သ၀န်တိုတတ်တဲ့ချစ်သူမျိုးကို ပိုင်ဆိုင်ထားရင် ဒီအချက်တွေကို သင်ခံစားရမယ်
အစပိုင်းမှာတော့ သ၀န်တိုတယ်ဆိုတာ ကိုယ့်ကိုချစ်လို့ပဲလေလို့ လက်ခံလို့ရပေမယ့် နောက်ပိုင်းကျတော့ အဲဒီသ၀န်တိုတာကြီးက ပိုဆိုးလာပြီး သင်တို့ရဲ့ ဆက်ဆံရေးက အမြဲလိုလို ပြဿနာတွေပဲ ရင်ဆိုင်ရတော့မှာ။ ကဲ…သ၀န်တိုတတ်တဲ့ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရင် ဘယ်လိုအချက်တွေကို ခံစားရမယ်တဲ့လဲ။ တစ်ချက် ဖတ်ကြည့်လိုက်နော်…။
(၁)။ ကိုယ့်ကိုအမြဲမယုံမကြည်ဖြစ်တာခံရမယ်
သင် တစ်နေရာရာကိုသွားတိုင်း ဘယ်ကိုသွားတယ်၊ ဘယ်သူနဲ့သွားတယ်ဆိုတာ သူက အမြဲမေးနေတော့မှာပါ။ သင် အိမ်မှာရှိနေတယ်လို့ပြောရင်တောင် ဟုတ်ရဲ့လား၊ သေချာလို့လားဆိုတဲ့မေးခွန်းတွေက လာဦးမှာ။ တကယ်လို့ တစ်ယောက်ယောက်နဲ့ ရှိနေတယ်လို့ပြောလိုက်ရင်လည်း အဲဒီတစ်ယောက်ယောက်နဲ့ အတူရှိနေတာ ဟုတ်ရဲ့လားလို့ စစ်ဆေးနေဦးမှာပါ။ အကြောင်းရင်းကတော့ သူ့ရဲ့သ၀န်တိုစိတ်ကြောင့်ပါပဲ။ သူမပါတဲ့အချိန် တခြားတစ်ယောက်ယောက်နဲ့ရှိနေမလား ဆိုတဲ့အတွေးက သူ့ရဲ့သ၀န်တိုစိတ်ကို နှိုးဆွပေးနေမှာဖြစ်ပြီး သင့်ကို အမြဲမယုံမကြည်ဖြစ်နေတာကို ခံစားရပါလိမ့်မယ်။

Makistock/Shutterstock
(၂)။ မကြာခဏ စကားများနေရမယ်
သူ့ရဲ့သ၀န်တိုစိတ်တွေကြောင့် သင်နဲ့ မကြာခဏ ပြဿနာဖြစ်မယ်ဆိုတာ တွေးကြည့်ဖို့တောင်လိုမယ်မထင်ပါဘူး။ သ၀န်တိုစိတ်ဆိုတာ အချိန်ကြာလာလေလေ ကြီးထွားလာလေလေ ဆိုတာမျိုးလေ။ ဒီတော့ ချစ်သူဖြစ်ကာစနှစ်တွေမှာ သင်သူ့ကို သည်းခံနိုင်ကောင်း သည်းခံနိုင်မှာဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ စကားများ၊ရန်ဖြစ်တာတွေပဲ ကြုံရတော့မှာပါ။ သ၀န်တိုစိတ်က သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပျော်စရာမကောင်းတဲ့ ဆက်ဆံရေးအဖြစ် ပြောင်းလည်းပစ်လိုက်ပါလိမ့်မယ်။
eldar nurkovic/Shutterstock
(၃)။ သင့်ပတ်ဝန်းကျင်ကလူတွေနဲ့ မျက်နှာပျက်ရမယ်
သေချာတာပေါ့။ သင်ဘယ်သူနဲ့ရှိနေတယ်၊ ဘယ်တွေသွားနေတယ်ဆိုတာ သင့်ပတ်ဝန်းကျင်က လူတွေကို စုံစမ်းလိမ့်မယ်။ သင့်ရဲ့သူငယ်ချင်းပဲဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် သူ့ထက်ပိုပြီးအချိန်ပေးနေတယ်လို့ ထင်မိတာနဲ့တပြိုင်နက်တည်း သူ့ရဲ့သ၀န်တိုမှုက စတင်တော့မှာပါ။ ဒီတော့ သင့်အနေနဲ့ အပေါင်းအသင်းတွေကြားမှာ မျက်နှာပျက်ရဖို့ (၉၀)ရာခိုင်နှုန်းလောက် သေချာနေပါပြီ။
(၄)။ သူ့အပေါ်ခံစားချက်တွေပြောင်းလဲလာမယ်
အရမ်းကို သ၀န်တိုတတ်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရင် သင်ဘယ်လောက်ကြာကြာ တွဲနိုင်မယ်ဆိုတာ တကယ့်ကို ခန့်မှန်းရခက်ပါတယ်။ သင်က သည်းခံတတ်တဲ့လူတစ်ယောက် ဆိုရင်တောင် သ၀န်တိုတတ်တဲ့ချစ်သူတစ်ယောက်ကို တစ်နှစ်ကျော်လောက်အထိ တွဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူ့အပေါ်ခံစားချက်တွေပြောင်းလဲလာမယ်၊ သူ့ကိုချစ်သေးလား၊မချစ်တော့ဘူးလားဆိုတာ မသေချာတော့တဲ့အထိ ဖြစ်လာမယ်။ နောက်ဆုံးမှာ နောက်တစ်ယောက်ရှာဖို့ကိုတောင် သင် စဉ်းစားလာပါလိမ့်မယ်။
fizkes/Shutterstock
Credit \\ original



