(၅) အရပ်ပိုရှည်ကြတယ်
ရည်းစားတွေအများကြီးထားပြီး ထည်လဲတွဲရတာကို ပျော်ကြပေမယ့် လက်ထပ်ဖို့၊ အိမ်ထောင်ပြုဖို့ကြောက်ကြပါတယ်။
(၇) ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ်ရင်ဆိုင်နိုင်တယ်
(၉) ဉာဏ်ကောင်းတယ်
Credit \\ original
Unicode
အောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်နိုင်ချေများတဲ့ဇူလိုင်လဖွားတွေရဲ့ ထူးခြားချက်(၁၀)ချက်
မိုးနဲ့အတူမွေးဖွားလာကြတဲ့ ဇူလိုင်လဖွားလေးတွေမှာ လူတွေမသိတဲ့ ထူးခြားချက်လေးတချို့ရှိပါတယ်။ ဒီအချက်တွေကို သူတို့ကိုယ်တိုင်သိချင်မှတောင် သိမှာပါ။
(၁) အကောင်းမြင်စိတ်ရှိသူလေးတွေ
ဇူလိုင်လမှာမွေးတဲ့သူလေးတွေဟာ အရာရာကိုအဆိုးမြင်တဲ့ဘက်ကမတွေးဘဲ အကောင်းမြင်တဲ့အတွေးရှိတတ်တဲ့သူလေးတွေပါ။ အဆိုးတွေနဲ့ကြုံလာရင် လက်မှိုင်ချပြီး
လက်လျှော့မနေဘဲ ဒါကိုလက်ခံနိုင်အောင်တွေးတတ်ပါတယ်။
(၂) အောင်မြင်ကျော်ကြားနိုင်ချေများသူတွေ
ကမ္ဘာကြီးမှာအောင်မြင်ကျော်ကြားခဲ့သူတွေရဲ့ အများစုက ဇူလိုင်လဖွားတွေဖြစ်နေပါတယ်။ တကယ်တော့ ဇူလိုင်လဖွားတွေက နက္ခတ်ပညာအရ
အောင်မြင်ကျော်ကြားနိုင်ချေများတဲ့သူတွေဖြစ်တယ်လို့ ပညာရှင်တွေကပြောခဲ့ပါတယ်။
(၃) ခံစားချက်တွေကိုထိန်းချုပ်နိုင်တယ်
စိတ်ခံစားချက်အပြောင်းအလဲ၊ အတက်အကျမြန်လွန်းတဲ့သူတွေဖြစ်ပေမယ့် ဖြစ်လာတဲ့ခံစားချက်တွေကို လူသိအောင်ပေါက်ကွဲတာမျိုးမလုပ်ဘဲ ကောင်းကောင်းထိန်းချုပ်နိုင်တဲ့သူလေးတွေဖြစ်ပါတယ်။
(၄) လေ့လာနိုင်စွမ်းကောင်းတယ်
ပညာလိုချင်စိတ်ရှိကြပြီး လေ့လာနိုင်စွမ်းအရမ်းကောင်းတယ်၊ ပညာရပ်အသစ်တွေကို သင်ယူဖို့ဘယ်တော့မှမငြီးငွေ့တတ်ကြပါဘူး။
(၅) အရပ်ပိုရှည်ကြတယ်
ဇူလိုင်လဖွားလေးတွေက ကျန်တဲ့သူတွေထက် အရပ်ပိုရှည်ကြပါတယ်တဲ့။
(၆) လက်ထပ်ဖို့သိပ်စိတ်မဝင်စားကြဘူး
ရည်းစားတွေအများကြီးထားပြီး ထည််လဲတွဲရတာကို ပျော်ကြပေမယ့် လက်ထပ်ဖို့၊ အိမ်ထောင်ပြုဖို့ကြောက်ကြပါတယ်။
(၇) ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ်ရင်ဆိုုင်နိုင်တယ်
အခက်အခဲတွေနဲ့ဘယ်လောက်ပဲကြုံကြုံ စိတ်ဓာတ်မကျ၊ လက်မလျှော့ဘဲ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုပြီး မရရအောင်ဖြေရှင်းတတ်တဲ့သူတွေပါ။
(၈) မိသားစုကိုချစ်တဲ့သူတွေ
အပျော်အပါးမက်တဲ့သူတွေဖြစ်ပေမယ့် သူတို့ရဲ့ ပထမဦးစားပေးကတော့ မိသားစုပါ။ မိသားစုအတွက် လေးလေးနက်နက်စဉ်းစားပေးတတ်ပြီး မိသားစုဝင်တွေ သိက္ခာကျအောင်ဘယ်တော့မှမလုပ်ပါဘူး။
(၉) ဉာဏ်ကောင်းတယ်
ဇူလိုင်လဖွားလေးတွေက ပြဿနာတစ်ခုကိုဘယ်လိုပြေလည်အောင်ဖြေရှင်းရမလဲဆိုတာကောင်းကောင်းသိတဲ့ ဖြတ်ထိုးဉာဏ်ကောင်းတဲ့သူတွေဖြစ်ကြပါတယ်။
ကိစ္စတစ်ခုကို ဆက်စပ်တွေးတောပြီး ပုံဖော်တဲ့နေရာမှာလည်း သူများတွေထက်သာပါတယ်။
(၁၀) အလွန်အကျူးခံစားတဲ့သူတွေ
သူတို့တွေဟာ ခံစားချက်ကိုထုတ်မပြတတ်ဘူးဆိုပေမယ့် အကြည့်တစ်ချက်၊စကားလေးတစ်ခွန်း၊ အပြုအမူလေးတစ်ခုပြောင်းလဲသွားတာကအစ သိနေတဲ့သူတွေ၊ အလွန်အကျူးခံစားတတ်တဲ့သူတွေဖြစ်ပါတယ်။
Credit \\ original



