လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ခြူးလေးရဲ့ ချစ်စရာ TikTok ဗီဒီယိုဖိုင်လေးတွေ
MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားခဲ့တဲ့ သူမကတော့ TikTok ဆော့ရာမှာလည်း အရမ်းကိုတော်ပြီး သရုပ်ဆောင်ကောင်းသူလေးတစ်ယောက်ပါ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး ရဲ့ TikTok ဗီဒီယိုဖိုင်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။
ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ TikTok ဗီဒီိယိုဖိုင်အသစ်တွေကို ချပြပေးလိုက်တဲ့ ခြူးလေးကတော့ ” Tiktok တွေ လွမ်းနေတယ်ဆို …. တင်မယ်နော် ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ခြူးလေးရဲ့ ချစ်စရာ TikTok ဗီဒီယိုဖိုင်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနေုာ် ပရိသတ်ကြီးရေ။
အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ခြူးလေးရဲ့ TikTok Video
အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ခြူးလေးရဲ့ TikTok Video
အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ ခြူးလေးရဲ့ TikTok Video
အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင် ရိုက်ကူးပေးနေဆဲဖြစ်တဲ့ ခြူးလေးရဲ့ သူမပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ဘာညာဘာညာ” ရုပ်ရှင်ဇာတ်ကားကြီးက မေ ၂ရက်နေ့ကစတင်ပြီး ရုံတင်ပြသပေးခဲ့ပြီးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တာ အရမ်းကိုတော်လွန်းတဲ့ ခြူးလေးရဲ့ ချစ်စရာ TikTok video file လေးတွေကိုကြည့်ရင်း ပရိသတ်တွေဘောကျလိမ့်မယ် ထင်ပါတယ်။
Single ဘဝမှာမှ ပိုပိုတိုးလှတဲ့ အလှတွေနဲ့ ရှေ့ဆက် လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးကို ပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ ခြူးလေးအတွက် ဂုဏ်ယူအားကျမိတယ်ဆိုရင် သူမရဲ့ ဗီဒီိယိုဖိုင်လေးတွေကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေးရဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။
Kay Kay
Ref : Chue Chue’s Facebook
Credit \ original




