“ပုရိသ” ရုပ်ရှင်ဇာတ်ကားထဲမှာ စီနီယာ ခိုင်သင်းကြည်နဲ့ အပြိုင်သရုပ်ဆောင်ထားတဲ့ နေခြည်ဦး




Beauty blogger မလေး နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း သူမရဲ့အလှကို ယုံကြည်မှုရှိသလို မိန်းကလေးတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့လှစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလေ့ရှိသူ တစ်ဦးမို့ ချီလီလေးတွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ နေခြည်ဦးက သူမရဲ့တတိယမြောက် ရုပ်ရှင်ဖြစ်တဲ့ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်တော့မှာမို့ အားပေးကြဖို့ သူမရဲ့လူမှုကွန်ယက်မှာ ပြောထားတာ တွေ့ရပါတယ်။ “ပုရိသ” ရုပ်ရှင်ဇာတ်ကားထဲမှာ စီနီယာ ခိုင်သင်းကြည်နဲ့ အပြိုင်သရုပ်ဆောင်ထားတဲ့ နေခြည်ဦးကတော့ အနုပညာပါရမီ အပြည့်အဝပါသူတစ်ဦးပါပဲနော်။


“ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပြီး ဟာသဇာတ်ကားဆို ပိုင်တဲ့ မခိုင်လေးနဲ့ ပျော်ပျော်နေတတ်တဲ့ နေခြည်ဦးတို့ရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ပရိသတ်တွေက စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြရမှာ အသေအချာပါပဲ။



နေခြည်ဦးကတော့ “တတိယမြောက်ကား “ပုရိသ” ကတော့ ပရိသတ်တွေကြား ရယ်မောပျော်ရွှင်မှုမျိုးစုံနဲ့ ဝက်ဝက်ကွဲ ဖြစ်ဦးမှာပါ။ ၈.၈.၂၀၁၉ တဲ့ !!!!!! အရမ်းတွေကြည့်ချင်နေပါဘီနော် !!!!!” ဆိုပြီး သူမရဲ့တတိယမြောက် ရုပ်ရှင်လေးကို ရင်ခုန်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာပါ။

ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာတော့ ဝါရင့်သရုပ်ဆောင်တွေအပြင် အသစ်တွေလည်း ပါဝင်သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေလည်း သဘောကျကြမှာ အသေအချာပါပဲချစ်ပရိသတ်တွေလည်း ပရိသတ်အချစ်တော် မခိုင်လေးနဲ့ နေခြည်ဦးတို့ကို အတူတွေ့ရမယ့် “ပုရိသ” ရုပ်ရှင်ဇာတ်ကားကြီးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;ပုရိသ ရုပ်ရှင်ဇာတ်ကားကြီး

Recent Updates

Recent Posts Widget