ကျောင်းသား/ ကျောင်းသူ မိဘတွေ အထူးဂရုစိုက်သင့်သော ကျောပိုးအိတ် အလေးကြီး လွယ်တဲ့ ရလာဒ်ဆိုးကျိုး





ပုံ ပါကျောင်း သားေ လး ဟာ မူလတန်းက စလို့ ကျောင်းစာအုပ် အများအပြားကို နေ့စဉ် ကျောပိုးအိတ်အတွင်း ထည့်သယ်ယူပြီး သွားလာ ရပါတယ်။

ကြာ လာတော့ ခါးကိုင်းလာပြီး မကြာမကြာဆိုသလို သူ့ကျော ဘက် အောင့် ကြောင်း မိဘတွေကို ပြောပြပါတယ်။ ဒီအခါမှ မိဘတွေက ဆရာဝန် ပြကြည့်တော့ ကျောရိုးဆစ် လွဲနေခြင်း ဖြစ်ပြီး ချက်ချင်း ဆိုသလို ခွဲစိတ် ကုသခဲ့ရပါတယ်။





ဒါ မြန် မာ နိုင်ငံမှာ ဖြစ်ပွားခဲ့တာတော့ မဟုတ်ပါဘူး။ သို့သော် ကျွန်တော်တို့နိုင်ငံမှာလဲ ကျောင်း စာအုပ် အထူ တွေကို အများအပြား ကျောပိုးအိတ်ထဲ ထည့်လွယ်လေ့ ရှိကြ ပါတယ်။



ဒါ့ကြောင့် သားသမီးရှိသူ မိဘများ အနေနဲ့ မိမိ ကလေးငယ် စာအုပ်အများ အပြား သယ်နေရလား ဆိုတာကို သတိထား စောင့်ကြည့် ပေးစေချင်ကြောင်းအသိပေး နှိုးဆော် လိုက် ရပါတယ်။



ထို့ အတူ ကျောင်းသူကျောင်းသား မိဘများကလည်း ကိုယ့်သားသမီးအတွက် သက်သာ ချောင်ချီရေး အတွက် ကလေးတွေရဲ့  စာသင်ချိန်ဇယားကို ကြည့်ပြီး မိဘများက ကိုယ့်သားသမီးများအတွက် စနစ်တကျ စီစဉ်ပေးသင့်ပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget