“ရန္ကုန္မွာေနစရာမရွိလို႔ Winner ျဖစ္ခဲ့ရင္ တိုက္ခန္းဝယ္ဖို႔စိတ္ကူးခဲ့တယ္ဆိုတဲ့ Hazel😥😥”
ျမန္မာႏိုင္ငံရဲ့ နာမည္ၾကီး အစီအစဥ္တခုျဖစ္တဲ့ The Voice Myanmar ျပိဳင္ပြဲၾကီးကေတာ့ ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ေအာင္ျမင္စြာျပီးဆံုးခဲ့ျပီး ပရိသတ္ေတြရဲ့ ဆႏၵနဲ႔ ထပ္တူက်ၾကမယ္လို႔ ထင္ပါတယ္။ The Voice Myanmar Season 2 ရဲ့ Top 4 ထဲမွာ ပါဝင္လာတဲ့ Hazel တေယာက္ကလည္း ပရိသတ္အခိုင္အမာ ရရွိခဲ့ျပီး Final Show မွာေတာ့ အေကာင္းဆံုး ဆိုျပသြားတာကိုေတြ႔ရမွာပါ။ Hazel ကေတာ့ ျပိဳင္ပြဲဲျပီးသြားျပီးေနာက္ သူ႔ရဲ့ ခံစားခ်က္ေတြကို ေျပာၾကားသြား ခဲ့ပါတယ္။
Hazel ကေတာ့ 8 Day နဲ႔ အင္တာဗ်ဴးမွာေတာ့ “ျပိဳင္ပြဲျပီးသြားေတာ့ ကိုယ့္ကိုအားေပးတ့ဲရလဒ္ေလးေတြကို ေက်နပ္ပါတယ္။ ျပိဳင္ပြဲမွာေတာ့ အႏိုင္အရံႈးဆိုတာ ရွိမွာပဲေလ။ အဲ့အတြက္ေၾကာင့္ကုိယ္အႏိုင္မရလည္း အရမ္းၾကီးေတာ့ မခံစားေနရပါဘူး”
Winner ျဖစ္ခဲ့ရင္ ဘာေတြလုပ္မလဲဆိုတာ စိတ္ကူးရွိခဲ့လားဆိုတဲ့အေပၚမွာေတာ့ “အဲ့ဒါေတာ့ရွိပါတယ္။ Winner ျဖစ္ခဲ့ရင္ဆိုတဲ့ အေတြးေလးေပါ့။ မသိစိတ္ရဲ့ေလာဘေလးေပါ့။ ငါ့မွာ ရန္ကုန္မွာေနစရာမရွိေတာ့ တကယ္လို႔ ရခဲ့ရင္ ရန္ကုန္မွာ တိုက္ခန္းေလးေတာ့ရမယ္။ အဆင္ေျပသြားမယ္ေပါ့။ ဒါေပမယ့္လည္း မျဖစ္လာေတာ့လည္း Hazel ဘဝၾကီးပ်က္သြားတာ မဟုတ္ဘူးေလ။ ၾကိဳးစားလို႔ရေသးတယ္။ မႏၱေလးမွာ အိမ္ရွိတယ္။ အဲ့ေတာ့ အေမတို႔ အေဖတို႔ အိမ္မွာ ျပန္ေနတယ္။ ဒီမွာေတာ့ ရုန္းကန္လႈပ္ရွားရင္းနဲ႔ ဒီအလုပ္ကိုပဲ Hazel လုပ္သြားမွာေပါ့။ သီခ်င္းဆိုတဲ့ လိုင္းကိုပဲ ဆက္သြားမွာပါ။ ဒါပဲ လုပ္တတ္တာဆိုေတာ့။ မေအာင္ျမင္မခ်င္းေတာ့ သြားေနမွာပါ။ Hazel ရုန္းကန္ရင္းနဲ႔လည္း တိုက္ခန္းဆိုတာ ျဖစ္လာႏိုင္တာပဲေလ”
Final သီခ်င္းဆိုျပီး ပရိသတ္ေတြ ပုိအားေပးလာၾကတဲ့ အေပၚမွာေတာ့ “အဲ့လိုျဖစ္သြားတဲ့အခ်ိန္မွာ ဘာေျပာရမလဲမသိဘူး။ ဘာလုပ္ရမလဲ မသိဘူးျဖစ္ေနတာ။ သူတို႔ကိုလည္း စိတ္မဆိုးနဲ႔လို႔ ေျပာခ်င္တယ္။ ဘာလို႔လဲေတာ့မသိဘူး။ သူတို႔စိတ္ဆိုးေနတာေလးကိုပဲ ပီတိျဖစ္ေနတာ။ ငါ့ကုိေတာ္ေတာ္ေလး ခ်စ္ၾကတာေပါ့။ ဒီသီခ်င္းကလည္း အစကေတာ့ ေၾကာက္တယ္။ Hazel အသံနဲ႔လည္း မလုိက္ဘူးေပါ့။ ဒါေပမယ့္လည္း မနီက ေနာက္ကေန ပံ့ပိုးေပးတာေၾကာင့္ Hazel ၾကိဳးစားျပီးေတာ့ ဆိုလိုက္တယ္။ Hazel ဆိုတိုင္းလည္း ၾကက္သီးထတယ္။ နားေထာင္တဲ့သူလည္း အဲ့လိုျဖစ္မယ္ဆိုတာ Hazel ယံုၾကည္တယ္။ အဲ့လိုသီခ်င္းဆိုခဲ့ရလို႔ အေကာင္းဆံုး လုပ္ႏိုင္ခဲ့ျပီလို႔ ယံုၾကည္ပါတယ္။ ေဝဖန္တာေတြလည္း ရွိေတာ့ရွိတာေပါ့။ အဲ့လိုမ်ိဳးေတြၾကားထဲမွာမွ ဇာတ္သဘင္ေလာကက လူေတြပါခ်ီးက်ဳးလို႔ အရမ္းေက်နပ္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။
Credit: Can’t wait to say
Unicode Version
မြန်မာနိုင်ငံရဲ့ နာမည်ကြီး အစီအစဉ်တခုဖြစ်တဲ့ The Voice Myanmar ပြိုင်ပွဲကြီးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အောင်မြင်စွာပြီးဆုံးခဲ့ပြီး ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျကြမယ်လို့ ထင်ပါတယ်။ The Voice Myanmar Season 2 ရဲ့ Top 4 ထဲမှာ ပါဝင်လာတဲ့ Hazel တယောက်ကလည်း ပရိသတ်အခိုင်အမာ ရရှိခဲ့ပြီး Final Show မှာတော့ အကောင်းဆုံး ဆိုပြသွားတာကိုတွေ့ရမှာပါ။ Hazel ကတော့ ပြိုင်ပွဲပြီးသွားပြီးနောက် သူ့ရဲ့ ခံစားချက်တွေကို ပြောကြားသွား ခဲ့ပါတယ်။
Hazel ကတော့ 8 Day နဲ့ အင်တာဗျူးမှာတော့ “ပြိုင်ပွဲပြီးသွားတော့ ကိုယ့်ကိုအားပေးတဲ့ရလဒ်လေးတွေကို ကျေနပ်ပါတယ်။ ပြိုင်ပွဲမှာတော့ အနိုင်အရှုံးဆိုတာ ရှိမှာပဲလေ။ အဲ့အတွက်ကြောင့်ကိုယ်အနိုင်မရလည်း အရမ်းကြီးတော့ မခံစားနေရပါဘူး”
Winner ဖြစ်ခဲ့ရင် ဘာတွေလုပ်မလဲဆိုတာ စိတ်ကူးရှိခဲ့လားဆိုတဲ့အပေါ်မှာတော့ “အဲ့ဒါတော့ရှိပါတယ်။ Winner ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးလေးပေါ့။ မသိစိတ်ရဲ့လောဘလေးပေါ့။ ငါ့မှာ ရန်ကုန်မှာနေစရာမရှိတော့ တကယ်လို့ ရခဲ့ရင် ရန်ကုန်မှာ တိုက်ခန်းလေးတော့ရမယ်။ အဆင်ပြေသွားမယ်ပေါ့။ ဒါပေမယ့်လည်း မဖြစ်လာတော့လည်း Hazel ဘဝကြီးပျက်သွားတာ မဟုတ်ဘူးလေ။ ကြိုးစားလို့ရသေးတယ်။ မန္တလေးမှာ အိမ်ရှိတယ်။ အဲ့တော့ အမေတို့ အဖေတို့ အိမ်မှာ ပြန်နေတယ်။ ဒီမှာတော့ ရုန်းကန်လှုပ်ရှားရင်းနဲ့ ဒီအလုပ်ကိုပဲ Hazel လုပ်သွားမှာပေါ့။ သီချင်းဆိုတဲ့ လိုင်းကိုပဲ ဆက်သွားမှာပါ။ ဒါပဲ လုပ်တတ်တာဆိုတော့။ မအောင်မြင်မချင်းတော့ သွားနေမှာပါ။ Hazel ရုန်းကန်ရင်းနဲ့လည်း တိုက်ခန်းဆိုတာ ဖြစ်လာနိုင်တာပဲလေ”
Final သီချင်းဆိုပြီး ပရိသတ်တွေ ပိုအားပေးလာကြတဲ့ အပေါ်မှာတော့ “အဲ့လိုဖြစ်သွားတဲ့အချိန်မှာ ဘာပြောရမလဲမသိဘူး။ ဘာလုပ်ရမလဲ မသိဘူးဖြစ်နေတာ။ သူတို့ကိုလည်း စိတ်မဆိုးနဲ့လို့ ပြောချင်တယ်။ ဘာလို့လဲတော့မသိဘူး။ သူတို့စိတ်ဆိုးနေတာလေးကိုပဲ ပီတိဖြစ်နေတာ။ ငါ့ကိုတော်တော်လေး ချစ်ကြတာပေါ့။ ဒီသီချင်းကလည်း အစကတော့ ကြောက်တယ်။ Hazel အသံနဲ့လည်း မလိုက်ဘူးပေါ့။ ဒါပေမယ့်လည်း မနီက နောက်ကနေ ပံ့ပိုးပေးတာကြောင့် Hazel ကြိုးစားပြီးတော့ ဆိုလိုက်တယ်။ Hazel ဆိုတိုင်းလည်း ကြက်သီးထတယ်။ နားထောင်တဲ့သူလည်း အဲ့လိုဖြစ်မယ်ဆိုတာ Hazel ယုံကြည်တယ်။ အဲ့လိုသီချင်းဆိုခဲ့ရလို့ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်။ ဝေဖန်တာတွေလည်း ရှိတော့ရှိတာပေါ့။ အဲ့လိုမျိုးတွေကြားထဲမှာမှ ဇာတ်သဘင်လောကက လူတွေပါချီးကျုးလို့ အရမ်းကျေနပ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
Credit: Can’t wait to say




