Credit \\ original
Unicode
၆၆ (ဃ) ဖြင့် အမှုဖွင့်ခံရ၍ သက္ကမိုးညိုကို ရဲတပ်ဖွဲ့ ခေါ်ယူစစ်ဆေးနေ
Wisdom Hill ကျောင်းတွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်ခံရသူ အသက် ၂ နှစ် ၁၁ လအရွယ် မူကြိုကျောင်းသူ ကလေးငယ် ဗစ်တိုးရီးယား အမှုအား
အစဉ်တစိုက် ရေးသားဖော်ပြပေးနေသည့် အကောင့်ပိုင်ရှင် သက္ကမိုးညို ကိုဝင်းကိုကိုသိန်းကို Wisdom Hill ကျောင်းမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်
အမှုဖွင့်လိုက်၍ နေပြည်တော် အမှတ် ၁ ရဲတပ်ဖွဲ့စခန်းက ယနေ့နံနက်တွင် ခေါ်ယူစစ်ဆေးနေသည်ဟု ကနဦး သတင်းရရှိထားသည်။
ဗစ်တိုးရီးယားလေးအမှုမှာ တစ်လကျော်ကြာမြင် ့နေသည့်တိုင်အောင် တရားခံမပေါ်သေးပဲ ရဲတပ်ဖွဲ့မှ ဒရိုင်ဘာအောင်ကြီးအား တရားခံအဖြစ ်
စွပ်စွဲကာ တရားစွဲဆို ထားတာဖြစ်ပါတယ်။ BBC ဆီရောက်ရှိလာသော CCTV မှတ်တမ်းအရ တရားခံအောင်ကြီးမဖြစ်နိုင်ဖို့ ရာခိုင်နှုန်းများနေတယ်လို့လည်း
လူမှုကွန်ယက် စာမျက်နှာများတွင် ဝိုင်းဝန်းရေးသားနေကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး ၆၆ ဃ ဖြင့်တရားစွဲဆိုခံထားရသော သက္ကမိုးညိုနှင့် ပတ်သတ်ပြီး သတင်းများထပ်မံရရှိပါက ဖော်ပြပေးပါသွားပါမည်.
Credit \\ original




