မေမေခိုင်သင်းကြည်ရဲ့ အနုပညာအမွေတွေကို ဆက်ခံယူတော့မယ့် စံထိပ်ထားဦး




နိုင်ငံကျော်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်လို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိမှာကတော့ ဟန်ချက်ညီညီနဲ့ သရုပ်ဆောင်ကောင်းလွန်းတဲ့ သူမရဲ့ အမူအရာလေးတွေပါ။ အရမ်းကိုသွက်လက်ပြီး ချစ်စရာကောင်းလွန်းတဲ့ သူမကတော့ ချစ်သမီးလေး ထိပ်ထားနဲ့ အရွယ်တူညီအစ်မအလား ထင်ရလောက်အောင် နုပျိုလှပလွန်းတဲ့ သူလေးတစ်ယောက်ပါ။ ခင်ပွန်းရဲ့ ဂရုစိုက်မှု ချစ်ခင်မှုကိုရရှိထားခဲ့တဲ့ သူမကတော့ မိသားစုရေးမှာ အများက လေးစားအားကျရလောက်တဲ့ မိသားစုလေးကို ရယူပိုင်ဆိုင်ထားခဲ့ရတဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။



အရမ်းကို ချစ်စရာကောင်းတဲ့ သူမကတော့ အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် အနုပညာအလုပ်ကိုမနားဘဲ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမက “ပြုံးချို” ရုပ်ရှင်ကားကြီး ရိုက်ကူးရန်အတွက် ပြင်ဦးလွင်ကို ရောက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ လှပသွက်လက်ပြီး နုပျိုဆုံးလို့တောင် တင်စားခံထားရတဲ့ မခိုင်လေးကတော့ သမီးလေးနဲ့ ရွယ်တူလို့ထင်ရလောက်အောင်ကို တစ်နေ့တစ်ခြား နုပျိုလွန်းနေတာပါနော်။


မခိုင်လေးရဲ့ သမီး စံထိပ်ထားဦးလေးဟာဆိုရင်လည်း အသက် (၁၆) နှစ်အရွယ်သာရှိသေးပေမယ့်လည်း ကြော်ငြာတွေ၊ MTV တွေမှာ ပုံစံတကျနဲ့ သရုပ်ဆောင်ပေးနိုင်ခဲ့တာကြောင့် အများရဲ့ ချစ်ခြင်းကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။




အသက်အရွယ်လေးနဲ့မမျှအောင် အရမ်းကို သရုပ်ဆောင်ကောင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ထိပ်ထိပ်လေးကတော့ မေမေရဲ့ အနုပညာအမွေတွေကို ဆက်လက်ခံရပေးမယ့် အနုပညာမျိုးဆက်သစ်လေး တစ်ယောက်ပါနော်။

အရမ်းကို ချစ်စရာကောင်းလွန်းနေကြတဲ့ မခိုင်လေးတို့သားအမိနှစ်ယောက်ရဲ့ ကြော်ငြာရိုက်ကွင်းပေါ်မှ ချစ်စရာအလှပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျ နှစ်သက်မယ်လို့ ထင်ပါတယ်။ ညီအစ်မတွေရှုံးရလောက်အောင် အရမ်းကို ချစ်စရာကောင်းလွန်းနေကြတဲ့ မခိုင်လေးတို့ သားအမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျ အချစ်ပိုမိတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit  \\  original

Recent Updates

Recent Posts Widget