ချစ်သူက ဖြူဖြူကျော်သိန်းအသံကို ကော်ပီလုပ်ပြောတယ်ဆိုတဲ့အပေါ်တုံ့ပြန်လိုက်တဲ့ Mikis Weber




 မြန်မာပြည်ကို ချစ်လို့ အနုပညာအလုပ်တွေလုပ်ရင်း မြန်မာပြည်မှာ နေထိုင်နေတဲ့ ဂျာမနီနိုင်ငံသားလေး Mikis Weber နဲ့ မြန်မာမလေး စုစုဝေတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ မြန်မာမလေးကို သဲသဲလှုပ်ချစ်တဲ့ Mikis ကတော့ လတ်တလောမှာ ချစ်သူကောင်မလေးက ဖြူဖြူကျော်သိန်းအသံကို ကော်ပီလုပ်ပြောတယ်ဆိုတဲ့အပေါ် ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာ တွေ့ရပါတယ်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်သူကိုပြောရင် သဘောမကျတဲ့ ချစ်တတ်လွန်းသူကြီး Mikis Weber ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


အရမ်းကိုယဉ်ကျေးတဲ့ နိုင်ငံခြားသာလေး Mikis ကတော့ “အွန်လိုင်းမှာတွေ့တယ် စုစုက ဖြူဖြူကျော်သိန်း အသံကို ကော်ပီလုပ်ထားတယ်ဆိုပြီ … 😯 ကျတော်မြန်မာဆယ်လီတွေရဲ့ အသံနဲ့ရုပ် အားလုံးကိုတော့ကျတော် မသိဘူး။ အခုမှကြည့်လိုက်တော့ ဟုတ်တယ် သူတို့အသံနည်းနည်းဆင်တယ်… တစ်ချို့လူတွေပြောကြတယ် ကျတော်ရုပ်က Avicii နဲ့တူတယ်လို့ …. ခင်ဗျားတို့ရောထင်လာ ကျတော်သူနဲ့ဆင်အောင်လို့ ကော်ပီလုပ်ထားတယ်လို့… 😝 ဟိန်းမင်သူက Justin Bieber နဲ့ဆင်တယ် ဒီတော့ သူက Justin နဲ့တူအောင် ကော်ပီလုပ်တယ်လို့ ထင်လာ?

No ! ကျတော်တို့ ဒီအတိုင်မွေးလာတာ Maybe Justin က ဟိန်မင်းသူကို ကော်ပီလုပ်ထားတာနေမှာ 😅 Guys… တစ်ချို့လူတွေနားလည်မှုပေးရမယ် အရုပ်နဲ့အသံက ရွေးလို့မရဘူး ….စုစုက ကော်ပီလုပ်စရာမလိုဘူး ။ သူမက သူမပဲ ☝️ခုနကပြောတဲ့လူတွေလောက်ပဲ ဟိန်မင်းသူက ကြည်လို့ကောင်းတယ် ပြီတော့ စုစုက အသံလှတယ် ဒါသဘာဝပဲ 😉 By the way ကျတော်ကAvicii နဲ့လုံးဝမတူဘူထင်တယ် ☺️ What do YOU think? 🧠” ချစ်သူကို ဝေဖန်ကြတဲ့သူတွေအပေါ် ပညာသားပါပါနဲ့ တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။


မိသားစုတွေလို သံယောဇဉ်နဲ့ ရှေ့ဆက်နေကြတဲ့ သူတို့စုံတွဲလေးကတော့ နားလည်မှုတွေများစွာနဲ့ တစ်ဦးအပေါ် တစ်ဦး အချစ်တွေပြည့်နှက်နေတာမို့ အရမ်းကို အားကျဖို့ကောင်းလှပါတယ်။ Mikis Weber နဲ့ စုစုဝေတို့ချစ်သူနှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်းလည်း တစ်နှစ်ကျော်ရှိသွားပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချစ်သူကိုပြောလို့ ချစ်စဖွယ်လေး ပြန်တုံ့ပြန်လိုက်တဲ့ ချစ်တတ်လွန်းသူကြီး Mikis Weber ကိုချစ်ရင် ဒီသတင်းလေးကို ဝေမျှသွားကြပါဦးနော်။

Myint Myat
Source;Mikis Weber’s Facebook

Credit  \  original

Recent Updates

Recent Posts Widget