တောင်ခိုးများ၊ မိုးစက်ပွင့်များ ကြားထဲမှ ကျိုက်ထီးရိုးစေတီတော်




တောင်တော်အပ်ပွဲကျင်းပပြီးဖြစ်သော်လည်း ကျိုက်ထီးရိုးစေတီတော်သို့ လာရောက်ဖူးမြော်သူများက ရှိနေကြဆဲ ဖြစ်သည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အတွင်းက ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မှာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၃၆၁၅ ပေ တွင် ရှိပြီး နိုင်ငံတွင် ဘုရားပွဲကာလအရှည်လျားဆုံးကျင်းပသည့် စေတီတော်တစ်ဆူဖြစ်သည်။


ယခုအခါတွင် ဘုရားပွဲကာလ ပြီးဆုံးကာ ဒေသအခေါ် တောင်တော်အပ်ပွဲပြုလုပ်ပြီးဖြစ်သည်။ ဆိုင်ခန်းအများစု ပိတ်ထားသော်လည်း စားသောက်ဆိုင်ခန်းအချို့၊တည်းခိုခန်းများ ဖွင့်ထားသည်။



ဘုရားပွဲကာလထက် တည်းခိုစရိတ်၊စားသောက်စရိတ် အစစအရာရာ ပို သက်သာမှုလည်း ရှိသည်ကို တွေ့ရသည်။ မိုးတွင်းကာလ ဖြစ်၍ ရန်ကုန်မှ ကင်မွန်းစခန်းသို့ တိုက်ရိုက်ကားများ ပြေးဆွဲမှု ယခင်ကထက် အလွန်နည်းသွားပြီး မော်တော်ကားအနည်းငယ်သာရှိသည်။



အများစုက ကျိုက်ထိုကို အရင်သွားကာ ထိုမှ တဆင့် ကင်ပွန်း စခန်းသို့ သွားကြသည်။ အချို့ကလည်းကင်ပွန်း စခန်းသို့ တိုက်ရိုက်ကား လက်မှတ်ဖြတ်လိုက်သည့် အတွက် ယာဉ်ငယ်လေးများဖြင့် ပို့ဆောင်ပေးသည့် ယာဉ်လိုင်းများရှိ၍ အဆင်ပြေသည်ဟု ပြောကြသည်။



မိုးတွင်းကာလဖြစ်သောကြောင့် တောင်တက်ကားများက အန္တရာယ်ကင်းစေရန် အတွက် မြန်နှုန်းလျှော့ကာမောင်းပေးကြသည်။ တောင်ခိုးများ၊ မိုးစက်ပွင့်များ ကြားထဲဖြတ်သန်းသွားလာရသည့် ခရီးသွားအတွေ့အကြုံသစ်ကို ခံစားလိုသည့် အတွက် လာကြသည်ဟု ခရီးသွားဧည့်သည်များက ပြောကြသည်။

Credit  \\  original

Recent Updates

Recent Posts Widget