“ည” ဆိုတာ မရှိတဲ့ Lapland ပြည်နယ်ရဲ့ထူးခြားချက် (၆) ချက်





တကယ်လို့ ည မရှိတဲ့နေရာမှာသာ နေရ ရင် ဘယ်လိုများ အိပ်ရပါ့မလဲလို့ သင် စဉ်းစားကြည့်ဖူးလား။ အိပ်ယာနိုးလို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်တိုင်း ပြတင်းပေါက်မှာ အမှောင်ဆိုတာ မရှိပဲ အမြဲတစေ လင်းနေတာမျိုးကြီး။ အဲဒီလို နေရာမျိုးက ကမ္ဘာပေါ်မှာ တကယ်ရှိလို့နေပါတယ်။ တစ်နေ့မှာ နေအလင်းရောင်ကို (၂၁)နာရီကနေ (၂၄)နာရီအထိ ရနေတဲ့ နေရာဖြစ်ပြီး စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုပေါ့။ အဲဒါကို Lapland လို့ခေါ်ပြီး ဖင်လန်နိုင်ငံရဲ့ မြောက်ဖက်စွန်းပိုင်းမှာ ရှိတဲ့ဒေသတစ်ခုပါ။ Lapland ဟာ ဆွီဒင်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ ရုရှားနိုင်ငံ၊ ဘောလ်တစ်ပင်လယ် တို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး ထူးခြားမှုတွေ အပြည့်နဲ့နေရာတစ်ခုလို့ အားလုံးက သတ်မှတ်ထားကြပါတယ်။ ကဲ…ဘာတွေထူးခြားနေတာလဲ။ ဖတ်ကြည့်လိုက်ရအောင်။


(၁)။ ည မရှိတဲ့နေရာ
Lapland မှာတော့ တစ်နှစ်ကို (၇၃)ရက်လောက်က ည ဆိုတာ မရှိပါဘူး။ နေရဲ့အလင်းရောင်ဟာ တစ်နေ့လုံးမှာ အနည်းဆုံး (၂၁)နာရီလောက်အထိ ရှိနေတတ်ပြီး တစ်ခါတစ်လေဆိုရင် (၂၄)နာရီအပြည့်တောင် လင်းနေတတ်လို့ အမှောင်ထုကို မုန်းတယ်ဆိုတဲ့သူတွေ သွားရောက်လည်ပတ်လို့ အကောင်းဆုံးနေရာပါပဲ။



(၂)။ ဆန်တာကလော့ပ် အမှန်တကယ်နေခဲ့တဲ့နေရာ
ဆန်တာကလော့ပ် ဆိုတာကို ရုပ်ရှင်တွေထဲမှာ၊ ဒါမှမဟုတ် ဈေးဝယ်စင်တာတွေထဲမှာသာ ရှိကြတာလို့ ထင်ခဲ့ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့် ဆန်တာကလော့ပ်အစစ်တွေဟာ Lapland မှာ နေထိုင်ခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်တဲ့။ ဒါက လက်ရှိမှာ ဒဏ္ဍာရီဆန်သွားပြီ ဖြစ်ပေမယ့်လည်း Lapland ဟာ ဆန်တာကလော့ပ်တွေ အစပြုခဲ့ရာဒေသလို့ အားလုံးက လက်ခံထားကြပါတယ်။



(၃)။ လူဦးရေ
Lapland မှာ နေထိုင်တဲ့လူဦးရေဟာ (၁၈၄,၀၀၀) သာ ရှိပြီး ဖင်လန်တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေအတိုင်းအတာနဲ့ဆိုရင် ဒါက (၃.၆) ရာခိုင်နှုန်းပဲ ရှိနေတာပါ။ အကျယ်အ၀န်းက သိန်းပေါင်း (၂၄၈)ဧက ရှိတဲ့ Lapland လို နေရာမျိုးမှာ လူဦးရေနဲ့အချိုးချကြည့်လိုက်ရင် လူတစ်ဦးကို (၁၃၄)ဧကလောက် ပိုင်ဆိုင်သလိုတောင် ဖြစ်နေပါသေးတယ်။

(၄) ဒရယ်တွေ
Lapland မှာ အများဆုံးမြင်ရတွေ့ရတာကတော့ ဒရယ်တွေပါပဲတဲ့။ ဒရယ်တွေဟာ အဲဒီဒေသရဲ့ လူဦးရေနဲ့တန်းတူလောက်ရှိပြီး နေရာတိုင်းလိုလိုမှာ ဒရယ်ကြီးတွေကို တွေ့နေရတတ်တာပါ။ တချို့ခရီးသွားတွေဆိုရင် ဟမ်ဘာဂါ ကို ဒရယ်သားနဲ့တောင် စားခဲ့ကြရတယ်လို့ မှတ်ချက်တွေ ပြန်ပြီးပေးတဲ့အထိကို ဒရယ်တွေက Lapland ရဲ့ နေရာအနှံ့အပြားမှာရှိနေခဲ့ကြတာပါ။



(၅) Northern Light
ဘာသာပြန်ဝတ္ထုတွေထဲမှာ ဥတ္တရအလင်း လို့ တွေ့ တွေ့နေရတဲ့ Northern Light ဟာ Lapland ဒေသရဲ့ အမှတ်တံဆိပ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ထူးခြားတဲ့အရောင်တမျိုးနဲ့ ခြယ်မှုန်းထားတဲ့ မြောက်ဖျားအလင်းရောင် ဟာ Lapland ဒေသရဲ့ ပုံရိပ်တစ်ခုဖြစ်ပြီး ဒီအလင်းရောင်ကို မြင်ချင်လို့ လာရောက်ကြတဲ့ ခရီးသွားတွေကလည်း မနည်းမနောပါပဲ။


(၆)။ ရေခဲဟိုတယ်
Lapland နဲ့ ပတ်သက်ပြီး နာမည်ကြီးတာတစ်ခုက ရေခဲဟိုတယ် ပဲဖြစ်ပြီး နှင်း၊ရေခဲတွေနဲ့ တည်ဆောက်ထားတဲ့ ဟိုတယ်က လာရောက်တည်းခိုသူတွေအတွက် ထူးခြားတဲ့ ခံစားမှုကို အမြဲလိုလို ပေးစွမ်းနိုင်လေ့ရှိပါတယ်။ တော်နေးမြစ်ဘေးနားမှာရှိတဲ့ ရေခဲဟိုတယ်ဟာ စတင်ဖွင့်လှစ်ခဲ့တဲ့ နှစ်ပေါင်း (၂၇)နှစ် ရှိပြီဖြစ်ပြီး ဟိုတယ်အတွင်းမှာ အနုတ်(၅)ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိတဲ့ အအေးဒဏ်ကို ခံစားကြရမှာဖြစ်ပါတယ်။



Credit  \\  original


Recent Updates

Recent Posts Widget