YBS ကားမ်ားဝယ္ယူရန္ ေခ်းယူထားခဲ့သည့္ အေႂကြးမ်ားေက်ၿပီဟု ဦးၿဖိဳးမင္းသိန္းဆို




ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ YBS ဘတ္စ္ကားမ်ားဝယ္ယူရန္ ေခ်းယူထားခဲ့သည့္ အေႂကြးမ်ား ေက်သြားၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔၏ တတိယ ၁ ႏွစ္တာကာလအတြင္း ေဆာင္႐ြက္ခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ သတင္းစာရွင္းလင္းပြဲတြင္ ၎က ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါ YBS ဘတ္စ္ကားမ်ား အရင္းေက်ကာလမွာ ငါးႏွစ္ျဖစ္ၿပီး ၇၀ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း ၎က ဆိုသည္။

“ဒီအတြက္ ေနာင္ငါးႏွစ္မွာ အခုေျပးဆြဲေနတဲ့ အဝါေရာင္ကားေတြ အားလံုးက အဲဒီကုမၸဏီေတြကေန ၁၀ဝ ရာခိုင္ႏႈန္း ပိုင္ဆိုင္သြားေတာ့မွာပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ေခ်းထားတဲ့ အေႂကြးပမာဏက ေတာ္ေတာ္ကို နည္းပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ အရင္းေက်ကာလေတာင္ ေတာ္ေတာ္ကို နီးေနၿပီျဖစ္ပါတယ္။ ေနာက္ထပ္ကားေတြ ထပ္မံ ဝယ္ယူဖို႔အတြက္ ကုမၸဏီေတြက ထပ္မံ ေဆာင္႐ြက္ေနပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကားအသစ္ေတြနဲ႔ ျပည္သူေတြကို ဝန္ေဆာင္မႈေပးေနပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနပါတယ္”ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။



မ.ထ.သ စနစ္မွ YBS ယာဥ္လိုင္း ေျပးဆြဲသည့္စနစ္ကို ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီ ၁၆ ရက္ေန႔မွစတင္ကာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ၿပီး ယခုလက္ရွိတြင္ YBS ယာဥ္လိုင္းစနစ္ ေျပးဆြဲသည့္ သက္တမ္းမွာ ၂ ႏွစ္ႏွင့္ ငါးလနီးပါးခန္႔ရွိၿပီျဖစ္သည္။

ယခုအခါ ရန္ကုန္တိုင္းေဒသႀကီးတြင္ YBS ယာဥ္လိုင္း ၁၀ဝ ေက်ာ္မွ ယာဥ္လမ္းေၾကာင္း ၁၂၃ ေၾကာင္း၊ ယာဥ္အစီးေရ ၆၃၀ဝ ေက်ာ္ျဖင့္ ေျပးဆြဲလ်က္ရွိၿပီး ေန႔စဥ္ ခရီးသြားျပည္သူ ၁ ဒသမ ၈ သန္းကို ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း YRTA မွ သိရသည္။

( ယခုုေဖာ္ျပပါသတင္းကုုိ The Voice Dailiy ၏ တရား၀င္ခြင့္ျပဳခ်က္ျဖင့္ ေဖာ္ျပပါသည္ )

Cred8it  \  original
Unicode

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ YBS ဘတ်စ်ကားများဝယ်ယူရန် ချေးယူထားခဲ့သည့် အကြွေးများ ကျေသွားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ ၁ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ YBS ဘတ်စ်ကားများ အရင်းကျေကာလမှာ ငါးနှစ်ဖြစ်ပြီး ရ၀ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း ၎င်းက ဆိုသည်။

“ဒီအတွက် နောင်ငါးနှစ်မှာ အခုပြေးဆွဲနေတဲ့ အဝါရောင်ကားတွေ အားလုံးက အဲဒီကုမ္ပဏီတွေကနေ ၁၀ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သွားတော့မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ချေးထားတဲ့ အကြွေးပမာဏက တော်တော်ကို နည်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အရင်းကျေကာလတောင် တော်တော်ကို နီးနေပြီဖြစ်ပါတယ်။ နောက်ထပ်ကားတွေ ထပ်မံ ဝယ်ယူဖို့အတွက် ကုမ္ပဏီတွေက ထပ်မံ ဆောင်ရွက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားအသစ်တွေနဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးနေပါတယ်။ ဒီအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မ.ထ.သ စနစ်မှ YBS ယာဉ်လိုင်း ပြေးဆွဲသည့်စနစ်ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်နေ့မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိတွင် YBS ယာဉ်လိုင်းစနစ် ပြေးဆွဲသည့် သက်တမ်းမှာ ၂ နှစ်နှင့် ငါးလနီးပါးခန့်ရှိပြီဖြစ်သည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် YBS ယာဉ်လိုင်း ၁၀ဝ ကျော်မှ ယာဉ်လမ်းကြောင်း ၁၂၃ ကြောင်း၊ ယာဉ်အစီးရေ ၆၃၀ဝ ကျော်ဖြင့် ပြေးဆွဲလျက်ရှိပြီး နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း YRTA မှ သိရသည်။

Cred8it  \  original

Recent Updates

Recent Posts Widget