အလုပ်ကတစ်ရက်လစ်ချင်လို့ Photoshop ပညာကို အကျိုးရှိရှိအသုံးချခဲ့တဲ့ အမျိုးသား
ဝန်ထမ်းဘဝက တစ်ခါတစ်လေတော့လည်း တော်တော်လေးကို ဆိုးပါတယ်ဗျာ။ ပိတ်ရက်မှာ အလုပ်မသွားရဘူးဆိုပေမယ့် တစ်ခါတစ်လေ ၁ ရက်ခွဲလောက်လေး နားနေရတဲ့ ပိတ်ရက်မှာတောင်မှပဲ အလုပ်တွေ ပိနေလို့မနားမနေလုပ်ရတာမျိုးတွေရှိတယ်မလား။ အဲဒီလိုမဟုတ်ရင်တောင်မှပဲ တစ်နှစ်ပတ်လုံး ပုံမှန်အတိုင်း အလုပ်လုပ်နေရလို့ ပျင်းရိတာမျိုးတွေ၊ ဘာအကြောင်းပြချက်မှမရှိဘဲ အလုပ်လစ်နားချင်တဲ့စိတ်တွေ တစ်ခါတစ်လေဖြစ်မိတယ်ဟုတ်?
ဒါပေမဲ့လည်း ရုံးစည်းကမ်း၊ HR နဲ့ သူဌေးတွေအဆင့်ဆင့်ရှိနေတာကြောင့် တချို့ကုမ္ပဏီတွေဆိုရင် ခွင့်ယူချင်တိုင်း ယူလို့မရကြပါဘူး။ နေမကောင်းဘူးလို့ လိမ်ရအောင်ကလည်း ဆေးခန်းပြတဲ့ဘောက်ချာတွေ၊ ဆေးစာအုပ်တွေအဆင့်ဆင့်နဲ့မလို့ သိပ်ကိုရှုပ်လွန်းပါတယ်။ ဒါပေမဲ့ ဒီ Twitter user တစ်ဦးကတော့ အလုပ်ကနေ တစ်ရက်လောက်လစ်ထွက်ချင်လို့ဆိုပြီး သူဌေးကို ဓာတ်ပုံနဲ့တကွ အကြောင်းပြချက်ကောင်းတစ်ခုကိုပေးကာ လှိမ့်ပတ်ခဲ့ရာမှာ အောင်မြင်ခဲ့တယ်လို့ သူ့ရဲ့ Twitter မှာ တင်ထားခဲ့ပါတယ်။
Post မှာတော့ ကားပုံနှစ်ပုံကို ယှဉ်ပြထားပြီး ဘယ်ဖက်မှာတော့ ရိုးရိုးသာမြင်ရမှာဖြစ်ပေမယ့် ညာဖက်မှာတော့ ခုဏကကားပဲ ဒါပေမဲ့တာယာပြားနေပြီး တာယာလဲနေတဲ့ပုံသဏ္ဍာန်ကို ပြထားပါတယ်။ တကယ်တော့ ကားပုံနှစ်ခုာ တစ်ပုံတည်းဆိုတာကို သတိထားမိကြပါလိမ့်မယ်။ PaPa Boardslide ဆိုတဲ့ Twitter user ဟာ အလုပ်မသွားချင်လို့ သူဌေးကို ကားဘီးပေါက်သွားလို့ဆိုတဲ့ အကြောင်းပြချက်ကိုပေးပြီး ကားပြင်ရဦးမှာဖြစ်လို့ ဒီနေ့အလုပ်မလာဘူးလို့ ညာခဲ့တာပါ။ သက်သေအနေနဲ့ကလည်း ဖိုတိုရှော့နဲ့ ပြင်ထားတဲ့ပုံကို သူဌေးကို ပို့ခဲ့တယ်ဆိုတော့ သူဌေးကလည်း ယုံသွားတယ်တဲ့။
View image on TwitterView image on Twitter
Papa Boardslide
@PapaBoardslide
Proudest moment of my life was photoshopping my tire being flat to get out of work, I really finessed
207K
7:31 AM - Jun 13, 2019
41.9K people are talking about this
Twitter Ads info and privacy
ကဲဒီတော့ ဘရိုတို့လည်း အလုပ်မသွားချင်ဘဲ ပျင်းပျင်းရှိနေခဲ့ရင် PaPa Boardslide လိုပဲ ဖိုတိုရှော့ကို ဥာဏ်ပညာရှိရှိနဲ့အသုံးပြုကာ ဖလန်းနိုင်ပါပြီလို့ အကြံပေးချင်ပါတယ်နော်။
Penny
Credit \\ original


