ပေါ့ဆတဲ့ သူနာပြုတွေကြောင့်.. လေဖြတ်လူနာ ပါးစပ်မှာ… လောက်တွယ်တဲ့အထိ ဖြစ်ခဲ့
လေဖြတ်လူနာပါးစပ်ထဲမှ လောက်တွေ ဖွေးကနဲကျလာတဲ့အဖြစ်၊ သူနာပြုများတွင် တာဝန်ရှိ
source : The Sun
Credit \\ original
ယူနီကုဒ်ဖြင့်ဖတ်ရန်-
တောင်အာဖရိကနိုင်ငံ၊ ဆေးရုံတစ်ရုံမှာ စကားမပြောနိုင်တဲ့ လူနာတစ်ဦးရဲ့ ပါးစပ်ထဲမှာ လောက်တွေ တွယ်ကပ်နေတဲ့အဖြစ်ဟာ ဆေးရုံသူနာပြုဆရာမတွေနဲ့ အဓိကသက်ဆိုင်တယ်လို့ သတင်းမီဒိယာတွေက ဖိအားပေး ရေးသားနေကြပါတယ်။ အကြောင်းကတော့ သူတို့ ဂရုစိုက်မှု ကင်းမဲ့လို့ ဖြစ်ရတာပါ။
အဆိုပါ လူနာရဲ့အမည်မှာ Abdul Ebrahim ဖြစ်ပြီး၊ (၂၀၁၄)ခုနှစ်က လေဖြတ်ထားတဲ့လူနာမို့၊ စကားလည်း မပြောနိုင်၊ လမ်းလည်း မလျှောက်နိုင်ပါဘူး။ သူဟာ မကြာသေးခင်က ခြေထောက်ဒဏ်ရာ ထပ်ရခဲ့လို့ မိသားစုဝင်တွေက RK Khan Hospital ဆေးရုံကို ပို့ပေးခဲ့ပါတယ်။
အဲဒီဆေးရုံဟာ တောင်အာဖရိက တောင်ပိုင်းမှာတည်ရှိပြီး၊ သူ့ကို ပဋိဇီဝဆေးတစ်ချိုု့ပေးကာ ပြန်လွှတ်ခဲ့ပါတယ်။ ဒဏ်ရာဟာ မသက်သာဘဲ ပုပ်ပွလာခဲ့ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူနဲ့ သူ့ရဲမိခင်တို့ဟာ Abdul ကို စောစောကဆေးရုံထံ ပြန်ပို့ပေးခဲ့ရာ-
ခြေထောက်ကို ဖြတ်ပစ်ရမယ်ဆိုလို့ ဖြတ်တောက်လိုက်ရပါတယ်။ တကယ်ဆိုရင် မူလ ဒဏ်ရာရရှိစဉ်တုန်းက သူတို့ ဖိဖိစီးစီး ကုသခဲ့ရင် လူတစ်ယောက်ရဲ့ အဖိုးတန်ခြေထောက် ဆုံးရှုံးရမှာမဟုတ်ပါဘူး။ ဆေးရုံဟာ ဒီလောက်ပေါ့ဆရုံတင်မကသေးဘဲ၊ လူနာရဲဲ့ပါးစပ်ထဲ လောက်တည်သည်အထိ ပေါ့ဆခဲ့ပြန်ပါတယ်။
အဖိုး Abdul ကို ပြုစုဖို့ အထူးသူနာပြုတစ်ဦး ငှားမှ ပါးစပ်သွားဖုံးအတွင်းကို လောက်တည်နေတာကို သိရှိခဲ့တာပါ။ ဆိုပါ သူနာပြုက အဖိုးကို သွားတိုက်ပေးဖို့ ပြင်ဆင်စဉ်မှာ လောက်တွေက တစ်ဖွားဖွားကျလာတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ဆေးရုံသူနာပြုတွေရဲ့ တာဝန်ပျက်ကွက်မှုကို မြင်သာစေခဲ့ပါတယ်။
ဒီကိစ္စကို Abdul ရဲ့ မိသားစုဝင်တွေက လုံးဝကျေနပ်ခြင်းမရှိတော့ဘဲ၊ ခြေထောက်တစ်ချောင်း ဖြတ်ပစ်လိုက်ရတဲ့ ပေါ့ဆမှုအထိ သတင်းဌာနတွေထံမှာ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ကျန်မာရေးကောင်စီ အကြီးအကဲ Nomagugu Simelane-Zulu က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပြီး၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်မယ်လို့ ကတိပေးထားပါတယ်။
Credit \\ original
Post Comment