“Myanmar Idol မှာမပါနိုင်တော့လို့ စိတ်မကောင်းဖြစ်နေတဲ့ မြန်မာပြည်သိန်းတန်”
Unicode Version
ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်မြန်မာပြည်သိန်းတန်ဟာ နှစ်အတော်ကြာဂီတအလုပ်တွေနဲ့ဝေးကွာနေခဲ့ပေမယ့်လည်း Myanmar Idol နဲ့အတူ ပရိတ်သတ်တွေရဲ့ ရှေ့ကို Myanmar Idol ဒိုင်တစ်ဦးအဖြစ်ရောက်ရှိခဲ့တာဖြစ်ပါတယ်။Season 2, 3 တစ်လျှောက်ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့သူ့အတွက် အခုစတင်တော့မယ့် Season 4 မှာဒိုင်အဖြစ်မပါဝင်နိုင်တော့တာကြောင့် အတော်လေးစိတ်မကောင်းဖြစ်နေရပါတယ်။
မကြာခင်မှာ စတင်တော့မယ့် Myanmar Idol Season 4 အကဲဖြတ်ဒိုင်လူကြီးတွေအဖြစ် တာဝန်ယူကြမှာကတော့ အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အောင်ကိုလတ်တို့ ၃ ဦးပဲဖြစ်ပါတယ်။Myanmar Idol Season 4 ပြိုင်ပွဲအတွက် လာမယ့် ဇွန်လ ၁၅ရက်ကစပြီး ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြိုင်ပွဲဝင်တွေကို အသံစတင် စစ်ဆေးသွားတော့မှာဖြစ်ပါတယ်။Myanmar Idol Season 1 မှာ Winner အဖြစ် စောလားထော်ဝါး၊ Season 2 မှာ Winner အဖြစ်သားငယ်၊ Season 3 မှာတော့ Winner အဖြစ် ဖြိုးမြတ်အောင်တို့က ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဒိုင်အဖြစ်မပါဝင်တော့တာနဲ့ပတ်သက်ပြီး ပရိသတ်တွေဆီက စကားတွေပြန်ကြားရတော့ ဝမ်းနည်းမိကြောင်း စိတ်မကောင်းဖြစ်ကြောင်းနဲ့ ပရိသတ်တွေဆိုတာ ကိုယ့်ရဲ့မိဘတွေလိုဖြစ်ကြောင်း…. မိဘတွေကိုလည်း စိတ်မကောင်းဖြစ်မိသလို ကိုယ်တိုင်လည်း ဝမ်းနည်းမိကြောင်း MC ရဲ့ အင်တာဗျူးမှာလည်းဖြေဆိုထားပါတယ်.။
Credit: Pandora ( ပဲခူးဆား )