီးနောက်ဆုတ်ပါ။ဘယ်ဘက်ကိုလဲထိုကဲ့သို့လုပ်ဆောင်ပါ။
လေ့ကျင့်ခန်းတခုချင်းစီကို၁၂ခါစီထပ်လုပ်ပါ။အကြာကြီးမနားပါနဲ့တခုနဲ့တခုကြားအရမ်းမကွာပါစေနဲ့။

Credit  \\ original

Recent Updates

Recent Posts Widget