မကတတ်တဲ့ချစ်သူ ကောင်းပြည့်နဲ့ Tik Tok မှာတူတူကခဲ့တဲ့ သန္တာဗိုလ်





ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေ သတ်မှတ်ပေးထားကြတဲ့ မင်းသား ကောင်းပြည့်နဲ့ မင်းသမီး သန္တာဗိုလ်ကိုတော့ တော်တော်များများလည်း ရင်းနှီးနေကြမှာပါ။ သန္တာဗိုလ်ကလည်း ဆွဲဆောင်မှုရှိပြီး အင်တာနေရှယ်နယ်ဆန်တဲ့ ပုံစံကြောင့် ပရိသတ်အားပေးမှုကို ရရှိထားတဲ့ မင်းသမီး တယောက်ဖြစ်သလို မင်းသားကောင်းပြည့်ကလည်း ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ် အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။


သူတို့နှစ်ယောက်ကတော့ ချစ်သူတွေ အဖြစ်တွဲနေတာ ကြာနေပြီ ဖြစ်ပြီး ပရိသတ်တွေကလည်း လက်ခံထားကြတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သူတို့စုံတွဲလေးကတော့ အမြဲတမ်းလိုလို ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို ရိုက်ပြီး တင်နေကြ ဖြစ်ပါတယ်။ ဒီတခေါက်မှာလည်း မင်းသမီး သန္တာဗိုလ်ကတော့ သူ့ရဲ့ ချစ်သူလေး ကောင်းပြည့်နဲ့ တူတူတွဲကတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။




ဗီဒီယိုလေးထဲမှာတော့ ကောင်းပြည့်က မကတတ် ကတတ်နဲ့ ချစ်သူ သန္တာဗိုလ်ကနေတာကို လိုက်ကနေတာကတော့ ချစ်စရာကောင်းပါတယ်။ သန္တာဗိုလ်ကတော့ အစကတည်းက Tik Tok Video လေးတွေကို ဆော့နေကြ ဖြစ်တာကို ပရိသတ်တွေလည်း သတိထားမိကြမှာပါ။ ဒီတခေါက်မှာတော့ သူ့ချစ်သူ ကောင်းပြည့်ကို သူ့ဗီဒီယိုလေးထဲကို ဆွဲထည့်ပြီး က နေတာ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ကြည့်ရင်းချစ်သွားအောင် တင်ဆက်ပေးလိုက်ပါတယ်။ သူတို့အတွဲကိုတော့ ကြည့်ပြီး ပရိသတ်တွေလည်း အားကျနေကြပြီမဟုတ်လား။

Recent Updates

Recent Posts Widget