ပဲခူးသူလေးကို ချစ်တဲ့အကြောင်းတွေ ဖွင့်ပြောလာတဲ့ ရွှေထူး
ပြည်သူချစ်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရွှေထူးဟာ အကောင်းဆုံးသော တေးသီချင်းတွေနဲ့ ပရိသတ်ကို ဖျော်ဖြေတင်ဆက်ပေးနေသူတစ်ဦးပါ။ ရွှေထူးရဲ့ သီချင်းတွေက လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး ပရိသတ်ရင်ဘတ်နဲ့ နီးစပ်တဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ ရွှေထူးကို အားပေးကြတဲ့ ပရိသတ်တွေကလဲ အမြို့မြို့အနယ်နယ်မှာ အများအပြားရှိလို့နေပါတယ်။
ဒီတစ်ခေါက်မှာတော့ ရွှေထူးက ချစ်ဇနီးလေး ရွှေမှုံရတီနဲ့ ပုံကိုတင်ရင်း “ပဲခူးသူလေးကို ချစ်တယ်” ဆိုပြီး ပြောလာပါတယ်။ အကြောင်းကတော့ သူ့ရဲ့ဇနီးလေး ရွှေမှုံရတီက ပဲခူးမြို့မှာ မွေးဖွားတဲ့ ပဲခူးသူလေး ဖြစ်လို့ပါပဲ။
အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်း ချစ်မိသွားခဲ့ကြတာမို့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို အတူပုံဖော်နေကြတာပါ။
ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ရွှေထူးကတော့ ချစ်ဇနီးလေးကို ဘယ်တော့မှ ချစ်မဝတဲ့သူတစ်ယောက်ပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ ဒီထက်မက ချစ်ရင်း ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit \\ original




