H1N1 ေၾကာင့္ ေသဆုံးသူအေရတြက္ထပ္တိုလာ ၊ အထိတ္ တလန႔္ မျဖစ္ၾကဖို ့အစိုးရေျပာ





ဇြန္လ၂၀ ရက္ေန႔ကက်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနထုတ္ျပန္ခ်က္အရ ရန္ကုန္မွာH1N1 ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ၅ဦးထိရွိလာၿပီးတစ္နိုင္ငံလုံး မွာ ၆ ဦးထိ ရွိလာၿပီျဖစ္တယ္လို႔လည္းသိရပါတယ္။

ဇြန္လ ၂၀ ရက္ေန႔မနက္ပိုင္းကအထိ တစ္နိုင္ငံလုံး ၅ ဦးေသဆုံးတယ္လို႔ အစိုးရက ေျပာထားတာပါ။

ရာသီတုပ္ေကြး H1N1 သံသယ ရွိတဲ့ လူနာေတြကို ေစာင့္ၾကပ္ၾကည့္ရွုၿပီး အထူးကုသမွုေပးမယ့္ ေဆး႐ုံ အေရအတြက္ ကို မႏွစ္က ထက္ ထက္ဝက္နီးပါးတိုးျမႇင့္ေပးလိုက္တယ္လို႔လည္းထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။


မႏွစ္က ေဆး႐ုံ ၈ ႐ုံမွာ သာေဆာင္ရြက္ခဲ့ရာကေန ဒီႏွစ္မွာေတာ့ ေဆး႐ုံ ၇ ႐ုံ ထပ္တိုး ၿပီး စုစု ေပါင္း ေဆး႐ုံ ၁၅ ႐ုံ ရွိလာ ၿပီလို႔ဆိုပါတယ္။

ဒီႏွစ္တိုးခ်ဲ႕ေဆး႐ုံေတြထဲမွာ ေျမာက္ဥကၠလာေဆး႐ုံႀကီး ၊ အင္းစိန္ေဆး႐ုံ ၊ လွိုင္သာယာ ေဆး႐ုံ အပါအဝင္ တိုင္းနဲ႔ ျပည္နယ္ ေတြက ေဆး႐ုံေတြ ျဖစ္ တယ္လို႔လည္းေျပာပါတယ္။

အစိုးရက ေတာ့ ဒီေရာဂါကို အထိတ္ တလန႔္ မျဖစ္ၾကဖို႔ေျပာေပမဲ့ ရန္ကုန္ ၿမိဳ႕ခံေတြ ကေတာ့တုပ္ေကြးကာကြယ္ေဆးေတြ အျပင္ ေဆးခန္းေတြမွာ လိုက္ထိုးေနၾကပါတယ္။

ဒီေရာဂါကာကြယ္ဖို႔ကာကြယ္ေဆးထိုးတာနဲ႔ပက္သက္လို႔ အစိုးရ ဘက္ကထိုးသင့္တယ္လို႔ ေျပာဆိုတာမ်ိဳးမရွိေသးပါဘူး။

H1N1 ဟာ လက္ရွိ ဇြန္လ ကေန စက္တင္ဘာလအတြင္းျဖစ္ပြားတတ္တာမို႔ ဒီကာလ အတြင္းမွာ ေစာင့္ၾကပ္ၾကည့္ရွုမွုေတြကို အထူးအေလးထားေဆာင္ရြက္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ ကေတာ့ H1N1 ျဖစ္ပြားသူ ေလးရာေက်ာ္ ရွိခဲ့ကာ သုံးဆယ္ေက်ာ္ ေသဆုံးခဲ့ပါတယ္ ၂၀၁၈ခုႏွစ္တြင္းမွာေတာ့ေရာဂါ သံသယရွိသူ သုံးရာေက်ာ္ရွိၿပီး ေသဆုံးမွု မရွိခဲ့ပါဘူး။

Source_BBC

Credit  \\  original

Unicode

ဇွန်လ၂၀ ရက်နေ့ကကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနထုတ်ပြန်ချက်အရ ရန်ကုန်မှာH1N1 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅ဦးထိရှိလာပြီးတစ်နိုင်ငံလုံး မှာ ၆ ဦးထိ ရှိလာပြီဖြစ်တယ်လို့လည်းသိရပါတယ်။

ဇွန်လ ၂၀ ရက်နေ့မနက်ပိုင်းကအထိ တစ်နိုင်ငံလုံး ၅ ဦးသေဆုံးတယ်လို့ အစိုးရက ပြောထားတာပါ။

ရာသီတုပ်ကွေး H1N1 သံသယ ရှိတဲ့ လူနာတွေကို စောင့်ကြပ်ကြည့်ရှုပြီး အထူးကုသမှုပေးမယ့် ဆေးရုံ အရေအတွက် ကို မနှစ်က ထက် ထက်ဝက်နီးပါးတိုးမြှင့်ပေးလိုက်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနှစ်က ဆေးရုံ ၈ ရုံမှာ သာဆောင်ရွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆေးရုံ ၇ ရုံ ထပ်တိုး ပြီး စုစု ပေါင်း ဆေးရုံ ၁၅ ရုံ ရှိလာ ပြီလို့ဆိုပါတယ်။

ဒီနှစ်တိုးချဲ့ဆေးရုံတွေထဲမှာ မြောက်ဥက္ကလာဆေးရုံကြီး ၊ အင်းစိန်ဆေးရုံ ၊ လှိုင်သာယာ ဆေးရုံ အပါအဝင် တိုင်းနဲ့ ပြည်နယ် တွေက ဆေးရုံတွေ ဖြစ် တယ်လို့လည်းပြောပါတယ်။

အစိုးရက တော့ ဒီရောဂါကို အထိတ် တလန့် မဖြစ်ကြဖို့ပြောပေမဲ့ ရန်ကုန် မြို့ခံတွေ ကတော့တုပ်ကွေးကာကွယ်ဆေးတွေ အပြင် ဆေးခန်းတွေမှာ လိုက်ထိုးနေကြပါတယ်။

ဒီရောဂါကာကွယ်ဖို့ကာကွယ်ဆေးထိုးတာနဲ့ပက်သက်လို့ အစိုးရ ဘက်ကထိုးသင့်တယ်လို့ ပြောဆိုတာမျိုးမရှိသေးပါဘူး။

H1N1 ဟာ လက်ရှိ ဇွန်လ ကနေ စက်တင်ဘာလအတွင်းဖြစ်ပွားတတ်တာမို့ ဒီကာလ အတွင်းမှာ စောင့်ကြပ်ကြည့်ရှုမှုတွေကို အထူးအလေးထားဆောင်ရွက်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ် ၂၀၁၈ခုနှစ်တွင်းမှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။

Source_BBC

Credit  \\  original

Recent Updates

Recent Posts Widget