အငဲ ရဲ့ “အိမ် ” သီချင်းကို ချစ်တဲ့ပရိသတ်တွေအတွက် live လွင့်ပြီး ဆိုပြလိုက်တဲ့ ဖြိုးမြတ်အောင်




Myanmar Idol Season 3 Winner ဆုရှင်ဖြိုးမြတ်အောင် ဟာဆိုရင် အနုပညာလောကထဲမှာ ကြိုးစားလျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်က ကြော်ငြာများကိုလည်း လက်ခံရိုက်ကူးနေပြီး နယ်ပွဲများသီဆိုရင်း အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင် သီချင်းဆိုပြထားတဲ့ video file လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။


ဖြိုးမြတ်အောင်က နယ်ပွဲများမှာ သွားရောက်ဖျော်ဖြေပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံးရင်း ချစ်ပရိသတ်တွေ ရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိနေတာပါ။


ဖြိုးမြတ်အောင် က သူချစ်တဲ့ သီချင်းတွေဆိုရင်း သူချစ်တဲ့ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ ဒီတစ်ခါမှာတော့ ဖြိုးမြတ်အောင် က အငဲ ရဲ့ လူကြိုက်များတဲ့ သီချင်းလေးဖြစ်တဲ့ ” အိမ်” ဆိုတဲ့ သီချင်းကို သူ့ပရိသတ်တွေအတွက် live လွင့်ပြီး ဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။


သီချင်းလေးက သူ့အသံ နဲ့ အရမ်းကို လိုက်ဖက်ပြီး စတူဒီယို ခန်းထဲမှာ ဆိုနေသလိုပဲ အရမ်းကိုနားထောင်ကောင်းနေတာပါ။

အငဲ ရဲ့ “အိမ် ” သီချင်းကို ချစ်တဲ့ပရိသတ်တွေအတွက် live လွင့်ပြီး ဆိုပြလိုက်တဲ့ ဖြိုးမြတ်အောင်

ဖြိုးမြတ်အောင် သီချင်း ဆိုပြထားတဲ့ live video လေးကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;phyo myat aung

Recent Updates

Recent Posts Widget